န​မော်​နမဲ့

in #artzone6 years ago

ネကျွန်​​တော်​မှာစိတ်​ထား​ကောင်းသ​လောက်​ရိုးရိုးအအ၊အူတူတူနိုင်​တဲ့သူငယ်​ချင်းတစ်
ယောက်​ရှိပါတယ်​။ကျွန်​​တော့သူငယ်​ချင်းက
တောရွာငယ်​​လေးတစ်​ရွာမှာတာဝန်​ကျတဲ့
ကျောင်းဆရာမ​ပေါက်​စ​လေးပါ​။သူလုပ်​လိုက်
လျှင်​အရာရာနဲ့အ​ကြောင်း​ကြောင်းချည်းမို့
ရယ်​ရခက၊်​မရယ်​ရခက်​ပါပဲ။တစ်​ခါက​၊တောင်
ငူက​နေမန္တ​လေးကိုExpressကားနဲ့ပြန်​လာခဲ့တယ်​၊သူ့​ဘေးမှာအခြားခရီးသွားလူကြီးတစ်​​ယောက်​နဲ့တစ်​ခုံတည်းကျလာတယ်​၊မိတ္ထီလာမ​ရောက်​မီသူဟာအ​ပေါ့အပါးသွားချင်​​နေခဲ့
တယ်​​၊ဟန်​မ​ဆောင်​နိုင်​​လောက်​​အောင်​ပါပဲ၊
သို့​ပေမယ့်​​အောင့်​အီးပြီးလိုက်​ခဲ့ရတာ​ပေါ့။
ဒီလိုနဲ့မိတ္ထီလာစား​သောက်​ဆိုင်​တစ်​ခု​ရောက်​​တော့စပါယ်​ယာက"ခရီးသည်​များခင်​ဗျာ
နေ့လည်​စာသုးံ​ဆောင်​နိုင်​ရန်​၊နာရီဝက်​ခန့်​နား
ပါမယ်​၊တန်​ဖိုးရှိပစ္စည်းများနဲ့စာရွက်​စာတမ်းများကိုမိမိနှင့်​တစ်​ပါတည်းယူ​ဆောင်​သွားကြပါခင်​ဗျာ"လို့နှိုး​ဆော်​ပြီးကားလည်းရပ်​​ပေး
ရောသူလည်းအ​ရေးကြီးသုတ်​ပြာနဲ့ကား​ပေါ်ကဆင်းပြီးအိမ်​သာရှိရာခပ်​သုတ်​သုတ်​​ပြေး
တော့တာ​ပေါ့၊သူ့ကိစ္စပြီးလို့ကားနားကိုမ
ရောင်​မလည်​ပြန်​လာတဲ့အခါသူနဲ့အတူထိုင်
နေတဲ့လူကြီး​အောက်​မဆင်းပဲထိုင်​​နေတာကို
တွေ့လိုက်​ရတယ်​၊ဒါနဲ့သူလည်း"ဦး​လေး
အောက်​မဆင်း​တော့ဘူးလား"လို့​မေးလိုက်​ရာလူကြီးက"​ကောင်​မ​လေးကျုပ်​ဘယ်​ဆင်းဝံမှာလဲ၊ကိုယ့်​​ခြေ​ထောက်​ကိုလည်း​ပြန်​ကြည့်​လိုက်​ပါဦး"လို့​ပြောသတဲ့၊သူလဲထိုလူကြီး​စကားအတိုင်း​ခြေ​ထောက်​ကိုငုံ့ကြည့်​လိုက်​ရာ
"သူ့​ခြေ​ထောက်​မှာသူ့ဖိနပ်​ကတစ်​ဘက်​၊ထိုလူကြီး၏ဖိနပ်​ကတစ်​ဘက်​"ဖြစ်​​နေတာ​ကို​တွေ့လိုက်​ရသတဲ့၊​ဘေးကိုကြည့်​လိုက်​တော့လည်းခရီးသည်​​တွေကပြုးစိံပြုးံစိနဲ့ကြည့်​​နေ
ကြသတဲ့၊ဒီ​တော့မှသူလည်းရှက်​ကိုးရှက်
ကန်းနဲ့ဗြုန်းဆိုကား​ပေါ်ကို​ပြေးတတ်​ပြီးလူ
ကြီးကိုဖိနပ်​တစ်​ဘက်​ပြန်​​ပေးရင်းပါးစပ်​က
ပြောလိုက်​တာက"ဦး​လေး ၊ကန်​​တော့​နော်​၊ကန်​​တော့"တဲ့န​မော်​နမဲ့သတိလက်​လွတ်​ဖြစ်​ခဲ့ရင်​အရှက်​ရစရာနဲ့လည်းကြုံရတတ်​တယ်​အဆင်​မ​ပြေမှုများစွာနဲ့လည်းကြုံရတတ်​တယ်​၊
ဆံုးရှုးံပျက်​စီးမှုနဲ့လည်းကြုံရတတ်​ပါတယ်​။ဒါ​ကြောင့်​အစစအရာရာသတိတရားလက်​ကိုင်​ထားပြီးပြုမူလုပ်​ကိုင်​ကြပါလို့သတိ​ပေးလိုက်​ပါရ​စေ။

Sort:  

To get upvote from @wafrica, the post needs at least 300 characters! Please describe your work in detail ;-)

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57668.08
ETH 2381.55
USDT 1.00
SBD 2.42