🎏ဘ၀ကို ဆက်ရှင်သန်ပါ🎏 🔑🔑🔑🔑🔑🔑🔑🔑

in #artzone • 6 years ago

image
photo credit

🎏ဘ၀ကို ဆက်ရှင်သန်ပါ🎏

🔑🔑🔑🔑🔑🔑🔑🔑
🏡
စိတ်ညစ်ပါ စိတ်ရှုပ်ပါ ဝမ်းနည်းအားငယ်ပါ ငိုပါ ရပါတယ်။
ဒါပေမယ့် အချိန်အခိုက်တန့် တစ်ခုစာလောက်ပဲ ဖြစ်ပါစေ။
ဘယ်တော့မှ ခံစားမှုရဲ့ကျေးကျွန် အဖြစ်မခံပါနဲ့။
🏡
ခံစားတတ်တဲ့ သက်ရှိတွေမို့
ခံစားစရာတွေကို ခံစားမိတာ အပြစ်အကြီးကြီး မဟုတ်ပါဘူး။
ဒါပေမယ့် အချိန်အကြာကြီးထိ ထပ်ကာထပ်ကာ ခဏခဏ
ဝမ်းနည်းနေမယ်... စိတ်အားငယ်နေမယ်...
ကြောက်ရွံ့စိုးရိမ်နေမယ်ဆိုရင်တော့...
ဒါဟာ မကောင်းပါဘူး မဖြစ်သင့်ပါဘူး။
🏡
တစ်ခါတလေ ဘဝမှာ ...
ကြီးမားတဲ့ အဆင်မပြေမှုတွေနဲ့ တွေ့ဆုံရတဲ့အခါ
ထိုးနှက်မှု ဒဏ်ချက်တွေကြောင့် ...
စိတ်ရောလူပါ အားနည်း ပင်ပန်းလာပြီး
အရာရာကို အရှုံးပေးချင်တဲ့စိတ်တွေ ဖြစ်လာတတ်ပါတယ်။
🏡
လက်ရှိ ဖြစ်ပျက်နေတာတွေကို
မမြင်ချင် မကြားချင်တော့တဲ့အခါ ...
ဆက် မခံစားနိုင်တော့တဲ့အခါ ...
ကိုယ်ဖြစ်စေချင်သလို ပြောင်းလဲနိုင်စွမ်းမရှိတဲ့အခါ ...
ခု ရောက်နေတဲ့နေရာ ရှိနေတဲ့နေရာကနေ
တဖြည်းဖြည်း မှေးမှိန်... သေးငယ်သွားပြီး...
ပျောက်ပျက်သွားချင်တဲ့အထိ စိတ်တွေက ဖြစ်လာပြီး
အသက်ဆက်ရှင်ချင်စိတ်ပျောက်လာတဲ့အထိကို ဖြစ်တတ်ပါတယ်။
🏡
ဘယ်လိုပဲ ဖြစ်နေနေပါ
ပထမဆုံး ပြောချင်တာက ...
ဘာလို့ ငါ့ဆီမှာမှ ဒီလိုမျိုးတွေ ဖြစ်နေ ကြုံနေရတာလဲလို့
ကိုယ့်ကိုယ်ကို ကိုယ့်ကံကို ကိုယ့်ဘဝကို အပြစ်မတင်လိုက်ဖို့ပါ။
🏡
ဘယ်တော့မှ ကံဆိုးလိုက်တာလို့ မတွေးပါနဲ့။
ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ကိုယ့်ထက်ဆိုးနေသူတွေ
အများကြီးကို ရှိနေတယ်ဆိုတာ သတိဝင်လိုက်ပါ။
ငိုမယ်ဆို ငိုပါ
ဒါပေမယ့် စိတ်ဓာတ်တော့ မကျလိုက်ပါနဲ့။
🏡
စိတ်ဓာတ်ကျနေပြီလို့ ကိုယ့်ကိုယ်ကို သတိဝင်မိပြီဆိုရင်
ပြန်ပြီးတော့ ရုန်းထွက်နိုင်လာအောင် သတိထားပြီး
ကိုယ့်ကိုယ်ကို ပြန်တွန်းအားပေး ကြိုးစားရုန်းထွက်ပါ။
🏡
ဘဝဆိုတာ ကြာမလိုနဲ့ အချိန်ကုန် အရမ်းမြန်ပါတယ်
ငယ်ဘဝမှာ အချိန်ကုန်တာ နှေးသလောက်
အသက်ကြီးလာတာနဲ့အမျှ အချိန်ကုန်မြန်လာပါတယ်။
ခုတောင် ကျွန်မတို့ ခဏလေးလိုနဲ့
ဒီအသက်အရွယ်ကို ရောက်လာပြီမလား
နောက်ထပ် ဘယ်နှနှစ်များ နေကြရဦးမှာလဲ
ဘယ်လောက်ထိများ ကိုယ်ကျန်းမာနေမှာလဲ
ဘယ်လောက်ထိများ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ရနေမှာတဲ့လဲ။
🏡
မသေချာတဲ့ ဘဝမှာ ...
သေချာနေတဲ့အချိန်လေးကို အပူနည်းအောင် နေကြရအောင်။
လူဆိုတော့ အပူတော့ မကင်းနိုင်ပါ
ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ လုပ်လို့ရပါတယ်။
ဥပမာ ကိုယ့်ကို ခဏခဏ ဝမ်းနည်းစေမယ့်အရာတွေ
စိတ်အနှောက်ယှက်ပေးမယ့် အရာတွေ
သတိရ နာကျင်ရစေမယ့် အမှတ်တရအရာတွေကို
ခဏခဏ ကြည့်တာ တွေးတာတွေ ရပ်လိုက်ပါ။
🏡
တချို့အရာတွေက
ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာဘူး
အရာရာ ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ဘူး
ဒါကို နားလည်ပါ လက်ခံပါ။
🏡
တခြားလူတွေက
စာနာနားလည်ပေးသည် ဖြစ်စေ
ငဲ့ညာနားလည်မပေးသည် ဖြစ်စေ
ကိုယ့်စိတ်လေး ကိုယ့်နှလုံးသားလေးကိုတော့ ပြန်ငဲ့ညှာပေးရမယ်။
🏡
ပုထုဇဉ်လူသားတွေအဖို့
အပူ လုံးဝကင်းဖို့ဆိုတာ မဖြစ်နိုင်တာမို့
တတ်နိုင်သမျှ သူများပေးတဲ့အပူရော ကိုယ်ဖန်တီးတဲ့အပူတွေရော
လျော့နည်းလာအောင် ကိုယ့်စိတ်လေးကိုယ် အားပြန်တင်းကြရင်း
ကျနေတဲ့စိတ်လေးတွေ အားငယ်နေတဲ့စိတ်လေးတွေကို
ကြိုးစားပြီး ပြန်မြှင့်ယူကြရအောင်နော်။
🏡
မှတ်ထားနော် ...
ငိုလိုက်ပါ အရမ်းမွန်းကြပ်လာရင်
ဒါပေမယ့် ... ဘယ်တော့မှ အချိန်အကြာကြီးထိ
ဒီအပူတွေ ဝမ်းနည်းအားငယ်စရာတွေ စိတ်ညစ်စရာတွေကို
ယူမသွားပါနဲ့ သယ်မသွားပါနဲ့ ဖက်တွယ်မနေပါနဲ့ ။
ခံစားမှုရဲ့ကျေးကျွန် ဘယ့်တော့မှ အဖြစ်မခံပါနဲ့။
ဘာတွေပဲဖြစ်နေနေ ဘဝကို ဆက်ရှင်သန်ပါ။

