သေပြီး​နောက်

in #artzone6 years ago

ဝိမုတ္တိ တပတ်ပြန်လည်လာတဲ့ ခေတ်မှာ ဘယ်ဘာသာ ဘယ်​နိုင်​ငံ ဘယ်အကြမ်းဖက်မှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ပါဘူး|

ဘာကြောင့်လည်း တရားကျင့်ကြံပြီး သောတာပန်-သကဒါဂါမ်-အနာဂါမ်-ရဟန္တာတွေ လှို င်လှို င်ပေါ်ထွန်းအုံးမှာပါ ဘယ်လောက်ဆိုးတဲ့ အကြမ်းဖက်ဖြစ်ဖြစ် ဘာမှလုပ်မရနိုင်ပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့ပါပဲ|

ကိုယ်ဒါ ဒီတရားကိုနှလုံးသွင်းနေရင် သာသနာကို စောင့်ရှောက်နေတာပါပဲ ဗုဒ္ဓဘာသာကို ကာကွယ်နေတာပါပဲ။

ပုထုဇဉ်​ပုဂ္ဂိုလ်​များအတွက်​ ကြိုတင်​မသိနိုင်​​သော ဋ္ဌာန (၅)မျိုး

ဇီဝိတံ  ဗျာဓိ  ကာလောစ၊ ဒေဟ  နိက္ခေပနံ  ဂတိ။
ပဉ္စတေ  ဇီဝလောကသိံ္မ ၊ အနိမိတ္တာ  န  နာယရေ။

        ( ဝိသုဒ္ဓိမဂ် - ပ - ၂၂၈)

ဇီဝိတံ=အသက်တိုရှည် မည်မျှနေရမည်လည်းကောင်း၊
(ဝါ) ကြီးကြီးငယ်ငယ် ဘယ်အရွယ်၌ သေနယ်သို့ရောက် သေပျောက်ရမည့် အသက် အပိုင်းအခြားလည်းကောင်း၊

ဗျာဓိ=မည်သည့်ရောဂါ မည်သည့်အနာဖြင့် သေရွာသို့ရောက် သေပျောက်ရမည့် အနာလည်းကောင်း၊ (ဝါ) အဆုတ်ကင်ဆာ သွေးကင်ဆာနှင့် များစွာမျိုးမျိုး ရောဂါဆိုးတို့ ဝင်တိုးရောက်လာ သေပျောက်ရမည့် အနာလည်းကောင်း၊

ကာလောစ=ဥတု, လ, ရက် ချင့်တွက်ဆကာ သေဆုံးရမည့် အခါကာလလည်းကောင်း၊ (ဝါ) ညဉ့်နေ့နံနက် ချင့်တွက်ဆကာ သေဆုံးရမည့်အခါကာလလည်းကောင်း၊

ဒေဟနိက္ခေပနံ=မြို့တောဌာနီ မြိုင်တောဆီဟု မည်သည့်ရပ်ဌာန် မြေသုသာန်တည်းဟူသော မြှုပ်နှံရမည့်အရပ်လည်းကောင်း၊

ဂတိ=ဒေဝ မနုဿ-နိရယနှင့် ပေတ တိရစ္ဆာန် ငါးတန်အရှိ လားရောက်ရမည့် ဂတိလည်းကောင်း၊

ဧတေပဉ္စ=မုချမသွေ ဖြစ်ရချေမည့် ဤငါးထွေသော အရာတို့ကို၊

ဇီဝလောကသ္မိံ=အသက်ခေါ်ထွေ ဇီဝိတိနြေ္ဒကို မှီနေကြရ သတ္တလောကကြီး၌၊

အနိမိတ္တာ=သိနိုင်ဖွယ်ရာ ခြင်းရာအရိပ် အကြောင်း နိမိတ် မရှိကြကုန်သည်ဖြစ်၍၊

နနာယရေ=ဘယ်ရွယ်ဘယ်နာ ဘယ်ခါဘူမိ ဘယ်ဂတိဟု မသိနိုင်ကြလေကုန်။


(၁) ဇီဝိတံ - ဘယ်အသက် ဘယ်အရွယ်မှာ သေရမလဲ?
(၂) ဗျာဓိ - ဘယ်လိုရောဂါ ဘယ်လိုအနာနဲ့ သေရမလဲ?
(၃) ကာလ - မနက်လား? ညနေလား? ဘယ်​ အချိန်မှာ သေရမလဲ?
(၄) ဒေဟနိက္ခေပနံ - ဘယ်သင်္ချိုင်းမှာ မြေမြုပ် မီးရှို့ခံရမလဲ?
(၅) ဂတိ - သေပြီးတဲ့အခါ အပါယ်လေးပါး,လူ, နတ်,ဗြဟ္မာ
ဘယ်ဘဝကိုရောက်ရမလဲ?


{၁} မိမိအသက်​ ​သေမည့်​ရက်​ ​သေချာတိကျ မသိနိုင်​။
{၂} မည်​သည့်​​ရောဂါ ​သေရမှာ ​သေချာတိကျ မသိနိုင်​။
{၃} မည်​သည့်​ချိန်​ခါ ​သေရမှာ ​သေချာတိကျ မသိနိုင်​။
{၄} မည်​သည့်​​နေရာ ​သေရမှာ ​သေချာတိကျ မသိနိုင်​။
{၅​} သေပြီး​နောက်​မှာ ဘယ်​​ရောက်​မှာ ​သေချာတိကျ မသိနိုင်​။

ယောနိသောမနသီကာရ ဖြစ်နိုင်ကြပါစေ။

 ![image](https://img.esteem.ws/w5fjc5fige.jpg)
@flay

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68168.17
ETH 3256.43
USDT 1.00
SBD 2.67