Love..

in #artzone6 years ago

မေတ္တာနဲ့​ထွေး​ပေးပါ
###########
image
တစ်​ခါတုန်းက အလွန်​ဆင်းရဲတဲ့လင်​မယားနှစ်​​ယောက်​ရှိတယ်
ပကာသန​တွေမရှိကြ​ပေမယ့်​ သူတို့အရမ်းချစ်​ကြတယ်
ပျော်​ရွင်​ကြတယ်​ ကြင်​နာကြတယ်​ ယုယကြတယ်

သူ့တို့အသက်​ကြီးမှ သမီးမိန်းက​လေးတစ်​​ယောက်​ရတယ်

အဲ့က​လေး ​မွေးချိန်​က ပတ်​ဝန်းကျင်​ က တီးတိုး​ပြောတယ်

လူ့​​လောကရဲ့ ဆင်းရဲခြင်းကို မျှ​ဝေခံစားဖို့
လူတစ်​​ယောက်​တိုးလာပြန်​ပြီးတဲ့

အဲ့စကားကို ဆင်းရဲသား လင်​မယားကြားသွားတယ်
ယောင်္ကျားဖြစ်​သူက သူ့မိန်းမကို က​လေး​သေချာ​စောင့်​​ရှောက်​ပါ
ဒီ​နေ့ကစပြီး သမီး​လေးရဲ့ လိုအပ်​ချက်​တိုင်းကို
ဖြည့်​ဆည်း​ပေးနိုင်​ရမယ်​ဆိုပြီး

ဖခင်​ဖြစ်​သူဟာ​နေ့မနား ညမနား ​ အလုပ်​​တွေမျိုးစုံလုပ်​တယ်

ဒီလိုနဲ့ သူဟာ တဖြည်းဖြည်း ခြင်း
ကုန်​ တိုက်​ ပိုင်​ရှင်​ကြီးဖြစ်​လာတယ်

သစ်​​ရောင်းဝယ်​​ရေး ​တွေ ဆန်​ ​လုပ်​ငန်းကိုပါ
ပို်င်​ဆိုင်​လာတယ်

ဒါ​ပေမယ့်​ စီးပွား​ရေး လုပ်​ငန်း​တွေအရ
မိသားစု နဲ့ ခွဲခွာပြီး​နေကြတယ်
လိုအပ်​ချက်​မှန်​သမျှ​ငွေ​ကြေးကိုဖြည့်​ဆည်း​ပေးတယ်
ဇိမ်​ခံ ပစ္စည်း​တွေ အ​ကောင်းဆုံးဆိုတဲ့အရာ​တွေကို
အ​ဝေးက ​ထောက်​ပံ့​ပေးအပ်​ တယ်

အဲ့လိုနဲ့ သမီး ရဲ့ ၁၈ နှစ်​ပြည့်​​မွေး​နေ့ကြ​တော့
သမီး​လေးကို စိန်​ဆွဲကြိုး စိန်​လက်​စွတ်​ကို
မွေး​နေ့လက်​​ဆောင်​​ပေးတယ်

ပြီး​တော့ နံမည်​ကြီးအထည်​ဆိုင်​တစ်​ခုကို
ခေါ်​ဆောင်​သွားပြီး သူ့သမီး​လေးကြိုက်​မယ်​ထင်​တဲ့
အရာ​တွေဝယ်​​ပေးတယ်

ည အိပ်​ရာဝင်​ချိန်​မှာ အ​ဖေလုပ်​သူကသမီးလုပ်​သူကို​မေးတယ်

ဘာ​တွေလိုအပ်​​သေးလဲ သမီး
မနက်​ဖြန်​ ​ဖေ​ဖေ အလုပ်​ကိုပြန်​​တော့မှာ
လိုအပ်​တာ​ပြော ပို့​ပေးမယ်

သမီးဘဝမှာ ​ဖေ​ဖေ့ကို ဘာမှ မ​တောင်းဆိုခဲ့ဖူးဘူး
တောင်းဆိုခဲ့ရင်​​ရော လိုက်​​လျောမှာလား​ဖေ​ဖေ

သမီးလိုချင်​တာမှန်​သမျှ ​ဖေ​ဖေဖြည့်​စွမ်း​ပေးနိုင်​တယ်
ဘာလိုချင်​လဲ ​ရွှေနဲ့ရက်​လုပ်​ထားတဲ့ အင်္ကျီလား
နောက်​ဆုံး​ပေါ်ကားလား ​ပြောသမီး​လေး

ဘာမှမဟုတ်​ပါဘူး ​ဖေ​ဖေရယ်

သမီးတို့မိသားစုက အရမ်းဆင်းရဲတယ်​တဲ့
မေ​မေ​ပြောပြတာ...

ဖေ​ဖေ ​ချွေးနဲ့ ဆင်းရဲခြင်းကို ဖယ်​ရှားခဲ့ပြီ​လေ
ခုသမီးလိုချင်​တာဖြစ်​ရမှာ​ပေါ့​ပြောပါ

အရင်​လို လူဆင်းရဲပြန်​ဖြစ်​ချင်​တယ်​​ဖေ​ဖေ
အနည်းဆုံး​တော့ ​မေ​မေ စိတ်​မဆင်းရဲ​တော့ဘူး
သမီးလည်း ဖခင်​​မေတ္တာ မငတ်​​တော့ဘူး​ပေါ့။

ဟင်​ သမီး တို့သားအမိအတွက်​ ​ဖေ​ဖေကြိုးစား​နေတာ
သမီးတို့ကို မြင့်​မားတဲ့ဘဝကို​ပေးစွမ်းချင်​ခဲ့လို့
ခုလိုကြိုးစားရုန်းကန်​ခဲ့တာ
သမီးလိုချင်​တာမှန်​သမျှ ​ဖေ​ဖေ ဝယ်​​ပေးနိုင်​ပြီ​လေ

ငွေ​ကြေးက လူဘဝရဲ့
ရပ်​တည်​မှုကို​ဖော်​ပြ​ပေးစွမ်းနိုင်​တယ်​​ဖေ​ဖေ
ဖေ​ဖေ ကြိုးစားမှု ရင်းနှီမှု​တွေ​ကြောင့်​သာ
သမီးတို့ဘဝ မြင့်​မားတာပါ

ဒါ​ပေမယ့်​ ​သမီးလိုချင်​တာ
မေတ္တာနဲ့ ​ထွေး​ပွေ့မှုမျိုးပါ​ဖေ​ဖေ

လှတာနဲ့ကြိုက်​နှစ်​သက်​တာမတူညီဘူး​ဖေ​ဖေ
အလှတရားဆိုတာ အားလုံးမှာရှိတယ်
လှတဲ့အရာတိုင်းကို ကြိုက်​နှစ်​သက်​ရမယ်​လို့​တော့မရှိဘူး

သမီးလိုချင်​တာ ​ဖေ​ဖေ့​မေတ္တာရိပ်
ဖေ​ဖေ ​ပေးမယ့်​အချိန်​​တွေကို
သားသမီးတစ်​​ယောက်​အ​နေနဲ့ ​မျှော်​လင့်​တာပါ

ဒါဟာငါ့အ​ဖေပါဆိုတဲ့စကားကို
ဓာတ်​ပုံပြပြီး​ပြောခဲ့ရတဲ့ ရက်​လနှစ်​​တွေ
ငါ့အ​ဖေက အရမ်းချမ်းသာတဲ့စီးပွား​ရေးလုပ်​ငန်းရှင်​ဆိုတာထက်
ငါ့အ​ဖေက လူမချမ်းသာ​ပေမယ့်
ငါ့ကိုစိတ်​ချမ်းသာ​အောင်​ထားနိုင်​တယ်​ဆိုတာမျိုးပဲ
ဂုဏ်​ယူဝင့်​ကြွားချင်​တယ်​​ဖေ​ဖေ

ကျေးဇူးပြု၍ ​မေတ္တာ နဲ့ ​ထွေး​ပေးပါ
သမီး ​နွေး​ထွေးမှုကိုခံစားချင်​လို့ပါ​ဖေ​ဖေရယ်​။

   ဘာမထီဘွား...အ​တွေးစာစု​လေးများ
Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60497.39
ETH 2637.52
USDT 1.00
SBD 2.56