ဖတ်ကောင်းတယ်

in #artzone6 years ago

၁။ ပြီးခဲ့တဲ့  တစ်နှစ် နှစ်နှစ်အတွင်း ကိုယ့်ကိုယ်ကို ကတိပြုမိခဲ့တဲ့ အရာတွေထဲမှာ အွန်လိုင်းမှာ စာရေးတာတွေ လျော့မယ် ။ စာတွေပိုဖတ်မယ် ။ ခရီးတွေ ပိုထွက်မယ် ။ ကိုယ်နဲ့  အကျွမ်းတ၀င်မရှိသော ဘ၀တွေနဲ့  စကားတွေ အများကြီးပြောကြည့်မယ် ။ တောတောင်ရေမြေတွေ သဘာဝတရားတွေနဲ့  ပိုပြီးနီးနီးစပ်စပ်နေကြည့်မယ်ဆိုတဲ့  ကိစ္စတွေပါပါတယ် ။

တစ်ခါ ဘယ်သူ့ ဘယ်သူမှ မပြောဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ကြိတ်ကတိပေးခဲ့တဲ့  နောက်ထပ်ကိစ္စတစ်ခုကတော့ ၀က်လိုဖြစ်စပြုနေပြီဖြစ်တဲ့  ကိုယ့်ခန္တာကိုယ်ပုံစံကို သင့်တင့်လျောက်ပတ်တဲ့ အနေအထားမျိုးရောက်သည်အထိ ပြန်လည်လုပ်ဆောင်ဖို့ ပါပဲ :/ :/ :/


၂။ ကိုယ်တွေအရပ်ဟာ ငါးပေကိုးလက်မ အနည်းငယ်စွန်းပါတယ် တစ်ဆယ်လဲ မပြည့်ချင်ပါဘူး ။ ကျောင်းဆင်းခါစ အသက် ၂၀ကျော်မှာ ကိုယ်အလေးချိန် ၁၂၄ပေါင်ဝန်းကျင် ပိန်ပိန်ရှည်ရှည် ။ ဘယ်လောက်စားစား ၀လဲ မလာဘူး ပေါင်ချိန်ကလဲ တိုးမလာပါဘူး ။ ပင်လဲပင်ပန်းတာကိုး ။

အသက် ၂၅ နဲ့  ၂၈ ကြားမှာတော့ ပေါင်ချိန်ဟာ ၁၃၀ ၀န်းကျင်မှာ ပြေးနေတယ် ။ နည်းနည်းကျော်သွားလိုက် ပြန်ကျသွားလိုက် ။ ဒီလိုနဲ့  ၃၀ နဲ့  ၃၂ ကြားမှာ ဆယ်ပေါင်လောက် ထပ်တက်ပါတယ် ၁၄၀ ၀န်းကျင် ။ ဗိုက်ကတော့ မထွက်သေး သို့ သော် အဆီလေးတွေတော့ တက်စပြုလာပြီ ။

တကယ် ၀ိတ်စတက်တာက အသက် ၃၃ လောက်မှာစပါတယ် ။ ဆယ်ပေါင်လောက် ထပ်တက်တယ် ။ ဖြည်းဖြည်းချင်း မသိမသာတက်သွားတာ ။ ပေါင် ၁၅၀ လောက်ပေါ့ ။ ဒါပေမယ့် အရပ်က နည်းနည်းရှည်တော့ ၀စပြုတာ သိပ်မသိသာပါဘူး ။ ပြည့်ပြည့်ဖြိုးဖြိုး ပုံစံပေါ့လေ :D


၃။ သို့ သော် အဲဒီ ပြည့်ပြည့်ဖြိုးဖြိုးပုံစံဟာ သိပ်ကြာကြာမခံ ။ ၃၄နှစ်လောက်ကစပြီး တစ်လကို တစ်ပေါင်နူန်းလောက် တစ်နှစ်ကို ဆယ်ပေါင်နူန်းလောက်နဲ့ ပုံမှန်တက်သွားတာ ၃၇လောက်အရောက်မှာ ကိုယ့်ကိုယ်ကိုယ် ဘလက်ပစ် ၀က်မဲလို့ ပြန်သမုတ်ရတဲ့  အနေအထားကို ရောက်လာခဲ့တယ် 😏😏😏

မှတ်မှတ်ရရ ၂၀၁၅ သင်္ကြန်မှာ ကိုယ်တွေဟာ ပေါင်ချိန် ၂၁၀ 😭😭😭

တစ်ဆက်တည်းမှာပဲ အလွန်အကျွံ ၀လာခြင်းရဲ့  ဘေးထွက်ဆိုးကျိုးဖြစ်တဲ့  ဒူးနာတာ ၊ ခါးနာတာ ၊ ဇက်ကြောတက်တာ ၊ အထိုင်အထခက်တာ ၊ ခန္တာကိုယ်ကြီးက လေးလံထိုင်းမှိုင်းနေတာ ဒီလိုမျိုးတွေ ဖြစ်လာခဲ့တယ် ။


