how?

in #artzone6 years ago

image
photo credit
ကဲ.......ဘယ်​လို​ဖြေရှင်း​ပေးကြမလဲဗျာ😢😢

???????

မန္တ​လေးမြို့ကြီးကို အုတ်​​အော်​​သောင်းနင်းဖြစ်​​စေတဲ့ ကန်​သာယာရပ်​ကွက်​ ၅၆ လမ်း ​အောင်​ဆန်းလမ်း​ဒေါင့်​ရှိ သန်းတရာလက်​ဘက်​ရည်​ဆိုင်​မှ အလုပ်​သမား​လေး ၂ ​ယောက်​ အိပ်​ယာထဲထိဝင်​​ရောက်​ပြီး ဓားနဲ့ခုတ်​လို့ က​လေး ၂​ယောက်​ဒဏ်​ရာ​တွေ ရခဲ့ကြပါတယ်​။

နောက်​နာရီဝတ်​​လောက်​အကြာမှာ လမ်း၆၀ သိပ္ပံလမ်း​တောင်​ဘက်
ဆိုင်​ကယ်​စီးလာတဲ့ လင်​မယားနှစ်​​ဟောက်​ကို ဓားနဲ့ခုတ်​ပြီး ပိုက်​ဆံအိတ်​နဲ့ ဖုန်းလုယှက်​ခံရပြန်​တယ်​။

နောက်​တစ်​ခါ ၁၅ မိနစ်​​လောက်​ခြားပြီး မန္တ​လေးမြို့သစ်​ ၆၈လမ်း​ပေါ်မှာ ​ယောက်ျား​လေး တစ်​​ယောက်​ကို ဓားနဲ့ခုတ်​ပြီးဖုန်းလုသွားပြန်​တယ်​။

တစ်​ညထဲ ဓားခုတ်​လုယှက်​မှု ၃ ကြိမ်​ဖြစ်​လို့...
ကျ​နော်​တို့ကန်​သာယာ မှူခင်းကြိုတင်​ကာကွယ်​​ရေး အင်​အားစု(နံပါတ်​ဒုတ်​တပ်​ဖွဲ့)က တညလုံး မအိပ်​ကြဘဲ မှူခင်းဖြစ်​ပွားနိုင်​​ခြေရှိတဲ့ ​နေရာ​တွေမှာ လှည့်​ကင်း/ဝပ်​ကင်း​တွေလုပ်​ပြီး တရားခံ​တွေ ဖမ်းမိဘို့ ​ဆောင်​ရွက်​​နေကြပါတယ်​။

၂၂.၅.၂၀၁၈ ညတစ်​နာရီအချိန်​ခန့်​က ကျ​နော်​တို့နံပါတ်​ဒုတ်​အဖွဲ့ လှည့်​ကင်း​ဆောင်​ရွက်​​နေစဉ်​မှာ ​အောင်​ပင်​လယ်​ ရွာလယ်​လမ်း ၅၃ လမ်း နဲ့ ၅၄ လမ်းကြားမှာ ဆိုင်​ကယ်​ ၂စီးနဲ့ လူ ၆​ယောက်​ အရ်​​သောက်​​နေတာ ​တွေ့ရပြီး မသင်္ကာတာနဲ့ ရဲစခန်း​ခေါ်လာ စခန်းမှာ ခဏအိထားခဲ့ပြီး ၆၈ လမ်းမှာ လုယှက်​ခံရသူကို မရမကလိုက်​ရှာပြီး ဖမ်းဆီးလာသူ ၆ ​ယောက်​ကိုပြ​တော့ လုယှက်​ခံရသူက ၆​ယောက်​ထဲက တစ်​​ယောက်​ဟာ သူ့ကို ဓားနဲ့ခုတ်​သူဖြစ်​​ကြောင်း အတည်​ပြုထွက်​ဆိုပါတယ်​။

ဒီမနက်​ ၁၀ နာရီအချိန်​က သန်းတရာလက်​ဘက်​ရည်​ဆိုင်​ကို သွားပြီး ဓားခုတ်​ခံရသူ ၂​ယောက်​နဲ့ ဆိုင်​ပိုင်​ရှင်​ကို တရားခံ​တွေရဲ့ ဓာတ်​ပုံ​ကိုပြ​တော့ သူတို့ကို ဓားနဲ့ခုတ်​သူ ၃ ​ယောက်​ကို အတည်​ပြု​ပေးပါတယ်​။

ဒါနဲ့ဗျာ ကျ​နော်​တို့နဲ့အတူတူပူး​ပေါင်းပြီး တရားခံဖမ်းခဲ့တဲ့ ကန်​သာယာရဲကင်းမှူးကို အ​ကြောင်းကြား​တော့ ရဲကင်းမှူးကလဲစခန်းမှူးကို ဆက်​သွယ်​ပြီး အမှုဖွင့်​အ​ကြောင်းကြားတာ တရားခံ ၆ ​ယောက်​လုံးကို ညတွင်းချင်းပြန်​လွှတ်​​ပေးလိုက်​ပြီဟု သိလိုက်​ရပါတယ်​။

ကျ​နော်​မ​ကျေနပ်​လို့ ပြသာနာရှာ​တော့မှ ရဲကင်းမှူးကို တရားခံ​တွေပြန်​ရှာပြီး အဖမ်းခိုင်း​နေပြန်​တယ်​။

ကျ​နော်​တို့ အရပ်​သား​တွေက ​နေ့မနား/ညမနား နှစ်​ရက်​နှစ်​ညအိပ်​​ရေးပျက်​ခံပြီး ကြိုးစားပန်းစားနဲ့ တရားခံကို ရှာဖမ်းပြီး ရဲစခန်းအပ်​ထားမိပါတယ်​။

ရဲစခန်းက တစ်​နာရီ​တောင်​မချုပ်​ဘူး ချက်​ချင်းပြန်​လွှတ်​​ပေးလိုက်​တယ်​။
ဆို​တော့.... ကျ​နော်​တို့ ဘာဆက်​လုပ်​ရမလဲ/ဘာဆက်​လုပ်​သင့်​သလဲ အကြံပြုကြပါအုံးဗျာ.....??????????

အဆင့်လိုက်ကြွေး
နဲနဲစီ
မိန့်ခွန်းထဲကအတိုင်း
ပုရွက်ဆိတ်စာ
ဆိတ်အစာ
ဆင်အစာ
ဂေါ်ဇီလာအစာ
( cred > cartoonist & phto )

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-24T03:45:42
Account Level: 1
Total XP: 156.00/200.00
Total Photos: 24
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60991.61
ETH 2921.47
USDT 1.00
SBD 3.56