ဝိပသနာ

in #artzone6 years ago

ဝိပသနာတရားအားထုတ်မယ်ဆိုရင်ပါဝင်ဖြည့်ဆည်းရမည့်အင်္ဂါရပ်များကိုဖော်ပြပေးမယ်နော်
ဗောဓိပပက္ခိယ(၃၇)ပါးး
ဗောဓိပက္ခိယဟူသည် ဗောဓိဥာဏ်ရဘို့ရန်
အထောက်အပံ့ဖြစ်သဘ်။အရိယာမဂ်၏ အထောက်
အပံ့ဖြစ်သည်။တရားကျင့်သော ယောဂီ၏ တရား
ကျင့်ရာ၌ အားပြုရမည့် အချက်အလက်များဖြစ်သည်
ထိုဗောဓိပက္ခိယတရား(၃၇)ပါးတို့သည်. ,.
၁။သတိပဋ္ဌါန်( ၄ )ပါးး သတိပြုရာလေးပါး
၂။သမ္မပ္ပဓာန်(၄)ပါးး ဝီရိယအားထုပ်မှု
၃။ဣနြေ္ဒ(၅)ပါးး သဒ္ဒါ ဝီရိယ သတိ သမာဓိ ပညာ
၎။ဗိုလ်(၅)ပါးး သဒ္ဒါ ဝီရိယ သတိ သမာဓိ ပညာ
၅။ဣဒ္ဓိပ္ပါဒ်(၄)ပါးး ဆန္ဒ စိတ္တ ဝရီယ ဝီမံသ
၆။ဗောဇ္ဈင်(၇)ပါးး ဓမ္မဝိစယ သတိ သမာဓိ ဝီရိယ
ပီတိ ပသဒ္ဓိ ဥပေက္ခာ
၇။။မဂ္ဂင်(၈)ပါးးး သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ သမ္မာဝါစာ
သမ္မာကမ္မန္တ သမ္မာအာဇီဝ
သမ္မာဝါယမ သမ္မာသတိ
သမ္မာသမာဓိ
ပေါင်း(၃၇)ပါး တို့ဖြစ်ကြပါတယ

သတိပဋ္ဌါန်(၄)ပါးးအကြောင်းလေးရှင်းပြပေးမယ်နော်
၁။ကာယာနုပဿ နာသတိပဌာန်
ရုပ်​အ​ပေါ်၌ သတိထားရှုခြင်း:(,၃၂)​ကောဌာသ
ဓာတ်​​လေးပါး အာရုဏ်​ ၆ပါး ပသာသရုပ်​ ၅ပါး

၂။ဝေဒနာနုပဿ နာသတိပဌာန်
ခံစားမှု နာမ်​ ၏သ​ဘောကို သတိထားရှုခြင်း

၃။စိတ္တာနုပဿ နာသတိပဋ္ဌါန်
လောကီစိတ် နာမ် ၏သဘောကိုသတိထားရှုခြင်း

၎။ဓမ္မာနုပဿ နာသတိပဋ္ဌါန်
အထက်ပါ (၃)မျိုးတို့၏သဘောကိုလက္ခဏာရေး
သုံးပါးဖြင့်သတိထားရှုခြင်းတို့ဖြစ်ပါတယ်

သမ္မပ္ပဓာန်(၄)ပါးအကြောင်းရှင်းပြမယ်နော်
သမ္မ+ပဓာန = ကောင်းစွာအားပြုခြင်း
၁။ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယမ=ဖြစ်ပြီး
ရှိပြိးသော အကုသိုလ်ကို ပယ်ရန်လုံလပြုခြင်း

၂။အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယမ=
မဖြစ်ပေါ်သေးသောအကုသိုလ်ကိုပယ်ရန်
လုံလပြုခြင်း

၃။အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပဒါယ ဝါယမ=
မဖြစ်ပေါ်သေးသောကုသိုလိကို ဖြစ်ရန်
လုံလပြုခြင်း

၎။ ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယမ=
ဖြစ်ပြီးသောကုသိုလ်ကိုတိုးပွါးရန်လုံလပြုခြင်းတို့ဖြစ်ပါတယ်

ဣနြေ္ဒ(၅)ပါး
ဣန္ဒ+ဣယ=လွှမ်းမိုးနိုင်ခြင်းအုပ်ချုပ်နိုင်ခြင်း

၁။သန္ဒိနြေ္ဒ=ယုံကြည်မှု အစိုးရခြင်း အာဂမ
ပသာဒ သြကပ္ပန အဓိဂမ ဟု၍လေးပါးရှိ၏။
(ဝိစိကိစ္ဆာကိုနိုင်၏ သဒ္ဓါစေတသိတ်စိတ်၌
ခိုင်မြဲစွာ ယှဉ်နေခြင်း)