၎။ ကိုယ်တွေ ၀ိတ်ချဖို့ ပြင်ချိန်မှာ ၀ိတ်ချတာနဲ့  ပတ်သက်တဲ့ စာများစွာကို အရင်ဖတ်ကြည့်ပါတယ် ။ ၀ိတ်ချနေသူတွေရဲ့  အတွေ့ အကြုံတွေ ၊ Gym ကစားနေတယ်ဆိုသူတွေ ရေးတဲ့ စာတွေ ၊ ၀ိတ်တက်ရခြင်းရဲ့  အကြောင်းတရားတွေ ဆရာဝန်တွေရဲ့  မှတ်ချက်တွေ ဒါတွေအားလုံး စုံပလုံစိနေအောင် လေ့လာကြည့်ပါတယ် ။

အဲဒီမှာ ကိုယ်တွေ ဘာကို သွားသဘောပေါက်လဲဆိုတော့ ၀ိတ်တက်လာတာရဲ့  အခြေခံအကြောင်းဟာ ခန္တာကိုယ်က လိုတဲ့  ကယ်လိုရီထက် ပိုထည့်လျှင် ၀ိတ်တက်ပြီး လျော့ထည့်လျှင် ၀ိတ်ကျတယ်ဆိုတဲ့  ရိုးရှင်းလှသော အခြေခံအချက်ကိုပါပဲ ။


၅။ ၀ိတ်တက်ခြင်း ကျခြင်းရဲ့  အခြေခံအချက်ကို လက်ခံနိုင်လာတဲ့ အခါမှာ ငါဘယ်လို ဒီဝိတ်ကို ချမလဲလို့  ဆက်စဉ်းစားကြည့်ပါတယ် ။ တစ်ယောက်နဲ့  တစ်ယောက် ၀ိတ်ချပုံ မတူကြပါဘူး။ ၀ိတ်ချတဲ့ သူတွေ အဖြစ်အများဆုံးကိစ္စက ၀ိတ်ကျပြီး တစ်လနှစ်လအကြာမှာ ရှိရင်းစွဲဝိတ်ထက် ပြန်တက်လာတာပါပဲ ။

လေ့ကျင့်ခန်းလုပ်သူကလဲ ရေရှည်မလုပ်နိုင် ၊ အစားလျော့သူကလဲ ရေရှည်မလျော့နိုင် ၊ အဲဒီမှာ ကိုယ်မလုပ်နိုင်တဲ့ အရာတွေကို အတင်းလုပ်ပြီး တကယ်မလုပ်နိုင်လို့ ရပ်လိုက်ချိန်မှာ ၀ိတ်က တန်းပြီးပြန်တက်လာတာပဲဆိုတာကိုလဲ သတိသွားထားမိပါတယ် ။

ဒါဟာ ကိုယ်တွေ ၀ိတ်ဘယ်လိုချမလဲဆိုတာရဲ့  အဖြေပါပဲ ။


၆။ ကိုယ်တွေကတော့ ကိုယ်ရေရှည်မလုပ်နိုင်ဘူးထင်တဲ့ အရာ ဘာတစ်ခုမှ မလုပ်ပါဘူး :D :D :D

GYM လုံးဝ သွားမဆော့ပါဘူး မှန်မှန်မဆော့နိုင်လို့ ပါ ။ အစားလဲ အလွန်အမင်း မလျော့ပါဘူး ။ လျော့လျှင် ပြန်စားမိမှာ ကိုယ့်ကိုယ်ကို အသိဆုံးပါ :P

ဒါဆို မင်းက ဘယ်လို ၀ိတ်ချတာလဲ မေးစရာပေါ်လာပါပြီ ။ ဟုတ်ကဲ့  ကျော်က ကယ်လိုရီများများကုန်စေမယ့် နေထိုင်မှု ပုံစံကို စပြောင်းကြည့်တာပါ ။

ပထမဆုံး တစ်နေ့ ကို ခြေလှမ်းတစ်သောင်း လျှောက်နိုင်အောင် ကြိုးစားပါတယ် ။ Counter ပါတဲ့  နာရီလေးတစ်ခု လက်မှာအမြဲပတ်ထားပါတယ် ။ မနက်ထလျှောက်တာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့  ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေမှုထဲမှာကိုပဲ ခြေလှမ်းများများ လျှောက်ဖြစ်အောင် ကြိုးစားတာပါ ။


၇။ ဥပမာဆိုရလျှင် အရင်က တစ်ပတ်စာဈေးဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါတယ် ။ ပြီးမှ ထုတ်ပြီး ချက်စားပါတယ် ။ ခြေလှမ်းတစ်သောင်းလျှောက်မယ် ဆုံးဖြတ်ပြီးနောက်ပိုင်း နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ဈေးသွားပါတယ် ။ နောက်ပိုင်းမှာ နေ့ စဉ်သွားပါတယ် ။ မနက်စောစော ဈေးတစ်ပတ်ပတ်တာဟာ အနည်းဆုံးခြေလှမ်း နှစ်ထောင်လောက် လမ်းလျှောက်ပြီး ဖြစ်ပါတယ် ။

မြို့ ထဲကို သွားစရာကိစ္စရှိလျှင် ကားကို ခပ်ဝေးဝေး ပတ်ကင်ချောင်တဲ့ နေရာမှာရပ်ပါတယ် ။ ပြီးမှ လမ်းလျှောက်သွားပါတယ် ။ အဲဒါကလဲ အသွားအပြန်ဆို ခြေလှမ်း နှစ်ထောင်သုံးထောင် အသာလေးပါပဲ ။

နောက်ပိုင်း အကျင့်ဖြစ်သွားချိန်ကျတော့ ခြေလှမ်း တစ်သောင်းက အလွယ်တကူပြည့်ပါတယ် ။ ဒါနဲ့  တစ်သောင်းခွဲကို ဆက်တိုးပါတယ် ။ လက်ရှိလဲ တစ်သောင်းခွဲပဲ လျှောက်ပါတယ် ။ လက်မှာလဲ ကောင်တာပတ်စရာမလိုပါဘူး ။ အကျင့်ဖြစ်လာတော့ လမ်းလျှောက်တာနည်းနေလျှင် ကွကိုယ်ချက်ချင်းသိပါတယ် ။ ဒါက ကိုယ်လက်လှုပ်ရှားပြီး ကယ်လိုရီကို သုံးဖို့ ကြိုးစားတာပါ ။


၇။ ဗိုက်ရွဲတာအတွက်တော့ ဗယ်လီသီးသန့်  ရိုက်ပါတယ် ။ ရယ်ရပါတယ် ။ ကျွန်တော် ဘယ်လီ ငါးဆယ်ပဲ ရိုက်ပါတယ် :D ။ တစ်ရာရိုက်တယ်ဆိုတာ အတော်ရှားပါတယ် ။ တစ်ရာရိုက်လျှင်တောင် မနက်၅၀ ည ငါးဆယ်ခွဲရိုက်ပါတယ် ။

ဗယ်လီက အရမ်းကြီးလဲ ပုံမှန် မရိုက်ဖြစ်ပါဘူး ။ ပျက်တဲ့ ရက်လဲ ပျက်ပါတယ် ။ တစ်ပတ်မှာ လေးရက်လောက်ပဲ ရိုက်ဖြစ်လေ့ရှိပါတယ် ။ ဒါပေမယ့် အလုပ်တော့ ဖြစ်ပါတယ် :D


၈။ ကယ်လိုရီသုံးပြီးလျှင် ကယ်လိုရီကို သိပ်များများ မ၀င်အောင် ဘာလုပ်ရမလဲ စဉ်းစားတော့ ပထမဆုံး အချိုမုန့် တွေ ပြေးမြင်ပါတယ် ။ အသက်လဲ လေးဆယ်ကျော်ပြီမို့  ဆီးချိုဖြစ်နိုင်ချေကိုလဲ စဉ်းစားကြည့်တော့ မလိုင်မုန့်  ၊ ချော့ကလက်တွေ မစားပဲ နေကြည့်ပါတယ် ။

ပထမတော့ နည်းနည်းခက်ပေမယ့် နောက်ပိုင်း အိုကေပါတယ် ။ အချိုရည်ဗူးတွေ သောက်တာကိုပါ လျော့ကြည့်ပါတယ် ။ တစ်ချက်တစ်ချက် သောက်နေမိသေးပေမယ့် တစ်ပတ်လုံးမှ တစ်ဗူး နှစ်ဗူးထက် မပိုတော့ပါဘူး ။

