မင်းစိတ်နဲ့ စီးခဲ့တဲ့ပင်လယ်

in #artzone6 years ago

image

ချစ်ခြင်းတရားက ကမ္ဘာကိုတောင် ပိုင်စိုးလို့ရနိုင်တယ်။ ကမ္ဘာပေါ်က လူတစ်ယောက်က အဲဒီ ချစ်ခြင်းကို ထမ်းထားရတာတော့ ဘယ်လို ပင်ပန်းမှုမျိုးလဲ ။ အဲဒီတည်ရှိမှုအပေါ်လမ်းဖြတ်လျှောက်ကြည့်ပါ ။ အစွမ်းကုန် ထမ်းထားပေးတယ် ။ အလွမ်းတွေနဲ့ပေါ့ကွယ်။

ဘယ်သူမှ မရှိတဲ့ကမ္ဘာထဲမှာ နေပျော်ရခြင်းအကြောင်းက ဘာဖြစ်မလဲ ။ဘယ် ကိုးကားစာအုပ်ကိုပဲ ဖတ်ဖတ် အပြည့်အဝ ဆွေးနွေးလို့ မရတဲ့ ခေါင်းစဉ်တွေ ။ကိုယ့်ကိုယ်ကို မဖြေနိုင်တဲ့ မေးခွန်းတွေ မေးတာ ဘယ်သူ့ပယောဂမှ မပါဘူး။ မရှိဖူးတဲ့ ကမ္ဘာကို ပြန်သွားမယ်လို့ ပြောတော့ အိပ်မပျော်တဲ့ညတွေ များနေလို့ လို့ ဆရာဝန်က ပြောတယ်။ ဘယ်ရောဂါကဖြင့် မင်းကို လွမ်းတဲ့စိတ်ကြောင့်ဖြစ်တာ လို့ သူ နာမည်တပ်မပေးနိုင်ဘူး။ ဟိုတဝက် ဒီတဝက် အရောင်စပ်ထားတဲ့ ဆေးတွေကို ကြည့်ရင်း အသံထွက်ပြီးရယ်မိတယ် ။အရောင်မညီတဲ့ ကမ္ဘာမှာ ရွာရန်ရာနှုန်း ၉၀ဆိုတာထက် ၁၀ ရာခိုင်နှုန်းကို ပဲ ပို ယုံကြည်နေမိတာ ။

ခိုကိုးရာမဲ့ ဝိဉာဉ်တစ်ကောင်က သူ့တည်မှီရာ ရုပ်ခန္ဓာကို အားကိုးတကြီး ပြန်လည်ရှာဖွေတယ်။ အရာရာ နောက်ကျသွားတဲ့အခါ တငွေ့ငွေ့ တက်လာတဲ့ ပြာမှုန်လေးတွေကို ကြည့်ရင်း ကိုယ့်မှာ တည်မှီရာ မရှိတော့ဘူး လို့ မယုံချင်ဘဲ ယုံလိုက်ရတယ်။လက်ဆုပ်လက်ကိုင်မဲ့တဲ့ ငရဲက ရှေ့တည့်တည့်မှာ ။

ခရီးတွေ အတူတူထွက်မယ်။ မင်းကိုဘေးမှာထားပြီး မင်းအကြောင်း ကဗျာရေးရတာလောက် ဘဝမှာ နှစ်လိုဖွယ်ကောင်းတဲ့ အချိန်တွေ ရှိမှာမဟုတ်ဘူး။ စိတ်ကူးထဲက အနမ်းတွေ မင်းဆီမရောက်ခင် ပျက်ကျသွားတယ် ။ ကော်ဖီခွက်ထဲ ပြုတ်ကျလာတဲ့ဇွန်းလေးလိုမင်းက ကိုယ့်ခါးသီးနာကျင်မှုကိုမှ မခံစားနိုင်ဘဲ........... ။ ရှင်သန်နေပါတယ်။ မင်းစိတ်နဲ့ ကိုယ့်ဘဝ အသေထဲမှာ ။

