Asus Zenfone 5z

in #asus6 years ago (edited)

Snapdragon 845, Dual Camera များပါတဲ့ Asus Zenfone 5z ကို ရောင်းပြီ”

Asus က ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ Zenfone 5z ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ယခုလ ၁၅ ရက်နေ့က စတင် ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းမှာ ယူရို ၄၇၉ ရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Asus Zenfone 5z ဟာ Asus ရဲ့ ထိပ်တန်း Flagship အမျိုးအစား ဖုန်းတစ်ခုဖြစ်ပြီး၊ ကြီးမားတဲ့ 6.2" Display ပါဝင်ပါတယ်။ ဒါ့အပြင် RAM နဲ့ Storage ကို မြင့်မားစွာရွေးချယ်ခွင့်ရှိပြီး RAM 8GB, Storage 256GB ထိ အမြင့်ဆုံးရွေး ချယ်နိုင်ပါတယ်။ Qualcomm ရဲ့ အကောင်းဆုံး Snapdragon 845 Octa-core processor ကိုလည်း သုံးစွဲထားပါတယ်။ Li-Ion 3300mAh ဘက်ထရီကိုသုံးထားပြီး Wi-Fi 802.11 a/b/g/n/ac နဲ့ Bluetooth 5.0 တို့ ပါဝင်ပါတယ်။ အသံ အရည်အသွေး ကောင်းမွန်စေဖို့ Dual Speaker ကိုထည့်သွင်းပေးထားပါတယ်။

Asus Zenfone 5z ဟာ 153 × 75.7 × 7.9 mm အရွယ်အစားရှိကာ 155 g လေးပါတယ်။ Fingerprint Sensor ကိုကျောဘက်မှာတွေ့ရကာ Midnight Blue, Meteor Silver ဆိုပြီး အရောင် ၂ မျိုး ရနိုင်ပါတယ်။ ၆.၂လက်မ Display ဟာ 1080 × 2246 pixels Resolution ရှိပြီး 18.5:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ ၈၃.၆% ရှိပါတယ်။ Pixel Density 402 ppi ရှိပါတယ်။

Snapdragon 845 Octa Core Processor ကိုသုံးထားပြီး 2.7 GHz မြန်နှုန်းရှိ Kryo 385 Gold Core 4 ခု နဲ့ 1.7GHz Kryo 385 Silver အမျိုးအစား core ၄ ခု ကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 630 ဖြစ်ပါတယ်။ ဒီဖုန်းမှာ စွမ်းဆောင်ရည်အတွက် RAM 4/6/8GB ထိပါဝင်ပြီး storage ကတော့ 256GB/128GB/64GB အသီးသီးပါဝင်တယ်။ အဓိက ကင်မရာ ဟာ Dual 12MP+8MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့မှာ ပါဝင်ပါတယ်။ Android 8.0 Oreo ကို သုံးထားပါတယ်။35270208_868086726703398_3844108060494659584_n.jpg

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99