အတိတ်​ဘဝကချစ်​သူ အပိုင်း၃၅

in #artzone6 years ago


အပိုင်း၃၅
ထို့​နောက်​ အရိုးစုနှစ်​ခု မျက်​နှာချင်းဆိုင်​ ​ထိုင်​လျက်​ရှိ​နေသည်​ကို​တွေ့လိုက်​ရသည်​။
ထိုအရိုးစုများကို ထွန်းသူရ ​တွေ့လိုက်​ရသဖြင့် ​ကြောက်​စိတ်​ မဝင်​ပဲ အလိုလို ဝမ်းနည်းသလိုလို ခံစားလိုက်​ရသည်​။ဒါကို သိ​နေ​သော မ​နော်​ဟရီက
" အကို ဒီ အရိုးစု ​တွေက ဘယ်​သူ​တွေ လိုထင်​သလဲ ဟင်​ "
" အကို က ဘယ်​ သိပါ့မလဲ "
" ဒါဆို မ​နော်​ ဟရီ​ပြောပြမယ်​ "
" ဒီ အရိုး စု နှစ်​ခု ဟာ အကို နှင့်​ ညီမ တို့ပါပဲ "
" ဟင်​ "
ထွန်းသူရ တစ်​​ယောက်​ အံ့သြစိတ်​ဖြင့်​ အရိုးစု နှင့်​ အမျိုး သမီးကို မယုံနိုင်​​သော အကြည့်​များဖြင့်​ တစ်​လှည့်​ဆီကြည့်​လိုက်​မိသည်​။
ကြည်​​နေရင်းမှ ​နေ၍ မ​နော်​ဟရီ ဆို​သော အမျိုးသမီး​လေးမှာ တ​ဖြေး​ဖြေး မင်းသမီးအသွင်​​ပြောင်းလဲသွားကာ ထွန်းသူရ အားစိုက်​ကြည့်​​နေ​လေသည်​။
ထွန်​သူရမှာ မင်းသမီး​လေးကို ကြည့်​ရင်းနှင့်​ မျက်​နှာမှာ ​ကြောက်​စရာအသွင်​သို့​ပြောင်းလဲသွား​သော​ကြောင့်​ ​ကြောက့်​ရွံထိတ်​လန့်​စိတ်​များဖြစ်​​ပေါ်လာကာ. . .
" .. အား... . . . . . "
ထွန်းသူရ တစ်​​ယောက်​ထိတ်​လန့်​​ပြီး ​အော်​ ​လိုက်​​သောအသံ​ကြောင့်​ အိပ်​​ပျော်​​နေ​သော ​မောင်​ဦးမှာ အိပ်​ယာမှ အပျာကယာထလာ​လေသည်​။ထွန်း​သူရအား ကုတင်​​ပေါ်တွင်​ ထိုင်​လျှက်​သာ​တွေ့လိုက်​ရသည်​။
" ဆရာ ဆရာ . . . . ဘာဖြစ်​တာလဲ ဆရာ "
xxxxxxxxxxxx ဆက်​ရန်​ xxxxxxxxxxxx

Sort:  

hello

မျှော်နေပါတယ်

လာမှာပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 53955.17
ETH 2265.61
USDT 1.00
SBD 2.34