အမေ့မှာတမ်း

in #artzone6 years ago

image
photocredit

{ဒီမိုအမျိုးတို့ရေ}


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံစာ လေးပါ ။
ဒီမိုဆိုသူတိုင်းဖတ်ကြည့်ကြစေချင်ပါတယ် ။

. အမေမှာချင်တယ်
"""""""""""""""""""""""""""

မိသားစုထဲမှာစိတ်ဝမ်းကွဲနေကြပြီဆိုရင် ဘယ်လိုအခြေခိုင်မှာလဲ ။ အရှေ့ကိုလျှောက်ဖို့ ခက်ပြီ ။ သားတို့ သမီးတို့အမေ့ကို ကူပါ ။တိုင်းပြည်အတွက် ပြိုင်တူ အရွေ့တွန်းအားတွေနဲ့ မေတ္တာရှေ့ထား အခက်အခဲများကို ကျော်လွှားချင်လိုက်တာကွယ် !!!

မသေချာတဲ့ အဆိုး အကောင်း အကျိုးအကြောင်းတွေအတွက် အချိန်ပြည့် သားတို့  သမီးတို့  ရန်ဖြစ်နေကြမှာလား !! ငြင်းခုံရင်းအပြစ်တင် တစ်ဦးနဲ့တစ်ဦးအပြစ်မြင် … တနေ့ ထက်တနေ့ လုပ်ရကိုင်ရခက်ခဲအောင်ဒုက္ခပေးနေသူတွေများလွန်းတဲ့ သူတွေကြားထဲမှာ အမေပင့်သက်ရှုဘို့  အချိန်လေးတောင်မရဘူးကွယ် !!!

အများကြီးမပြောလိုတော့ပါဘူး !!!
အမေ့ကိုတချက်လေး ငဲ့ကြပါ …
တချက်လေး နားလည်မှုနဲ့ စာနာပေးကြပါ …
အမေ ခြေကုန်လက်ပန်းကျချင်လာပြီ !!
ဇရာကလည်း ထောင်းလာပြီကွယ် …
သားတို့  သမီးတို့ ရဲ့ တွန်းတင်ပေးမဲ့အားကို အမေလိုအပ်နေတယ် …
အမေ့အတွက် ခွန်အားလိုတယ် …

မစာနာသူတွေ ။ မလိုတမာသူတွေ ။ အကြမ်းဖက်လိုသူတွေက ဘယ်လိုပင် အမေ့ကိုရက်ရက်စက်စက် ဖိအားပေး တိုက်ခိုက်နေကြပါစေ …
အားလုံးကို အမေခွင့်လွှတ်တယ် !!
မေတ္တာနဲ့ အားလုံးကို အမေအနိုင်ယူပြစေ !!
ကိုယ်ကျိုးသမားတွေအမေ့ဂုဏ်သိက္ခာကို ဘယ်လိုပင်ရိုက်ချိုးဖျက်ဆီးနေပါစေ !! အဲ့ဒီ ဂုဏ်တွေက အမေသေရင် အမေ့နောက်ကို မပါဘူး !! အမေ ဘာဂုဏ်ဒြပ်မှလည်း မမက်မောပါဘူးကွယ် ……

အမေ မှာပါရစေ …
သားတို့  သမီးတို့  ရှေ့ကိုလှမ်းမဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းခြင်းမဲ့လို့  အရာရာကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်လျှောက်လှမ်းပြကြပါ ……

#အောင်ဆန်းစုကြည်

ဒီမိုအမျိုးတို့ရေ
အမေစုအတွက်ခွန်အားတွေဖြစ်စေဖို့
သွေးမကွဲဘဲစည်းလုံးကြစို့နော်။

 ဒီမိုစစ်မှန်သူအားလုံးကိုအမျိုးလဲတော်ပါတယ်လေးလဲလေးစားပါတယ်ဆိုင်ဘုတ်ကိုရှေတင်ဘန်းပြသူတေလုပ်စားနေသူတွေကိုတော့ရွန်တယ်အဲ့လိုလူတွေကိုကြည့်ပီးအမေ့ကိုပိုလေးစားသနားမိတယ်

အ​မေ့ကိုရို​သေစွာဖြင့်​​စကား​လေးတခွန်း​လောက်​​ပြောပရ​စေကိုက်​မုန်ု့လှီး​နေ​သောဓားကိုအမဲရိုးသွားမခုတ်​သင့်​ပါဘူးအ​မေမသုံးသင့်​တာကိုသုံးသင့်​တယ်​ထင်​​နေရင်​​တော့အ​မေ့ပူ​လောင်​မှူ့​တွေအတွက်​ကျွန်​​တော်​အ​မေ့အတွက်​ရင်​လဲမိပါတယ်

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-25T02:54:45
Account Level: 1
Total XP: 162.50/200.00
Total Photos: 25
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67675.66
ETH 3248.40
USDT 1.00
SBD 2.66