ဒုတိယ ထပ်လျော့တာက ဆီစားတာကို ထပ်လျော့ကြည့်တာပါ ။ ဟင်းတွေကို ဆီလျော့ထည့်ချက်ပါတယ် ။ ပါလေကာပါပဲ ။ ဟင်းချို နဲ့  အသားပြုတ်ကြော်လိုမျိုးကို အဓိကထားစားပြီး အနှစ်နဲ့  နယ်စားရတဲ့  ဟင်းတွေကို တဖြည်းဖြည်း လျော့ကြည့်ပါတယ် ။ ဒါလဲအိုကေပါတယ် ။ ကိုယ်တွေကိုယ်တိုင်က နဂို ဆီပြန်ဟင်းတွေ သိပ်မစားဖြစ်တာလဲ ပါမှာပေါ့လေ ။


၉။ နောက်ဆုံးတစ်ခုကတော့ အခက်ဆုံးပါပဲ ။ ထမင်းလျော့တာပါ ။ ပထမတော့ စားနေကြထမင်းကို နှစ်လုပ်သုံးလုပ်စာလောက် လျော့စားကြည့်ပါတယ် ။ အဲဒါအိုကေပြီ အကျင့်ဖြစ်ပြီဆိုမှ ပန်းကန်လုံးတစ်လုံးစာလျော့ပါတယ် ။ နောက်ပိုင်း စားနေကြရဲ့  တစ်ဝက်လောက်အထိ လျော့နိုင်သွားပါတယ် ။ဗိုက်ကလဲ အကျင့်ဖြစ်သွားပြီမို့ မဆာတော့ပါဘူး ။

တစ်ချို့ ဝိတ်လျော့သူတွေက ညပိုင်းမစားကြပါဘူး ။ ကျွန်တော်ကတော့ စားပါတယ် သောက်ရင်းစားတာပါ :P :P :P

သို့ သော် ထမင်းတော့ မစားတော့ပါဘူး ။ အသီးအရွက် ရေလုံပြုတ်လေးကို ဆော့စ် ဒါမှမဟုတ် ခရမ်းချဉ်သီးချက်လေးနဲ့  တို့ ပြီး မြည်းပါတယ် ။ အသားပြုတ်ကြော်လေး တစ်တုံး နှစ်တုံးလောက် စားပါတယ် ။ ၀ီစကီကိုလဲ လေးပက်ထက် မပိုအောင် သတိထားသောက်ပါတယ် ။

ပထမပိုင်း တစ်လနှစ်လ ကိုယ်အလေးချိန်က တန့် နေပါတယ် ။ နောက်ပိုင်းမှာ တစ်လကို သုံးပေါင် တစ်ခါတစ်လေ နှစ်ပေါင်လောက် ဖြည်းဖြည်းချင်းပြန်ဆင်းပါတယ် ။ ခရီးထွက်တဲ့ လ ကိုယ်လက်လှုပ်ရှားများတဲ့ လဆို ငါးပေါင်လောက်အထိ ကျလာပါတယ် ။ ဗိုက်လဲ အတော်ပြန်ချပ်စပြုလာပါတယ် ။

ကျပြီးသား ၀ိတ်ကိုတော့ ပြန်အတက်မခံပဲ ထိန်းထားနိုင်ဖို့ ကြိုးစားပါတယ် ။


၁၀။ ၂၀၁၇ နှစ်ဆန်းပိုင်းက စပြီး ၀ိတ်ချဖို့ ကြိုးစားခဲ့တာ အခု တစ်နှစ်စွန်းစွန်းပြည့်ချိန် ကိုယ်အလေးချိန် ၁၇၀ လောက် အထိ ပြန်ဆင်းသွားပါတယ် ။ တစ်နှစ်အတွင်း ပေါင်လေးဆယ်လောက် ပြန်လျော့ချနိုင်ခဲ့တဲ့ သဘောပါပဲ ။

ကိုယ်တွေ BMI ၀င်ဖို့ က ၁၆၀ ဆို ပြန်ဝင်ပါပြီ ။ ဆယ်ပေါင်ပဲ ကျန်တော့တဲ့ အပြင် ပြောင်းလဲလိုက်တဲ့  Living Style မှာလဲ အသားကျနေပြီမို့  ဆယ်ပေါင်လောက်ကတော့ သုံးလေးငါးလအတွင်း လွယ်လွယ်ကူကူပဲ လျော့နိုင်သွားမယ် ယူဆပါတယ် ။


၁၁။ ၀ိတ်မချပါနဲ့  ။ ၀ိတ်တက်စေတဲ့  နေထိုင်မှု ပုံစံကိုပြောင်းပါ ။ ကိုယ်တွေအတွေ့ အကြုံကို ရှယ်တာပါ :D


ရဲမိုး

image

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Hello! I find your post valuable for the art community! Thanks for the great post! ARTzone is now following you! ALWAYs follow @artzone and the artzone tag, and support our artists!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58047.91
ETH 2348.61
USDT 1.00
SBD 2.37