သာသနာရေးဝန်ကြီးရဲ့ မဆင်မခြင် ပြောဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ တုံ့ပြန်

in #bangladesh6 years ago


ရိုရတီ
ရိုဟင်ဂျာဗီးရှင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း နေထိုင်တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး မြန်မာသာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ နှိမ့်ချဝေဖန် ပြောဆိုမှုအတွက် ဘင်္ဂလားဒေ့ရှ်ဖက်မှ ပြင်းထန်စွာ ကန့်ကွက်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဧ။် ရေကြောင်းရေးရာ အတွင်းဝန်၊ ရေတပ်ဗိုလ်ချုပ်ကြီး(ငြိမ်း) Khurshed Alam က မြန်မာဝန်ကြီးတစ်ယောက်ရဲ့ ခွဲခြားဆက်ဆံမှုမြောက် တာဝန်မဲ့တဲ့ဖွင့်ဟချက် အပေါ်မကျေနပ်ကြောင်း မြန်မာနိုင်ငံသံအမတ် ဦးလွင်ဦးကို ဆင့်ခေါ်အသိပေးထားပါတယ်။

“သာသနာရေး ၀န်ကြီးရဲ့ ဝေဖန်ပြောဆိုမှုအပေါ် ကျွန်တော်တို့ ခါးသီးပြင်းထန်စွာ မကျေနပ်ကြောင်းကို မြန်မာသံအမတ် သိစေရန်နှင့် ယခုပြောဆိုလိုက်တဲ့စကားလုံးတွေဟာ အထူးသဖြင့် ရိုဟင်ဂျာများကို ပြန်လည်နေရာချထားရေး အပြင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းသံတမန်က Dhaka Tribune ကို ပြောဆိုခဲ့တဲ့အပြင် “ဟုတ်တယ်၊ သုံးနှုန်းသွားတဲ့စကားလုံးတွေဟာ အရမ်းကို ပြင်းထန်လွန်းတယ်”လို့လည်း ထပ်မံပြောကြားလိုက်ပါတယ်။

“ရိုဟင်ဂျာလူမျိုးစု တစ်ရပ်လုံး အကြပ်တည်းနဲ့ ခံစားနေရချိန်မှာ ကျွန်တော်တို့က ဘာသာရေး အကြောင်းခံ အဖြစ်နဲ့ တစ်ခါမှ မသတ်မှတ်ဖူးပါဘူး။ သူတို့ ဘာကြောင့် ဘာသာရေး ပြသနာ ဖန်တီးချင်ရတာလဲ? ကျွန်တော့ အနေနဲ့တော့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် မြန်မာနိုင်ငံရဲ့ ဟန့်တားမှုနည်းလမ်း တစ်ခုပဲလို့ ယူဆပါတယ်”လို့ သံတမန်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့က ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံက လူတွေဖြစ်ကြောင်းကို ပြောဆိုချိန်မှာ မြန်မာဘက်ကလက်ခံခဲ့ပြီး မြန်မာသံတမန်နဲ့ လက်ခံစာချုပ် ချုပ်ဆိုထားခဲ့ပါတယ်”လို့လည်းပြောကြားခဲ့ပါတယ်။

“ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ အခွင့်ရေး၊ သူတို့ရဲ့နေအိမ်တွေနဲ့ အတူ နိုင်ငံသားအဖြစ်လက်ခံပေးဖို့ ကျွန်တော်တို့ သတိပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံထက် များစွာသာယာဝပြောတဲ့ နိုင်ငံဖြစ်တဲ့အတွက် ရိုဟင်ဂျာတွေအားလုံး ကောက်ကာငင်ကာ ပြန်ချိန်မှာ မည်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှ မြန်မာနိုင်ငံကို သွားရောက် အခြေချဖို့ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ မည်သည့် ရိုဟင်ဂျာမှ အစွန်းရောက် ဖြစ်သွားတာမရှိပါဘူး” လို့ပြောဆိုခဲ့ပါတယ်။

မြန်မာသာသနာရေး ၀န်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံကို ချီတက်ဖို့ ဦးနှောက်ကျင်းခံရထားကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်မလွှတ်ကြောင်းကို ပြောဆိုခဲ့တဲ့အပြင် အစ္စလာမ်ဘာသာ ကိုလည်း အစွန်းရောက် ဘာသာအဖြစ် စွပ်စွဲပြောဆိုခဲ့ပါတယ်။

သာသနာရေးဝန်ကြီးတစ်ယောက် အနေနဲ့ ခုလိုအသုံးနှုန်းတွေ သုံးလိုက်ခြင်းဟာ ကွဲပြားခြားနားတဲ့ ဘာသာဝင်တွေအကြား အမုန်းတရားကို ရိုက်သွင်းပေးလိုက်တာ ဖြစ်သလို အင်အားနည်း ရိုဟင်ဂျာလူမျိုးစုတွေကို မလိုလားကြောင်းကိုလည်း ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဦးအောင်ကိုရဲ့ နှုတ်ထွက်စကားဟာ ဗုဒ္ဓဘာသာရဲ့အဆုံးမနဲ့ ညီသလား ပြည်သူတွေရဲ့ စိတ်ဓာတ်ကို အစွန်းရောက် မဖြစ်ဖြစ်အောင် သူကိုယ်တိုင် ဦးနှောက်ကျင်းပေး နေသလား ဆိုတာတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%9e%e1%80%ac%e1%80%9e%e1%80%94%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%81%80%e1%80%94%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%86%e1%80%84%e1%80%b9/

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63004.58
ETH 2548.62
USDT 1.00
SBD 2.81