ကိုယ့်ရဲ့အပြုံး
ဘဝရဲ့အချိုးအကွေ့လေးတွေဟာ
ခက်ခဲမှန်းမသိ ခက်ခဲတာရှိသလို
သိသိသာသာနဲ့ကို အခက်အခဲများလွန်းတာလည်း
ရှိပါတယ်။
တစ်ခါတစ်လေ လုံးဝ ယိုင်လဲသွားတာ
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
လဲကျတိုင်းလည်း ကိုယ်စိတ်မပျက်မိဘူး။
ဘာလို့လဲဆိုတော့ လဲကျတိုင်းသာစိတ်ညစ်နေရင်
ကိုယ်တကယ် ပြုံးတတ်တော့မှာမဟုတ်လို့ပဲ -