အလကားပဲ

in #articles6 years ago

image

အလကားပဲ!!


လူ ဘယ်လောက်လှလှ
မူ မလှရင် အလကားပဲ။

အသား ဘယ်လောက်ဖြူဖြူ
စိတ်ထားမဖြူရင် အလကားပဲ။

အလုပ် ဘယ်လောက်လုပ်လုပ်
စေတနာမပါရင် အလကားပဲ။

အောင်မြင်မှု ဘယ်လောက်ရရ
မှန်ကန်မှုမရှိရင် အလကားပဲ။

ပညာ ဘယ်လောက်တတ်တတ်
ကိုယ်ချင်းမစာတတ်ရင် အလကားပဲ။

ချမ်းသာ ဘယ်လောက်ချမ်းသာချမ်းသာ
စိတ်ချမ်းသာမှုမရှိရင် အလကားပဲ။

ဂရုစိုက်မှု ဘယ်လောက်ယုယယုယ
နားလည်းမှုနဲ့သစ္စာမရှိရင် အလကားပဲ။

မေတ္တာ ဘယ်လောက်ရှိရှိ
ထုတ်မပြတတ်ရင် အလကားပဲ။

ပြဿနာ ဘယ်လောက်ကြီးမားကြီးမား
တိမ်းရှောင်နေရင် အလကားပဲ။

ကံတရား ဘယ်လောက်ကောင်းကောင်း
လုံလနဲ့ဝီရိယ မရှိရင် အလကားပဲ။

အမှန်တရား ဘယ်လောက်ပဲမှန်နေမှန်နေ
ကြောက်ရွံ့နေရင် အလကားပဲ။

အင်အား ဘယ်လောက်ကြီးကြီး
အသုံးမချတတ်ရင် အလကားပဲ။

ကြိုးစားမှု ဘယ်လောက်ကောင်းကောင်း
ရိုးသားမှုမရှိရင် အလကားပဲ။

မိသားစု ဘယ်လောက်များများ
စည်းလုံးမှုမရှိရင် အလကားပဲ။

ရင့်ကျက် ဘယ်လောက်ရင့်ကျက်ရင့်ကျက်
ဟန်ဆောင်တတ်နေရင် အလကားပဲ။

လူ့ဘဝဆိုတာ ပြည့်စုံမှုဆိုတာတော့မရှိပါဘူး။
ဒါပေမယ့် ကိုယ့်မှာ တည်ရှိနေတဲ့ ကောင်းတဲ့အချက်လေးတွေ၊ ကောင်းတဲ့စိတ်ထားလေးတွေ၊ ကောင်းတဲ့အရည်အချင်းလေးတွေ အလကား မဖြစ်သွားအောင် ဆက်လက်ထိန်းသိမ်းထားပါ။

လေးစားစွာဖြင့်……

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63525.26
ETH 2583.76
USDT 1.00
SBD 2.80