အကျင့်

in #artzone6 years ago

image
အိန္ဒိယမှ လူငယ်လေး တစ်ယောက် ဂျပန်သို့ ရောက်သွားတဲ့ အခါမှာ ရထားစီး ပါတယ်။ အဲဒီမှာ သူ၏ အကျင့်အတိုင်းပဲ သူ့ရှေ့က ခုံကိုခြေထောက်နဲ့ ကန်ပြီး စီးခဲ့ပါတယ်။ အဲဒီမှာ ဂျပန် အဖိုးကြီး တစ်ယောက်
ရောက်လာပြီး သူကန်ထားတဲ့ ခြေထောက်နေရာကို ဝင်ထိုင်လိုက်ပါတယ်။ အဲဒီအခါမှာ အိန္ဒိယ လူငယ်လေးက စိတ်တိုသွားပါတယ်။

ဒါနဲ့ပဲ အိန္ဒိယက လူငယ်လေးက ” ဒီမှာ ဟေ့လူ အခြားနေရာတွေ အများကြီး ရှိနေရဲ့နဲ့ ဘာဖြစ်လို့ ကျွန်တော် ခြေထောက်တင်ထားတဲ့ နေရာကို ထိုင်ရတာလဲ။”

ဂျပန်အဖိုးကြီးကလည်း ” မင်းဟာ ငါတို့နိုင်ငံရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတဲ့ သူ။ ငါ မင်းကို အရမ်းစိတ်ဆိုးတယ်။ ဒါပေမယ့် မင်းဟာ ဧည့်သည် တစ်ယောက် ဖြစ်နေတဲ့အတွက် လူရှေ့ သူရှေ့မှာ မင်းကို ငါ မဆဲပါဘူး။ မင်းဟာ ရှေ့တည့်တည့်က ခုံကို ခြေထောက်နဲ့ ကန်ပြီး ထိုင်တာ မင်းရဲ့ ပင်ကိုယ်အကျင့် ဖြစ်မယ်လို့ ငါထင်တယ်။
မင်းဘာသာ ဘယ်လိုပဲ နေတတ်နေတတ် ငါတို့နိုင်ငံရဲ့ ပစ္စည်းတွေကိုတော့ ငါ အပျက်အစီး မခံနိုင်ဘူး။ ဒါကြောင့် မင်းအဲဒီလို မျက်စိရှေ့က ခုံကို ခြေထောက်နဲ့ကန်ပြီး မထိုင်ပါနဲ့။ ငါ့အပေါ်ကို မင်းခြေထောက်တွေ တင်လိုက်ပါ။”

အဲလို ပြောလိုက်တဲ့ အဖိုးအိုကို အိန္ဒိယ လူငယ်လေး အရမ်းလေးစား သွားပါတယ်။
အဖိုးအိုက ဆက်ပြီး ပြောတယ်။ ” ဒီပစ္စည်းတွေဆိုတာဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေပါ။ ဒါကြောင့် ဒီလိုအများပိုင် ပစ္စည်းတွေကို ငါတို့ ပြည်သူတွေက ထိန်းသိမ်းစောင့်ရှောက်ရမယ်။

မင်းအနေနဲ့ အခြားနိုင်ငံသို့ အလည်ပတ်သွားတဲ့ အခါ ယခုလို လုပ်မယ်ဆိုရင် မင်းအဆဲခံရလိမ့်မယ် ” လို့ ဂျပန်အဖိုးအိုက ပြောခဲ့ပါတယ်။

သင်ခန်းစာ -နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပြည်သူပိုင် ပစ္စည်းတွေ ဆိုတာ ရှိပါတယ်။ ဒီပြည်သူပိုင် ပစ္စည်းတွေကို ထိန်းသိမ်း ရမှာက ပြည်သူတွေပါပဲ။

Red- The Logical Indian
ကျော်လင်းနိုင်(ရိုးရာလေး)

Sort:  

World of Photography
>Visit the website<

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 05:38:35
Account Level: 0
Total XP: 10.10/100.00
Total Photos: 2
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67164.91
ETH 3518.77
USDT 1.00
SBD 2.71