Toyota mark x

in #artzone8 years ago (edited)

Toyota mark x
ဒီနေ့ကြုံတွေ့ရတဲ့ ပြဿနာလေး တစ်ခုပေါ့ ကားစက်နိုးရတာ တစ်ခါထဲ မနိုးလို့ပါတဲ့။ကားပေါ်တက်ပီး စက်နိုးစမ်းကြည့်ပါတယ် မော်တာ relay အသံကြားရပါတယ် မောက်တာ မလည်ပါဘူး အကူကောင်လေးကို ကားအောက်ဘက် ဝင်ခိုင်းပီး မော်တာကို တူအငယ်နဲ့ နဲနဲ ခေါက်ခိုင်းလိုက်ပါတယ် ပီးတော့ ကားကို စက်ပြန်နိုးကြည့်တာ အလွယ်တစ်ကူဘဲ နိုးသွားပါတယ် စက်ပြန်သတ်ပီး ပြန်နိုးစမ်းကြည့်ပါတယ် မနိုးတော့ပါဘူး။
ကားပိုင်ရှင်ကို ပြောလိုက်ပါတယ် မော်တာ ကာဗွန်ကုန်တာ ဖြစ်ဖို့ ၈၀ ရာခိုင်နူန်းရှိပါတယ် ဘာလုပ်ခြင်သလဲ ပြောပါ ဆိုတော့ ရတယ်ဆရာ အဆင်ပြေအောင် ဘုပ်ပေးပါတဲ့။ကဲညီလေးတွေ ကားဘောနပ်အဖုံး ဖွင့်ထားပါ ကားအင်ဂျင်ခန်း အေးသွားရင် စမယ်လို့ ပြောလိုက်ပါတယ်။ကျွန်တော်လဲ တစ်ခြားကားတစ်စီး လုပ်နေတာ မပီးသေးလို့ လက်စသတ် လုပ်နေရပါတယ်။ နောက်တစ်နာရီလောက် ကြာတော့ ကောင်လေးတွေလာပြောပါတယ် ဆရာ အင်ဂျင်အခန်း အေးနေပါပီတဲ့ အေး လာခဲ့မယ် ကျန်တာ ဘာမှမလုပ်နဲ့ဦး ငါ့ကို ခဏစောင့်လို့ ပြောလိုက်ပါတယ်။လက်မှာပေနေတာတွေဆေးကြောပီး ကားဆီလိုက်သွားလိုက်ပါတယ် ကားထဲ ဝင်ထိုင်ပီးတော့ သော့စနစ်ကို အရင်စစ်ဆေးလိုက်ပါတယ်။immoblizer chip type ပါ နောက်တစ်ခုက ဘက်ဂီယာ ထိုးစမ်းလိုက်ပါတယ် ကက်ဆက်က အော်ရဂျင်နယ်ပါ ဘက်ထိုးလိုက်တော့ အနောက်ကင်မရာက အရုပ်ပေါ်လာပါတယ်။ပီးတော စတီရာတိုင်ကို လှည့်ကြည့်ပါတယ် တွေ့ပါတယ် ကင်မရာက စီယာတိုင် လှည့်တဲ့ဘက်ကို မျည်းလိုက်ကွေးပါတယ်။
အနေအထားရတော့ သေချာပါတယ် ဘက်ထရီ လုံးဝ ဖြုတ်လို့မရတဲ့ အမျိုးအစားပါ သတိမထားဘဲ ဖြုတ်မိရင်တော့ ဂွမ်းပီ ။မော်တာကို ကိုယ်တိုင် ဝင်ဖြုတ်ပေးရပါတော့မယ် အရှေ့အင်ဂျင်ခန်းကို သွားကြည့်မှ ပက်လက်ပါ လန်သွားပါတယ် အင်ဂျင်ဘေးနား ဘယ်နေရာမဆို လက်တစ်ချောင်း ကောင်းကောင်းမဝင်တဲ့ အမျိုးအစားပါ။

   MSU.032

image image image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by komgthet from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

ဘဒိုကားပြင်​တာကျွမ်းတယ်​ ဆှာကြီးပဲ

လေ့လာနေဆဲပါဗျာ ဆရာတွေ့ ကြံပေးချက်တွေလဲ ရှိပါတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64153.03
ETH 1867.14
USDT 1.00
SBD 0.36