တရားမျှတမှုကိုချစ်မြတ်နိုးပါ..
တရားမျှတမှုကိုချစ်မြတ်နိုးပါ..
ဘယ်အချိန်ကျမှ လူဟာ လူစစ်စစ် ဖြစ်ပါပြီလို့ ပြောလို့ရပြီလဲ .. တဲ့။
တရားမျှတမှု ဆိုတာ ဘာလဲဆိုတာ နားလည်တဲ့ အချိန်ကျမှ လူဟာ လူစစ်စစ် ဖြစ်ပြီလို့ ပြောလို့ရပါပြီ တဲ့။ တရားမျှတမှု ဆိုတာ ဘာလဲဆိုတာ မသိသေးဘူးရင် လူဟာ တိရိစ္ဆာန်အဆင့်မှာပဲ ရှိပါသေးတယ်တဲ့။
တရားမျှတမှုကို လူတိုင်းပဲ လိုချင်ကြပါတယ်။
ကိုယ်တိုင် မတရားတာတွေ လုပ်နေတဲ့သူတွေတောင် တရားမျှတမှုကို လိုချင်ကြပါတယ်။
တရားမျှတမှု ဆိုတာဘာလဲ ဆိုတာသိတာ လူ့သဘာဝ လူ့ nature စစ်စစ်ပါ။
ဒါပေမယ့် လူတွေနေတဲ့ လူ့လောကကြီးမှာတော့ ခုချိန်ထိ မတရားမှုတွေ မမျှတမှုတွေဟာ နေ့စဉ်နဲ့အမျှ ရှိနေတုန်းပါ။ ရင်ဆိုင်နေရတုန်းပါ။ ခံနေရတုန်းပါ။
လမ်းပေါ်မှာ၊ အလုပ်ခွင်ထဲမှာ၊ မိသားစုဝင်တွေထဲမှာ၊ ဈေးထဲမှာ၊ ကျောင်းထဲမှာ၊ တရားရုံးတော်ထဲမှာ .. အားကြီးသူက အနိုင်ယူနေတာတွေ မြင်နေ တွေ့နေ ခံနေရတုန်းပါနော်။
ကိုယ်ခံနေရတဲ့ မတရားမှုကို မခံနိုင်လွန်းလို့ သေးသေးမွှားမွှား တရားမျှတမှုလေး နည်းနည်းဖြစ်ဖြစ် ပြန်ရဖို့တောင် အတင်းတောင်းဆိုယူနေရတုန်း ရှိပါသေးတယ်။
အဲလို တရားမျှတမှုကို ရအောင် လုပ်တဲ့အခါမှာ အရေးကြီးဆုံး တစ်ခုရှိပါတယ်။
အဲဒါ ကိုယ်ကိုယ်တိုင်က Dignity ရှိဖို့ပါ။ ကိုယ့် Dignity ကိုယ်အမြင့်ဆုံးမှာထားပြီး အထက်တန်းကျကျ တုန့်ပြန်တတ်ဖို့ အရေးကြီးပါတယ်။
တရားမျှတမှုကို ရအောင်လုပ်တဲ့အခါမှာ ဖြစ်ဖြစ် ...
ကိုယ်လိုချင်တာတစ်ခုခု ရအောင်လုပ်တဲ့နေရာမှာ ဖြစ်ဖြစ်
ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ..
နည်းလမ်းရဲ့ ပညာသားပါမှုနဲ့
အထက်တန်းကျမှု
သိပ်အရေးကြီးပါတယ်။
မတရားမှု မမျှတမှုနဲ့ ရင်ဆိုင်တိုးပြီ ဆိုရင် ဘယ်တော့မှ အောက်တန်းကျ မသွားပါစေနဲ့။
ငုံ့လည်း မခံပါနဲ့။
သိက္ခာအရှိဆုံးနေရာက အထက်တန်းကျကျ ရင်ဆိုင်ပါ တုန့်ပြန်ပါ။
ပြောရမယ်ဆိုရင် လူ့လောကကြီးက ခုထိ အရိုင်းအစိုင်းအဆင့် ရှိပါသေးတယ်။ အားကြီးသူက အနိုင်ယူစမြဲပါ။ ဒီဇာတ်လမ်းက သိမ်းဖွယ် မရှိပါဘူး။
ဒါပေမယ့်
တရားမျှတမှုအတွက် ဘယ်တော့မှ လက်မမြှောက်လိုက်ပါနဲ့။
မနိုင်နိုင်ရင်တောင် နောက်ဆုံးထိ ခံချခဲ့သေးတယ် ဆိုတဲ့သူပဲ ဖြစ်ချင်တယ်။
အဲလိုလူပဲ ဖြစ်ရမှာပဲ။
တရားမျှတမှုကို ချစ်မြတ်နိုးပါ။
မြင့်မြတ်မှုပါတဲ့ကျေနပ်မှုပီတိကို လူဟာ ဘယ်အချိန်မှာ ခံစားရသလဲ လို့မေးရင် ...
တရားမျှတမှုကို ချစ်မြတ်နိုးတဲ့စိတ်ကို ခံစားရတဲ့အချိန်မှာ မြင့်မြတ်မှုပါတဲ့ကျေနပ်မှုပီတိကို ခံစားရပါတယ် ...။
photo : facebook
Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!