၇ ရက် သားသမီးများအတွက် ကံကြမ္မာ2018 4 7

in #artzone6 years ago

တနင်္ဂနွေသားသမီးများဒီရက်အတွင်း စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံလာတတ်ပါတယ်။ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်ကုန်သွားတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်သဘော တင်းတင်းမာမာ ကွဲတတ်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ လက်ရှိအလုပ်ကို တိုးချဲ့ရတာ၊ လုပ်ငန်းအသစ်စတင်ရတာတွေလည်း ကြုံရတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးညံ့နေသူတွေ သိသိသာသာကောင်းသွားမယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၇ နဲ့ ၄ ဖြစ်ပါတယ်။
image
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတို့ရဲ့ အသည်းအသန်သတင်း၊ စိတ်မကောင်းစရာသတင်းတွေ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများဖြေရှင်းရတတ်တယ်။ အရောင်းမှား၊ အဝယ်မှားဖြစ်တတ်တယ်။ ခရီးကိစ္စ၊ စိတ်ညစ်ရတတ်တယ်။ မိတ်ဟောင်း၊ ဆွေဟောင်း၊ ဆရာဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းတွေ့ခြင်း၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရခြင်း၊ အလုပ်တွေ နှစ်ဆတိုးချဲ့ရခြင်း၊ ဝင်ငွေတိုးခြင်း၊ ရပ်ဝေးက ငွေတွေ၊ ပစ္စည်းတွေ ရောက်လာခြင်းတွေ ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၉ နဲ့ ၇ တို့ဖြစ်ပါတယ်။
အင်္ဂါသားသမီးများဒီရက်တွေအတွင်း ကောင်းတဲ့အပြောင်းအလဲတွေ ကြုံလာမယ်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ အလုပ်မှာ အခွင့်အရေးကောင်း၊ ပညာထူးတွေ ရတတ်တယ်။ အလုပ်မှာ အခွင့်အရေးကောင်း၊ နေရာကောင်းရတာတွေ ကြုံမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့လည်း သတင်းကောင်းကြားရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်၊ ထွက်တတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံတတ်တယ်။ မိတ်ဆွေရင်းတွေနဲ့ အဆင်မပြေ လမ်းခွဲရတတ်တယ်။ ကျန်းမာရေး တရှောင်ရှောင်ဖြစ်နေမယ်။ စိတ်နဲ့လူနဲ့ မကပ်ပဲဖြစ်နေမယ်။ ငွေဆုံးတာပျောက်တာ၊ အချေးအငှားကိစ္စစိတ်ညစ်ရတာ၊ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၆ နဲ့ ၉ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများအခုရက်တွေအတွင်း လုပ်သမျှ ကြံသမျှ အနှောင့်အယှက်တွေ ကြုံနေမယ်။ မနာလို ရန်လိုသူပေါမယ်။ စွပ်စွဲနာမည်ဖျက်တာတွေ ခံရတတ်ပါတယ်။ မိတ်ဆွေရင်း၊ လူရင်းတွေ သစ္စာဖောက်တတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စ ရည်ရွယ်ချက်တွေ ပျက်သွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ညှိမရ၊ နှိုင်းမရဖြစ်တတ်ပါတယ်။ လိမ့်ကျတာ၊ ချော်လဲတာ၊ ခြေထောက်၊ ခါး ဒုက္ခပေးတာတွေ ကြုံရတတ်ပါတယ်။ ဆီး၊ မျက်စိကျန်းမာရေးညံ့တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျဖြစ်ရတတ်တယ်။ မထင်မှတ်တဲ့နေရာက ငွေတွေအများကြီး ဝင်လာမယ်။ ငွေအဝင်ကြမ်းသလောက် အထွက်လဲကြမ်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၁ နဲ့ ၈ တို့ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58833.91
ETH 3155.94
USDT 1.00
SBD 2.44