မိုးကုတ်သို့ နိုင်ငံခြားသားများ

in #artzone6 years ago

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီး သွားဧည့်သည်များ လွတ်လပ်စွာ သွားရောက်လည်ပတ်ခွင့်ရှိရေး ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုပေးမည်ဟု မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်ကပြောသည်။ ‘‘မိုးကုတ်ကို လွတ်လွတ်လပ် လပ် သွားရောက်လည်ပတ်ခွင့်ရ ဖို့အတွက် ပြည်ထောင်စုအဆင့် အထိ တောင်းဆိုသွားပါမယ်။
image
နိုင်ငံခြားသားတွေ လွတ်လွတ်လပ် လပ် သွားရောက်လည်ပတ်ခွင့်ရ ပြီဆိုရင် ဒီဒေသဟာဖွံ့ဖြိုးလာမှာ ပါ’’ ဟု ဒေါက်တာဇော်မြင့်မောင် က မိုးကုတ်မြို့တည် နှစ်(၈၀၀) ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနား တွင် ပြောသည်။ လက်ရှိတွင် မိုးကုတ်မြို့ကို နိုင်ငံခြားသားများ သွားရောက် လည်ပတ်ခွင့်မရှိသော ဒေသအ ဖြစ် ပြည်ထောင်စုအစိုးရက သတ် မှတ်ထားသည်။ မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်မှု သည် မန္တလေးတိုင်းဒေသကြီးနှင့် သက်ဆိုင်သည့်အတွက် မိုးကုတ် မြို့သို့ နိုင်ငံခြားသားများ အမြဲတမ်း သွား လာလည်ပတ်ခွင့်ရစေရန် တောင်းဆိုပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက် ခြင်းဟာ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့လည်း သက် ဆိုင်ပါတယ်။ အဲဒီလိုဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် နိုင်ငံတကာ ခရီး သွားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ လိုအပ်တဲ့ အ တွက် မန္တလေးကို ရောက်တာနဲ့ မိုးကုတ်ဆိုတာသွားရောက်လည် ပတ်သင့်တဲ့ နေရာတစ်ခုဖြစ် အောင် တိုင်းအစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြော သည်။ မိုးကုတ်မြို့တည် နှစ် (၈၀၀) ပြည့်ပွဲတော်သို့ ခွင့်ပြုချက် တောင်းခံကာ လာရောက်လည် ပတ်သည့် နိုင်ငံခြားသားခရီးသွား ၁၇၀ ဦး ရှိခဲ့သည်။ လက်ရှိတွင် အမြဲတမ်း လည်ပတ်ခွင့်မရှိသေး သော်လည်း ပွဲတော်ကာလအ တွင်း နိုင်ငံခြားသားများအား ဝန် ဆောင်မှုပေးနိုင်ရန် မိုးကုတ်မြို့ တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲတစ် ခုကို ဦးစီးမှူးတစ်ဦးနှင့် အငယ် တန်းဝန်ထမ်း သုံးဦးခန့်ထား၍ဖွင့် လှစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဒုညွှန် ကြားရေးမှူး ဦးအောင်ခိုင်သန်းက ပြောသည်။

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60268.51
ETH 3201.96
USDT 1.00
SBD 2.43