မင်းက သိပ်ကို ကျွမ်းကျင်တဲ့ မျက်လှည့်ပညာရှင်လည်း ဖြစ်သေးရဲ့။မင်းအနားကနေ ကိုယ့်ကို ဖျောက်တယ်။ စကြဝဠာအစွန်ကို တစ်ယောက်ထဲ လွင့်ခဲ့ပေါ့ ။ ကိုယ့်ကိုယ်စား ချစ်ခြင်းမေတ္တာ နှင်းဆီပန်းလေးကို ပြသပါ။ ခါးကို ညွှတ်ကိုင်းလိုက်ပါ။မင်းလက်ခံရရှိမယ့် လက်ခုပ်သံတွေကလည်း မနည်း ...... ။ တယုတယနမ်းချင်ခဲ့တဲ့ အနမ်းတွေက မင်းရဲ့ပုဝါလေး တစ်ချက်အခါ ကိုယ့်လေထုမှာ ဝေ့ဝဲ........ ။ပြီးတဲ့နောက် ပျောက်ကွယ် .........။

မင်းက ချစ်ခြင်းမေတ္တာကို မယုံကြည်ဘူး ။ ကိုယ်က ကိုယ့်ကိုယ်ကို ယုံကြည်တယ်။
အဲဒီမှာ ကစားပွဲ စခဲ့တာပဲ။

သိပ်အတာပဲ လို့ မင်းတွေးဖြစ်ရင် ဒီဂိမ်းရဲ့ mission အောင်ပါတယ်။

အတိတ်မေ့မှာစိုးတဲ့ လူတစ်ယောက် အယ်လ်ဇိုင်းမားဖြစ်သွားတာမျိုး ၊ နိဗ္ဗာန်တရားတွေနဲ့ လွဲရတာမျိုး၊ ရပ်ပြစ်ရှစ်ပါးမှာ မင်းနေရပ်နဲ့ လွဲခြင်းကလည်း တစ်ပါးပါနေသလိုမျိုး ။ မျက်နှာကြက်ပေါ်က ပြုတ်ကျလာတဲ့ အိမ်မြောင်လို ကိုယ့်မှာ ဦးတည်ရာမဲ့နေတယ်။

နောက်ထပ် နှစ်တွေကြာရင် မင်းကို ကိုယ်မေ့နိုင်မှာပါ ၊ ဖြေသာမှာပါ။
အဲဒီလိုတွေးလိုက်ရင်ကို ဝမ်းနည်းမှုက အတိုင်းအဆမဲ့ ၊
ဒါဘယ်လို နာကျင်ရခြင်းမျိုးလဲ။

ကိုယ်တိုင်ကိုယ်ကျ ရောက်ခွင့်မရှိတဲ့ အရပ်ဒေသကို စိတ်တွေပဲ နေ့တိုင်းပျံသန်း၊သတိရခြင်းတွေက ရင်ဘတ်ကို တည့်တည့်စိုက်တဲ့ ဓားတွေပဲ ။ အလွမ်းတွေ စိမ့်အိုင်ထွက်လာတယ်။ ကိုယ့်ထွက်သက်က အချိန်ကိုက်ထားတဲ့ နာရီတစ်လုံးပဲ ။ တတီတီ အော်ပြီး ရပ်တန့်သွားတယ်။ အရာအားလုံး ပြီးဆုံးခဲ့ပြီ တဲ့ ။ ဖြေဆိုခြင်းမပြုနိုင်ခဲ့တဲ့ စာရွက်အဖြူလေး အပ်ခဲ့တယ်။ရင်ဘတ်နဲ့ ဖတ်ပါကွယ်။ကိုယ်က မင်းစိတ်နဲ့ စီးခဲ့တဲ့ ပင်လယ် ။

                                                      #kmmt
Sort:  

ခုမှမန့်​ဖြစ်​​ဒေ

ဟင်
received_428192417641659.jpeg

Kyawwin

Min min thant 1

khantnyar

Min2thant

Aungmyomindin

Bo Tint (1)

com (1)

Ammd

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58639.60
ETH 3167.30
USDT 1.00
SBD 2.43