ပ်ငန်းခွင်ခံစားခွင့်

in #artzone6 years ago

အနည်းဆုံး အခကြေးငွေ အတည်မပြုမီ လုပ်ငန်းခွင်ခံစားခွင့် လျှော့ချခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိဟုဆိုအနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းနှင့်ပတ်သက်၍ စက်ရုံဝန်ထမ်းများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ-စိုင်းဇော်) အနည်းဆုံး အခကြေးငွေနှုန်းထား အတည်ပြုခြင်း မရှိသေးသော်လည်း
image
လုပ်ငန်းခွင်ခံစားခွင့်များ လျှော့ချ ခြင်းနှင့် ယခင်သတ်မှတ်နှုန်းထား တစ်ရက်လုပ်ခကျပ် ၃,၆၀၀ မရ ခြင်းများကြောင့် တိုင်ကြားမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှု၊လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်း အောင်က ပြောသည်။ အနည်းဆုံး အခကြေးငွေ နှုန်းထားအသစ် အတည်ပြုပြီး နောက် လုပ်ငန်းခွင်များတွင် သတ်မှတ်နှုန်းထား မပေးခြင်းနှင့် အ လုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိလျှင် ကူညီဖြေရှင်းရန် MICS က အနည်းဆုံး လုပ်ခလ စာဆိုင်ရာ လေ့လာစောင့်ကြည့် အကူအညီပေးရေး ကော်မတီဖွဲ့ စည်း၍ တိုင်ကြားမှုများကို ကြိုတင်လက်ခံဆောင်ရွက်နေသည်။ အနည်းဆုံး လုပ်ခလစာ ဆိုင်ရာ လေ့လာစောင့်ကြည့်အကူ အညီပေးရေးကော်မတီကို မတ်လက ရန်ကုန်နှင့် မန္တလေးတိုင်းဒေ သကြီးတွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီဖွဲ့စည်းပြီး နောက် မန္တလေးတိုင်းဒေသကြီးရှိ စက်ရုံနှစ်ရုံတွင် ယခုအချိန်ထိ အနည်းဆုံးလုပ်ခကျပ် ၃,၆၀၀ မရသေးသည့် တိုင်ကြားမှုနှင့် အ ခြားစက်ရုံနှစ်ရုံမှ အနည်းဆုံးအ ခကြေးငွေနှုန်းထား အသစ်အ တည်မပြုမီ အလုပ်သမားများ အား ပေးထားသည့် ခံစားခွင့်ကို လျှော့ချနေသည့်တိုင်ကြားမှုများ ရထားကြောင်း ဦးသက်နှင်း အောင်က ဆိုသည်။

Sort:  

Congratulations @mayjuly! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard Ranking update - A better rich list comparator
Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations @mayjuly! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67651.30
ETH 3269.44
USDT 1.00
SBD 2.64