၂။ဝီရိယိနြေ္ဒ=အားထုပ်မှုအစိုးရခြင်း
( ထိနမိဒ္ဓ နိုင်၏ ဝီရိယစိတ်၌ ခိုင်မြဲနေခြင်း)

၃။သတိနြေ္ဒ= အောက်မေ့မှု၏အစိုးရခြင်း
(တွေဝေမှုကိုနိုင်၏ သတိစေတသိတ်၌ခိုင်မြဲခြင်း)

၎။သမာဓိနြေ္ဒ='တည်ကြည်မှု၌အစိုးရခြင်း
(ဥဒ္ဓစ္စ ကိုနိုင်၏ ဧကဂ္ဂတာစေတသိက်၌ခိုင်မြဲခြင်း)

၅။ပညိနြေ္ဒ=သိခြင်း၏အစိုးရခြင်း
(မောဟ ကိုနိုင်၏ ပညိနြေ္ဒစေတသိက်၌ခိုင်မြဲခြင်း)


ဗိုလ်(၅)ပါးး=ဗလ အားစွမ်းရည်
၁။သဒ္ဒါဗိုလ်-စိတ် စေတသိက်တို့၏
ကြည်လင်မှုစွမ်းအားအဓိကအားဖြင့်
မဂ္ဂင်ရှစ်ပါးသည် အသင်္ခတဓာတ် နိဗ္ဗာန်ချမ်းသာ
ရကြောင်း နည်းကောင်းဟုယုံကြည်ခြင်း။

၂။ဝီရိယဗိုလ်-ကောသဇ္ဇ(ပျင်းရိမှု)ကို တိုက်ဖျက်နိုင်မှု
စွမ်းအား ကျင့်ကြံအားထုတ်မှု စွမ်းအားကြီးခြင်း

၃။သတိဗိုလ်=ကုသိုလ်အာရုံ၌ ရှေးရှုသိမြင်န်ုင်မှု
စွမ်းအား ရှေးရှူအောက်မေ့မှု စွမ်းအားကြီးခြင်း

၎။သမာဓိဗိုလ်-ဝိပသနာ ဈာန် စသောအာရုံတို့ကို
အာရုံပြုသိရာ၌ နီဝရဏကိလေသာတို့ကို
တိုက်ဖျက်နိုင်မှု စွမ်းအား အရှုဥာဏ်စိတ်၌
အကုသိုလ်အညစ်အကြေးများတဖန်ပြန်ကပ်မှု
မရှိအောင် သတိ ပညာ စသော ကုသိုလ်
စေတသိက်တို့က ခိုင့်မြဲစွာအုပ်ချုပ်ထားခြင်း

၅။ပညာဗိုလ်-အမှန်အတိုင်းသိမြင်နိုင်မှုစွမ်းအား
ဒိဋ္ဌိဝိပလ္လာသတရားတို့ကိုခြေဖျက်နိုင်မှုစွမ်းအား

ဣဒ္ဓိပါဒ်(၄)ပါး
ဣဒ္ဓိ+ပါဒ=ပြီးပြည့်စုံခြင်း၏အခြေခံ
၁။ဆန္ဒိဒ္ဓိပ္ပါဒ်-ပြည့်စုံခြင်း၏ အခြေခံဖြစ်သော
ထက်မြက်သောဆန္ဒ

၂။စိတ္တိဒ္ဓိပ္ပါဒ်-ပြည့်စုံပြီးခြင်း၏ အခြေခံဖြစ်သောစိတ်

၃။ဝီရိယိဒ္ဓိပ္ပါဒ်- ပြည့်စုံပြီးခြင်း၏ အခြေခံဖြစ်သော
လုံလဝီရိယ

၎။ဝီမံသိဒ္ဓိပ္ပါဒ်- ပြည့်ုစုံပြီးခြင်း၏ အခြေခံဖြစ်သောပညာ

ဗောဇ္ဈင်(၇)ပါး
ဗောဓိ+အင်္ဂါ - သစ္စာလေးပါးကိုသိကြောင်းဖြစ်သော
တရားအပေါင်း၏အင်္ဂါအစိတ်အပိုင်း

