ViVo

in #ananda6 years ago

ထွက်ခဲ့သမျှ Android ဖုန်းတွေထဲမှာတော့ အကောင်းဆုံးနဲ့ဆန်းသစ်မှုအရှိဆုံးလို့ဆိုရမယ့် Vivo Nex S စမတ်ဖုန်းကတော့ Myanmar Mobile App မှာဝယ်ယူရရှိနိုင်ပါပြီ။

Price - 1,090,000 ks

ဒီဖုန်းရဲ့ထူးခြားချက်ကတော့ လက်ရှိဈေးကွက်ထဲမှာ အပြိုင်ထုတ်နေကြတဲ့စမတ်ဖုန်းတွေလို Screen မျက်နှာပြင်နေရာအပြည့်ဖြစ်ဖို့ Sensor နေရာတွေကိုကွက်ချန်ထားပြီး Notch ဒီဇိုင်း (ဂျိုဒီဇိုင်း)သုံးထားတာမျိုးမဟုတ်ဘဲ ဖုန်းရဲ့ရှေ့မျက်နှာပြင် ထိပ်ဘောင်နားအထိ Display အပြည့်ပါတဲ့ စမတ်ဖုန်းပါ။ earpiece speaker လည်းမပါဝင်တော့ဘဲ Display မျက်နှာပြင်အောက်ကနေ အသံထုတ်ပေးမယ့် Screen SoundCasting Technology ကိုအသုံးပြုထားပါတယ်။ Display ကို Speaker အဖြစ်ပြောင်းလဲပေးလိုက်ခြင်းဆိုပြီးတော့ပဲ Screen SoundCasting Technology ကို Vivo ကအလွယ်သုံးနှုန်းပြောဆိုပါတယ်။ ဖုန်းရဲ့ထိပ်နားမှာပါနေကျ ကျန်တဲ့ Sensor တွေကိုလည်း Display ရဲ့အောက်ထဲမှာထည့်ထားပါတယ်။ Screen ကို ထိပ်မျက်နှာပြင်တစ်ခုလုံးနေရာအပြည့်ယူထားတာကြောင့် ဖုန်းရဲ့ထိပ်နားမှာ Selfie Camera လည်းမပါဝင်တော့ပါဘူး ။ Selfie Camera အတွက် Selfie ရိုက်ဖို့လိုအပ်တဲ့အချိန်ကျမှဖုန်းရဲ့ထိပ်ဘောင်ထဲကနေအပေါ်ကိုထွက်လာမယ့် Pop-up Camera ပုံစံနဲ့ထည့်သွင်းပေးလိုက်တာပါ။ ၎င်း Pop-up Camera (Selfie Camera) ကတော့ 8 MP Sensor ကိုအသုံးပြုပေးထားပါတယ်။ Camera နဲ့ဆိုင်တဲ့ app တွေထဲကနေပြန်ထွက်လိုက်တာနဲ့ ရှေ့ Selfie Camera လေးက ဖုန်းကိုယ်ထည်ထဲကို auto ပြန်ဝင်သွားမှာပါ။ ယင်း Camera အသွင်းအထုတ်အတွက် Motor အသုံးပြုထားပြီး အကြိမ်ရေ ၅ သောင်းခန့်အထိကောင်းမွန်စွာအသွင်းအထုတ်လုပ်နိုင်မှာပါ။ Xiaomi ရဲ့ Concept စမတ်ဖုန်းဖြစ်တဲ့ Mi Mix တုန်းကအခုလိုပဲ Screen မျက်နှာပြင်ပြည့်ဒီဇိုင်းနဲ့လုပ်ဆောင်ခဲ့ဖူးသော်လည်း Selfie Camera အထားအသိုကိစ္စကို Vivo Nex ကဲ့သို့မဖြေရှင်းနိုင်ခဲ့ဘဲ ဖုန်းရဲ့အောက်ထောင့်မှာသာထည့်ပေးခဲ့ပါတယ် ။
FB_IMG_1532645693348.jpg
ဖုန်းရဲ့နောက်ကျောဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး တစ်လုံးက 12MP dual pixel sensor with OIS (f/1.8 aperture)lens ဖြစ်ပြီး ကျန်တစ်လုံးကတော့ 5MP sensor (f/2.4) lens ဖြစ်ပြီး ယင်း 5MP Sensor ကတော့ portrait mode effects တွေအတွက်ပဲလုပ်ဆောင်ပေးမှာပါ။ Camera စနစ်တွေမှာလည်း AI နည်းပညာတွေထည့်သွင်းပေးထားပြီး Live Photos, Beauty mode စတာတွေအပြင် AI HDR နဲ့AR stickers စတဲ့ AI Photography feature တွေကိုထည့်သွင်းပေးထားပါတယ်။

Fingerprint Scanner ကလည်းကျောဘက်မှာမပါတော့ဘဲ ဖုန်းရှေ့မျက်နှာပြင် Display ရဲ့အတွင်းထဲမှာ ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

ဖုန်းရဲ့နောက်ဘက်ခြမ်းကို Glass နဲ့ဖုံးအုပ်ထားပြီး Huawei P20 Pro လို Color အရောင်ပြေးဒီဇိုင်းလေးပါ။

Vivo Nex စမတ်ဖုန်းဟာ Screen size ၆.၅၉ လက်မအရွယ် Full HD+ Super AMOLED Display (2316 x 1080 pixels) ကိုအသုံးပြုထားပြီး Screen-to-body ratio အနေနဲ့ 91.2% (19.3:9 ratio) ဖြစ်ပါတယ်။ Screen ဘေးဘောင်အထူအနေနဲ့ ထိပ်ဘောင်က 2.16 mm ၊ အောက်ဘောင်က 5.08 mm နဲ့ ဘေးဘောင်က 1.71 mm သာထူပါတယ်။

Vivo Nex စမတ်ဖုန်းမှာ 4,000 mAh battery ကိုအသုံးပြုထားပြီး USB Port အနေနဲ့ USB TYPE-C Port ကိုအသုံးပြုထားပါတယ်။ Wireless Charging စနစ်တော့ပါဝင်ခြင်းမရှိပါဘူး။

Snapdragon 845 Chipset, RAM 8GB , Memory 128GB ပါဝင်မယ့် Vivo Nex စမတ်ဖုန်းကတော့ မြန်မာငွေ ၁၀ သိန်း ၉ သောင်း ကျသင့်မှာပါ။

ဝယ်ယူလိုတယ်ဆိုရင်တော့ Myanmar Mobile App သို့ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

Myanmar Mobile App - Gadgets
84st , Between 33x34st , Mandalay
Ph - 09794555888 , 09974555888

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.027
BTC 61787.88
ETH 2991.71
USDT 1.00
SBD 2.48