᠌᠌᠌ ᠌᠌သိပ်​​ကောင်းပါတယ်​ဒါ​ပေမဲ့​ခေါင်းစဉ်​နဲ့လိုက်​မဲ့ပုံ​လေးဖြစ်​​စေချင်​တယ်

 'ဆော်ပြီလေ' 

(shareကြ များများ shareကြ ဒီpostကို မြင်ပြီး ထိတ်လန့်နေပါစေ)

မန္တ​လေးတိုင်း​ဒေသကြီး သပိတ်ကျင်းမြို့နယ်​ ဇရပ်ကွင်းရွာ၌ အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါအချို့က

G-2 သင်​တန်းမှ ဆရာသုံးဦးကို ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသည်အထိ

အနိုင်အထက်ပြု အကြမ်းဖက်ခဲ့သောဖြစ်စဉ်တွင်

မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများ အဖွဲ့ချုပ်အနေဖြင့်

အနိုင်ကျင့်ခံ ဆရာများဘက်မှ အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ပြီး

တရားဥပဒေအရလည်း'''''''' ပြင်းပြင်းထန်ထန် ''''''တုံ့ပြန်သွားမည်ဖြစ်ကြောင်း
အသိပေးကြေညာအပ်ပါသည်။

ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ရန်ရှိပါသည်။
ဆရာဆရာမများ ပူးပေါင်းပါဝင်ပေးကြစေလိုပါသည်။

အစော်ကားခံရတာ အဲ့သုံးယောက်ထဲလို့ ထင်ပါသလား။
ဒါ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးက ဆရာ/မတွေရဲ့ ဂုဏ်သိက္ခာကို ထိပါး စိန်ခေါ် ချိုးနှိမ်ခြင်းဖြစ်တယ်။
လိုအပ်တဲ့ နေရာမှ အစ အလယ် အဆုံး ပါဝင်ကူညီဆောင်ရွက်သွားပါမယ်။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-25T02:33:24
Account Level: 1
Total XP: 162.50/200.00
Total Photos: 25
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58522.98
ETH 3089.61
USDT 1.00
SBD 2.41