စူပါ ပါဝါ အမေရိကန် အကြောင်း သိကောင်းစရာ

in #ancient6 years ago

ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်သည် ပြည်နယ် ၅၀ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စတုရန်းမိုင် ၃ ဒသမ ၈ သန်းကျယ်ဝန်း၍ လူဦးရေ ၃၂၅ သန်း နေထိုင်သည်။
အမေရိကန်နိုင်ငံသည် ဤကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ လူဦးရေ တတိယအများဆုံး နိုင်ငံလည်းဖြစ်သည်။ နိုင်ငံ၏ မြို့တော်သည် ၀ါရှင်တန်ဒီစီဖြစ်၍ လူဦးရေ အထူထပ်ဆုံး မြို့မှာ နယူးယောက်ဖြစ် သည်။ အလာစကာပြည်နယ်သည် အမေရိကတိုက်၏ အနောက်မြောက်တွင်သီးသန့်တည်ရှိကာ အရှေ့ဘက်တွင်ကနေဒါနိုင်ငံနှင့် လည်းကောင်း၊အနောက်ဘက်တွင် ရုရှနိုင်ငံပိုင် ဘာရင်းရေလက်ကြားနှင့် လည်းကောင်းဆက်စပ်လျက်ရှိသည်။ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်းသည် ပစိဖိတ်သမုဒ္ဒရာ အလယ်တွင်တည်ရှိနေသည်။ အမေရိကန်နိုင်ငံ၏ ပိုင်နက်နယ်မြေများသည် ပစိဖိတ်သမုဒ္ဒရာမှ ကာရေးဘီးယန်းပင်လယ်အထိ ပြန့်ကြဲတည်ရှိနေကာ တရားဝင် အချိန်ဇုန်ကို ခွကျော်လျက်ရှိသည်။

အီတလီလူမျိုး စူးစမ်းရှာဖွေသူ Amerigo Vespucci ကွယ်လွန်ပြီးနောက် အမေရိကဟူသည့် အမည်ကို စတင်သုံးစွဲခဲ့သည်။ ၁၅၀၇ ခုနှစ်တွင် ဂျာမာန်လူမျိုး Martin Waldseemüller သည်ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ရာ အမေရိက တိုက်နေရာကို Amerigo Vespucci အားဂုဏ်ပြုသော အားဖြင့် အမေရိက ဟုဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စု (United States of America)ဟု ပထမဆုံး သုံးစွဲခဲ့သည့် စာရွက်စာတမ်း အထောက်အထားကို အမေရိကန်နိုင်ငံ၏ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်၏ ကိုယ်ရံတော် အရာရှိ Stephen Moylan ၁၇၇၆ ခုနှစ် ဇန်န၀ါရီ လ ၂ ရက်က ရေးသားခဲ့သည့် စာတွင် တွေ့ရှိကြရသည်။၁၇၇၆ ခုနှစ် ဧပြီလ ၆ ရက်တွင် ၀ီလီယံစ်ဘာ့ဂ်တွင် ထုတ်ဝေခဲ့သည့် ဗာဂျီးနီးယားဂေဇက် သတင်းစာတွင် အမည်မသိသူတစ်ဦးရေးသားသည့် အက်ဆေးတွင် အမေရိကန်ပြည်ထောင်စု အမည်ကို ဦးဆုံး တွေ့ရှိခဲ့ ကြသည်။
၁၇၇၆ ခုနှစ် ဇွန်လ ၁၇ ရက်တွင် အပြီးသတ်ခဲ့သည့် ပြည်ထောင်စု ဥပဒေ ဒုတိယ မူကြမ်းတွင် ပြည်ထောင်စု၏ အမည်ကို အမေရိကန်ပြည်ထောင်စုဟု ခေါ်တွင်စေရမည်ဟု ဥပဒေကို စီစဉ်ခဲ့သူ John Dickinson က ရေးသားခဲ့သည်။၁၇၇၅ ခုနှစ် လွတ်လပ် ရေး ကြေညာစာတမ်းမူကြမ်းတွင် သောမတ်စ်ဂျက်ဖာဆင်က အမေရိကန်ပြည်ထောင်စု၏ အမည်ကို UNITED STATES OF AMERICA ဟု စာလုံးကြီးများဖြင့် ခေါင်းစီးတွင် ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံအမည်အတိုကောက်ကို US ၊ USA ၊ America ဟု ခေါ်ဆိုရေးသားကြကာ အမေရိကတိုက်ကို ရှာဖွေတွေ့ ရှိခဲ့သည့် ခရစ္စတိုဖာ ကိုလံဘတ်စ်၏ အမည်ကို ကိုလံဘီယာ ခရိုင်အဖြစ် အသုံးပြုခဲ့သည်။ အမေရိကန်နိုင်ငံသားကို အမေရိကန် ဟု သတ်မှတ်ခဲ့ကြသည်။
IMG_20180728_095628.jpg

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66293.76
ETH 3282.25
USDT 1.00
SBD 2.70