အဘမင်းသိင်္ခရဲ့ 14-5-2018 မှ 20-5-2018 အထိ တစ်ပတ်စာ ဟောစာတမ်း
photocredit
အိမ်မက်ကောင်းမက်မည်။ ‘၂’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ သို့မဟုတ် အိမ်မက်ထဲမှရသော အတိတ်နိမိတ်အတိုင်း ထီထိုးပါ။
ကုသိုလ်ရေး၊ ဘာသာရေးနှင့် ပတ်သက်သော ခရီးထွက်ရမည်။ ရပ်ရွေးရွာရေး လုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ ဦးဆောင်လှုပ်ရှား ရလိမ့်မည်။
ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး ပြန်လည်ကောင်းလာမည်။ နေအိမ်သို့ အပူဧည့်သည် ရောက်မည်။ လက်မခံရ။
ကျန်းမာရေးအနေဖြင့် ခါးကိုက်၊ခါးနာ ဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ ဝါကျွတ်လျှင် လက်ထပ်မင်္ဂလာ ပြုမည့် ကိစ္စအတွက် ချစ်သူနှစ်ဦးတိုင်ပင်ရလိမ့်မည်။ အိမ်ထောင်ရှင် တနင်္ဂနွေသမီး ဖြစ်ပါက ယခုရက်အတွင်း ကိုယ်ဝန်ရမည်။
ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။
ယတြာ
ယတြာ - တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ အောင်သပြေ ၂၁ ညွန့်ကပ်လှူပါ။
တနင်္လာသားသမီး
ဝန်ထမ်းဖြစ်ပါက လစာတိုးမည့် သတင်းရာထူးတိုးမည့် သတင်းကြားရမည်။
ပညာရေးကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရလိမ့်မည်။
ဆွေမျိုးတစ်ဦး ဒုက္ခပေးမည်။ နေအိမ် ပတ်ဝန်းကျင်မှာ အမှုအခင်း သတင်းကြားရမည်။ ကြားရပါက ဖိနပ်ဟောင်းတစ်ရံစွန့်ပစ်ပါ။
ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများမှာ ရောင်းအားကောင်းပြီး အမြတ်အစွန်းနည်းမည်။
ယခုရက်အတွင်း လောင်းကစားလုပ်မိပါက အနိုင်ပိုင်းပါ။ အနိုင်မပိုင်းပါက ယခုရက်အတွင်း ပြန်ကုန်မည်။
ကျန်းမာရေးညံ့၏။ သွေးအားနည်းမည်။ သွေးပေါင်ကျမည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ လက်ထပ်မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ဝ ဂဏန်းများ ဖြစ်ပါသည်။
ယတြာ
ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ခရေညွန့် ၂၄ ညွန့် ကပ်လှူပါ
ယတြာ
မိတ်ဆွေအနေနဲ့ ယတြာလေးတွေချေပေးပါဦး။
အမွှေးနံ့သာရေနှင့် တနင်္လာထောင့်က ဆင်းတုတော်ကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပေးပါ။ ကြာဖူး (၂) ပွင့်၊ သစ္စာပန်း (၆) ပွင့်ကိုလည်း ၎င်းဘုရားမှာပဲ ကပ်လှူပူဇော်လိုက်ပါ။ နဂါးရုံဘုရားမှာ ထန်းလျက် (၁၁) ခဲကို စက္ကူကတော့ထဲ ထည့်ပြီး ကပ်လှူပူဇော်လိုက်ပါ။
အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဒီနှစ်ပိုင်းမှာ မိတ်ဆွေကြုံတွေ့ရမယ့် အခိုက်အညံ့လေးတွေ ပြေပျောက်သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ ကံကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။
World of Photography
>Visit the website<
You have earned 6.50 XP for sharing your photo!
Daily photos: 2/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-14T12:05:21
Total XP: 78.00/100.00
Total Photos: 12
Total comments: 0
Total contest wins: 0
Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank