အ​မေ့သားပြန်​လာပြီ

in #artzone6 years ago

image

အ​မေ့သားပြန်​လာပြီ

ပန်းတစ်​ပွင့်​ချင်းစီရဲ့နာမည်​ကို

ကျွန်​​တော်​မသိဘူး

ကျွန်​​တော်​သိတာက

ကဆုန်​မှာ ကဆုန်​ပန်းပွင့်​ပြီး

နယုန်​မှာ နယုန်​ပန်းပွင့်​တာပါပဲ။

ကမ္ဘာကြီးက လုံးတယ်​လို့ထင်​ခဲ့တာ မဟုတ်​ဘူး...

၃၆၀ဒီဂရီ​ကွေး​နေတာ

ဒီလို​လောကကြီးနဲ့​ခေါက်​ရိုးမကျိုးခဲ့လို့

ကဆုန်​ပန်း​တွေမပွင့်​တဲ့ရွာအပြင်​ဘက်​ကို

ကျွန်​​တော်​အပို့ခံခဲ့ရတယ်

ဒီလိုပါအ​မေ...

ဘဝကအနားမညီခဲ့ရင်​​တောင်

ကျွန်​​တော့်​အ​နေနဲ့

၉၀ဒီဂရီ​ထောင့်​မှန်​တစ်ခု​တော့ပိုင်​ချင်​တယ်။

ကျွန်​​တော့်​ကို​ရွှေ​လိုလူ​တွေနဲ့မနှိုင်းပါနဲ့​အ​မေ

သူများလည်​ပင်​မှာအဆွဲခံရတာကိုမုန်းတယ်

ဒြပ်​စင်​ချင်းတူရင်​​တောင်

ကျွန်​​တော်​က ကာ​ဗွန်​စစ်စစ်ခဲသား​လေးပဲဖြစ်​ချင်​တယ်​။

ကျွန်​​တော်​က အ​နောက်​ဘက်​လှည့်​ရပ်​​နေခဲ့ရင်​​တောင်

နေ က အ​ရှေ့ဘက်​ကပဲထွက်​လာခဲ့တယ်

ဖောင်​စီးရင်း​ရေငတ်​တာမဟုတ်​ဘူး

ရေကူးရင်း​ရေငတ်​ခဲ့တဲ့အ​ကောင်​ပါ

ရှင်​သန်​ခြင်းရဲ့တန်​ဖိုးကို

အုတ်​ဂူ​​တွေဆီက​နေသင်​ယူခဲ့တယ်

အခု​တော့...အ​မေ့သားပြန်​လာပြီ။

                        (သူရ​သေန)

image

Sort:  

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68726.56
ETH 3273.79
USDT 1.00
SBD 2.67