Cefalexin
Photo:Credit
အားလုံးအတွက် ဗဟုသုတ ဖြစ်စေမယ့် အကြောင်းအရာလေးတစ်ခု တင်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကျနော်တင်ပြပေးသွားမည့် အကြောင်းအရာလေးကတော့ ဆေးပညာနှင့် ပတ်သတ်သည့် အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။
တိုက်ဆိုင်မှုလေးတွေရှိခဲ့ရင် အသုံးပြုနိုင်ရန်အတွက်ရည်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Cefalexin...ဆေးရဲ့အသုံးဝင်ပုံအကြောင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Cefalexinဆေး၏ အသုံးပြုရန်ရောဂါများမှာ-
ဘက်တီးရီးယား(Bacterias)ပိုးအများအပြားကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်
လေပြွန်ရောင်ယမ်းနာ၊အလယ်နားရောင်ယမ်းနာ၊အဆုတ်ရောင်ယမ်းနာ၊နှာခေါင်းသွေးအိတ်ယောင်ရမ်းနာ၊ဆီးလမ်းကြောင်းရောင်ယမ်းနာနှင့် အရေပြားနာအမျိုးမျိုးအတွက်အကောင်းဆုံးဆေးတလက်ပင်ဖြစ်ပါတယ်
ကုသရေးဌာနတွေမှာလဲမရှိမဖြစ်သလောက်လိုအပ်ပြီး အသုံးတည့်ဆေးတစ်လက်ဖြစ်ပါတယ်
အထက်ပါရောဂါအမျိုးမျိုးအပြင် ဂရမ်ပေါ့ဇတစ်နှင့် ဂရမ်းနဂ္ဂတစ် ဘက်တီးရီးယား(bacteria)ပိုဝင်ခြင်းကြောင့် ကူစပ်ခြင်းရောဂါများကိုလဲ အသုံးပြုနိုင်တဲ့ ဆေးဖြစ်ပါတယ်။
Cefalexin ဆေး၏ သောက်သုံးရန် အညွှန်းမှာ-
ဆေး၂၅၀မီလီဂရမ်ကို ၆ နာရီခြားတစ်ကြိမ်၊ ဆေး ၅၀၀ မီလီဂရမ်ကို ၈ တစ်ကြိမ်အသုံးပြုနိုင်ပါတယ်။၁၀၀၀ မီလီဂရမ်နဲ့ ၁၅၀၀ မီလီဂရမ်ကိုတော့ ရောဂါအပြင်းထန်ဆုံးလူနာ(patient)ဖြစ်ပါမှ ၈ နာရီခြားတစ်ကြိမ်နဲ့ ၆ နာရီခြားတစ်ကြိမ် အခြေအနေကြည့်တိုက်ရပါမယ်။ကလေးငယ်များကိုတော့ အသက်အရွယ်လိုက် ချိန်ဆပြီး တစ်နေ့တစ်ကြိမ် တိုက်ကျွေးပေးပါ။ဆီးလမ်းကြောင်းပိုးဝင်ကူးစပ်ခြင်းမှ ကာကွယ်နိုင်ရန် လူကြီးများ ၁၂၅ မီလီဂရမ် ညအိပ်ယာဝင်သောက်ရပါမည်။
ပင်နီဆီလင် (penicillin) ဆေးနှင့်မတည့်သူများ ရှောင်ကြဉ်ရပါမည်။
Cefalexinဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ-
ဝမ်းပျက်၊ဝမ်းလျှော၊ပျို့အန်၊မအီမသာစည်တို့ဖြစ်နိုင်ပါသည်။
ခေါင်းကိုက်ခြင်း၊အိပ်မပျော်ခြင်း၊ခေါင်းမူးခြင်း၊ကျောက်ကပ်ရောင်ခြင်း၊အိပ်မပျော်ခြင်း၊ယာယံခြင်း၊အပိမ့်အဖုထခြင်း၊ဓာတ်မတည့်လက္ခဏာများလဲဖြစ်နိုင်ပါသည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ.....
ကျနော်တင်ပေးခဲ့သည့် Cefalexin...ဆေးရဲ့အကြောင်းလေးကို လေ့လာမှတ်သားနိုင်ပြီး ဗဟုသုတ ရရှိနိုင်လိမ့်မည်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။
World of Photography
>Visit the website<
You have earned 5.85 XP for sharing your photo!
Daily photos: 2/2
Daily comments: 0/5
Multiplier: 1.17
Server time: 02:10:54
Total XP: 128.35/200.00
Total Photos: 23
Total comments: 2
Total contest wins: 0
Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank
good
Nice