မုန့်သည်မ ရဲ့နွေ

in #artzone6 years ago

image

  • တူးပို့ဒိုးဆစ်သံအစား
    တက်ကနိုဘိသံတွေကြားလာရတဲ့နှစ်သစ်ကူးမှာ
    ဘယ်သွားသွား ရေမစိုဘူး အမေ။
  • တန်ခူးလထဲမှာမှပွင့်ပြကြတဲ့
    အဝါရောင်ပန်းတွေကလဲ
    ပိတောက် မဟုတ်ကြတော့ဘူး။
  • အုန်းလက်ရွက်စိမ်းစိမ်းလေးတွေကြားက
    စပယ်ပန်းနံ့လေးမွှေးပျံ့အေးမြနေခဲ့တဲ့
    လောင်းလှေထဲကရေကလေးတွေ
    ပုခုံးပေါ်လောင်းချလိုက်တဲ့
    ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့အတူ
    တမာပွင့်မြေသင်းနံ့မွှေးနေတဲ့မြေပေါ်ကို
    တစိမ့်စိမ့်စီးဆင်း
    အဲတာ ချင်းတွင်း ပဲမဟုတ်လား။
  • ရင်ဘတ်ကြီးနဲ့ ထုဆစ်ပုံဖော်ဖွဲ့သီထားကြတဲ့
    ကိုယ်စီကိုယ်ပိုင်အနုပညာပစ္စည်းတွေကို
    တီးမှုတ်သီဆိုကပြဖြေဖျော်
    မြို့လုံးကျွတ် ပျော် ခဲ့ကြဘူးတယ် ဆို။
  • '' ---- အမျိုးသားရေသဘင်အဖွဲ့ကြီး''
    '' ကျမ်းမာပါစေ ''
    '' - - - - အမျိုးသမီးရေသဘင်အဖွဲ့ကြီး''
    '' ကျမ်းမာပါစေ ''
    ကျမ်းမာပါစေ ကျန်းမာပါစေတဲ့လားအမေရယ်။
  • ဒီမယ် မုန့်သည်မ အမေရဲ့
    အမေ မုန့်ရောင်းခဲ့တဲ့
    ဟောဒီကမ်းနဖူး သောင်ပြင်ဦးမှာ
    နောင်နှစ်ပေါင်းများစွာကြာ
    တစ်ခုသော တန်ခူးလမှာ
    ကမ္ဘကျော်သင်္ကြန်ပွဲ
    ခြိမ့်ခြိမ့်သဲဆင်နွှဲကျင်းပ
    ဝက်ဝက်ကွဲပျော်ရွှင်ကြလိမ့်မယ် လို့များ
    ဗျာဒိတ် တော်မြွက်ကြား
    တခုတခုများ ပြောထားခဲ့သေးလားအမေ။
  • တူးပို့ဒိုးဆစ်သံတွေအစား
    တက်ကနိုဘိ သံတွေကြားလာရတဲ့နှစ်သစ်ကူး
    ဘယ်သွားသွား ရေမစိုတော့ပါဘူးအမေရယ်။
Sort:  

World of Photography
>Visit the website<

You have earned 5.15 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.03
Server time: 15:17:41
Account Level: 0
Total XP: 30.50/100.00
Total Photos: 6
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95