၁။သတိသမ္ဗောဇ္ဈင်- ဝိပသနာနှင့်ယဉ်သောသတိ

၂။ဓမ္မဝိစယသမ္ဗောဇ္ဈင်-ရုပ် နာမ်ပေါ်၌လက္ခဏာရေး
၃ပါးဖြင့်ဆင်ခြင်မှုပညာ

၃။ဝီရိယသမ္ဗောဇ္ဈင်-ဝိပသနာနှင့်ယှဉ်သောဝီရိယ

၎။ပီတိသမ္ဗောဇ္ဈင်-ဝိပသနာနှင့်ယှဉ်သောပီတိ

၅။ပဿ ဒ္ဓိသမ္ဗောဇ္ဈင်-စိတ် စေတသိက်တို့၏
ငြိမ်းအေးခြင်းး

၆။သမ္မာဓိသမ္ဗောဇ္ဈင်-ဝိပသနာနှင့်ယှဉ်သောသမာဓိ

၇။ဥပေက္ခာသမ္ဗောဇ္ဈင်-ဝိပသနုပေက္ခာ

မဂ္ဂင်(၈)ပါး

သီလမဂ္ဂင်(၃)ပါး
၁။သမ္မာဝါစာ-မှန်ကန်စွာပြောဆိုမှု

၂။သမ္မကမ္မန္တ-မှန်ကန်စွာပြုလုတ်မှု

၃။သမ္မာအာဇီဝ-မှန်ကန်စွာအသက်မွေးမှု

သမ္မာဓိမဂ္ဂင်(၃)ပါး
၁။သမ္မာဝါယမ-မှန်ကန်စွာအားထုတ်မှု

၂။သမ္မာသတိ-မှန်ကန်စွာအောက်မေ့မှု

၃။သမ္မာသမာဓိ-မှန်ကန်စွာစိတ်ကိုအရှုခံတခုထည်း
၌သာကောင်းစွာထားမှု

ပညာမဂ္ဂင်(၂)ပါး
၁။သမ္မာဒိဌိ-သစ္စာလေးပါး၌အမှန်မြင်မှု

၂။သမ္မာသင်္ကပ-ကာမဂုဏ်မှထွက်မြောက်ရန်
ဒေါသမထွက်ရန် မညည်းဆဲရန်
ကြံစည်မှု

ဗောဓိပက္ခိယ(၃၇)ပါးပြီး၏
နေတတ်အောင်နေပါ


သူများအတင်းပြောလာလျှင်
နားမရှိသလို နေပါ

သူများအပြစ်မြင်လျှင်
မျ က်စိမရှိသလိုနေပါ

သူများအပြစ် ပြောချင်လျှင်
ပါးစပ်မရှိသလိုနေပါ

လူသည် ပါးစပ်တစ်ခုသာပါ၍
နားနှစ်ခုပါခြင်းကို သဘောပေါက်ပါ
(နည်းနည်းပြော များများနားထောင်)

အကြောင်းအရာတခုကို
ဝေဘန်တော့မည်ဆိုလျှင်
ငါမသိသေးတာများ ဖြစ်နေမလား ဆိုတဲံ့
အတွေးကို အရင်တွေးပါ

ကိုယ်ဝေဘန်မည့်အကြောင်းအရာကို
နှံ့ စပ်အောင်သိပါမှ ဝေဘန်ပါ

တဘက်သားက အကျိးအကြောင်းနှင်တကွရှင်းပြလျှင်
ဝမ်းမြောက်စွာ လက္ခံနိုင်အောင်ကြိုးစားပါ
၎င်း ဝမ်းမြောက်စိတ်နေရာတွင်
မခံချင်စိတ်က အတင်းဝင်လာတက်သည်
ကိုသတိယပါ

အများစုမှာ ပြဿ နာတခုကို ရှု့ထောင့်
တခုတည်းမှ ကြည့်ပြီး ဆုံးဖြတ်တတ်ကြ
သည် ထို့ ကြောင့် အခြားတဘက်မှလည်း
ထိုကဲ့သို့ အယူအဆမျိုးကို လက်ခံထား
သည့်အတွက် နှစ်ခြမ်းကွဲပဋိပက္ခများ
ဖြစ်ပေါ်လာလေ့ရှိသည်

ထိုကဲ့သို့ သော အခြေအနေမျိုးတွင်
ဥာဏ်ကြီးသူပညာရှင်များ၏ အဖြေကို
ဂရုတစိုက်နားထောင်လိုက်နာသင့်လှ၏

လူ့ လောကတွင် ဤ ကဲ့သို့ သော
ပြဿ နာများ ပေါ်ပေါက်လာပါက
အထူးဂရုစိုက်၍ ဖြေရှင်းသင့်လှသည်
မဖြေရှင်းတတ်ပါက ပြဿ များ ပို၍
ကြီးထွားကာ မလိုအပ်သော ဆုံးရှုံးမှု့များ
ဖြစ်ပေါ်တက်လေသည်

အထူးဂရုစိုက်ကြပါ
ရုပ်နာမ်ဓမ္မရှိသူတိုင်း
ဘေးကင်းရန်ကွာချမ်းသာကြပါစေ
image

@kbkb

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 57889.68
ETH 2457.18
USDT 1.00
SBD 2.40