"ညောင်ရေသွန်းပွဲတော်ရှိတယ်"

in #artzone6 years ago

image

ဘာသာတရားတစ်ခုက ဓလေ့တစ်ခုကိုဖြစ်စေတယ်
ဓလေ့တစ်ခုက ယဉ်ကျေးမှုတစ်ခုကိုဖြစ်စေတယ်
ယဉ်ကျေးမှုဟာ လူမျိုးရဲ့ပေတံဖြစ်တယ်
အဲဒီပေတံလေးမကျိုးပဲ့ရအောင် စောင့်ထိန်း။
image
နှလုံးသားမှာ ပျော်ရွှင်မှုတို့ လျော့ပါးလာတဲ့အခါ
ယဉ်ကျေးမှုတို့ ထိပါးခံခဲ့ရတယ်။

တန်ခူးရေကုန် ကဆုန်ရေခမ်းတဲ့
ဒီကာလတွေမှာ ရာသီဥတုက ပူလွန်းတယ်။

ဗောဓိပင်ဟာ ဗုဒ္ဓဘုရားရဲ့ ဖွားဖက်တော်ဖြစ်တယ်
ဗုဒ္ဓဘုရားဟာ ဗောဓိဉာဏ်ကို ဗောဓိပင်အောက်မှာရခဲ့တယ်။

ရှေးကတည်းက ညောင်ရေးသွန်းလောင်း
လိုရာဆုတောင်းခဲ့ကြဖူးတယ်။

ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်
ဒီနေ့ညောင်ရေသွန်းလောင်းမယ်

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
ယဉ်ကျေးမှုတွေရှိတယ်
ရွာဦးကျောင်းဆရာတော်ရှိတယ်
သူကြီးရှိတယ်
ဆယ်အိမ်ခေါင်းရှိတယ်
သူကြီးတူမကွမ်းတောင်ကိုင်မိအေးရှိတယ်။

ပွဲခါညောင်ရေသွန်းမြဲပေတည့်
ညောင်ရေသွန်းလောင်းဖို့ အရွယ်သုံးပါးလာကြတယ်။

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
သုမေဓာရှင်ရသေ့ဟာ ဒီလိုနေ့မှာ ဘုရားဆုပန်တယ်
သိဒ္ဓတ္ထမင်းသားကို ဒီလိုနေ့မှာဖွားတော်မူတယ်
မြတ်​စွာဘုရားက ဒီလို​နေ့မှာပဲ မဟာ​ဗုဒ္ဓဝင်​ကို​ဟော​တော်​မူတယ်
ဒီလိုနေ့မှာပဲ သိဒ္ဓတ္ထမင်းသားဘုရားဖြစ်တယ်
ဒီလိုနေ့မှာပဲ မြတ်စွာဘုရားပရိနဗ္ဗာန်ပြုတော်မူတယ်

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
တွံတေးသိန်းတန်​တွေပြန်လာပြီ
မောင်မောင်ညွန့်​တွေပြန်လာပြီ
ရတနာပုံပြန်လာပြီ

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
အော်နေပြီ
ညောင်ပင်ထိပ်ဖျားက လော်စပီကာကြီးနဲ့အော်နေပြီ
စတုဒီသာတွေကျွေးနေပြီ
ဖျော်ရည်တွေတိုက်နေပြီ

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
ဆိုင်ကယ်နဲ့သွားမလား
ကားနဲ့သွားမလား
ခြေကျင်သွားမလား

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
ဦးရွှေရိုးနဲ့ဒိုးပက်တွေပြန်လာဦးမလား
ညောင်ရေအိုးနဲ့ယဉ်ကျေးမှုတွေပြန်လာဦးမလား
ခရီလွန်​​နေတဲ့ ရပ်ကွက်တီးဝိုင်းတွေပြန်လာကြဦးမလား
အရင်ကလို ဂိုက်ပေးကြမ်းကြမ်းတွေပြန်လာဦးမလား
image
ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
ဂျယ်လိမ်းမယ်
အလှပြင်မယ်
ကိုယ်နှုတ်နှစ်ပါးယဉ်ကျေးအောင်နေမယ်

ဒီနေ့ညောင်ရေသွန်းပွဲတော်ရှိတယ်
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာ ညောင်ရေသွန်းပွဲတော်တွေရှိတယ်
ရွက်ဟောင်းတွေကြွေပြီးတိုင်း ရွက်နုတွေဝေနေဖို့လိုတယ်။

ညောင်ရေသွန်းပွဲတော်ကြီးပြီးသွားရင်
စည်းလုံးခြင်းတွေကျန်နေပါစေ
နုပျိုခြင်းတွေကျန်နေပါစေ
ရယ်မောခြင်းကြွက်သားတွေနိုးထလာပါစေ
ယဉ်ကျေးမှုတွေပြန်လည်လာပါစေ

ညောင်ရေသွန်းပွဲတော်ကြီးပြီးသွားပြီ
အလွမ်းတွေကျန်နေခဲ့ပြီ
အားလုံးပျော်၍ မော်နိုင်ကြပါစေ
အားလုံးကျန်းမာကြပါစေ
အားလုံးချမ်းသာကြပါစေ။ ။
image

Sort:  

ညောင်ရေသွန်းပွဲတော် အတူနွဲပျော် အတူးသွားရင်း စတုသီတာ သွားစားကြမယ်လေ

လာခဲ့လေ အစ်မ သွားရအောင် အရမ်းကြည်နှုးဖို့ကောင်းတယ်

ရွက်ဟောင်းတွေကြွေပြီးတိုင်း ရွက်နုတွေဝေနေဖို့

ရွက်ဟောင်းကြွေလို့ ရွက်နုဝေဖို့အတွက် သာသနာဆက်လက်စီပင်ဖွံဖြိုးဖို့ရန်အတွက် ညောင်ရေသွန်းလောင်းကြရပါတယ်

လူ​တွေတန်းစီနာပှဲှ်ှ််​​တောင်​​ရောက်​ပါ့မလား

လူများကြီးထဲ ပျော်စရာကြီးပါဗျ ဦးရွေရိုး အကတောင်ပါသေးတယ်

human ဘုတ်ပေးထားတယ် :-) ပြန်ဘုတ်ပါ

ပြန် vote ပေးထားပါတယ်

Good

good post

yes sir chit thank you par byar

good post

Good post

ညောင်ရေသွန်းပွဲအတွက်ရေးသားပေးတာ အရမ်းကောင်းပါတယ် တူတူဆင်နွဲကြပါစို့

၃ ရက်ပဲလိုတော့တယ် တူတူသွားကြမယ်လေ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58639.60
ETH 3167.30
USDT 1.00
SBD 2.43