APPLE 18 W Charger

in #ananda6 years ago

Apple ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X တွေမှာ ဖုန်းရဲ့ နောက်ကျောဘက်ကို Glass Body အနေနဲ့ပြောင်းလဲပြီးတော့ Wireless Charging စနစ်ကို မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Apple ကနေ Wireless Charging စနစ်က ထင်သလောက်မအောင်မြင်သေးတဲ့အတွက် ဒီနှစ် iPhone တွေမှာ Wireless Charging စနစ်အပြင် Fast Charging စနစ်ကိုပါ ထည့်သွင်းလာတော့မယ့်ပုံပါပဲ။IMG_20180721_063357.jpg

အခုသတင်းကို သေချာသွားစေတာကတော့ Apple က လက်ရှိ iPhone တွေမှာထည့်သွင်းထားတဲ့ USB-A to Lightning Cable Charger တွေအစား Fast Charging စနစ်ကို Support ပြုလုပ်တဲ့ 18W Charger တွေကို အစားထိုးပြီး ထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။ အခု 18W Fast Charger တွေဟာ ယခင်တုန်းကလိုမျိုး USB-A ကို အသုံးပြုမှာမဟုတ်တော့ပဲ USB Type-C ကိုပဲ ပြောင်းလဲအသုံးပြုလာတာကိုလည်းတွေ့ရပါတယ်။

အခုအချိန်မှာတော့ ဒီ iPhone အသစ်တွေမှာ အသုံးပြုလာမယ့် 18W USB Type-C Charger တွေရဲ့ ဓါတ်ပုံတွေပါ ထွက်ရှိလာပြီဖြစ်တဲ့အတွက် ဒီအချက်က သေချာသွားပြီလို့လည်းပြောရမှာပါ။ ဒါ့အပြင် USB Type-C ကို အသုံးပြုလာတဲ့အတွက် လက်ရှိ MacBook တွေမှာ အသုံးပြုနေတာနဲ့ တူညီသွားပြီဖြစ်တဲ့အပြင် နောက်ပိုင်းမှာ Apple က Lightning Cable တွေအစား USB-C တွေကိုပဲ အသုံးပြုသွားမယ်ဆိုတာကလည်း သေချာသွားစေတာပဲဖြစ်ပါတယ်။

Apple ရဲ့ လက်ရှိ iPhone တွေမှာပါဝင်တဲ့ Charger တွေဟာ 5W ပဲ ရှိပြီးတော့ အခုသာ 18W Charger တွေကို ထည့်သွင်းလာတော့မယ်ဆိုရင် သိသိသာသာကို ပိုပြီး မြန်ဆန်တဲ့ အားသွင်းနှုန်းနဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Apple က USB-C ကို အသုံးပြုလာတဲ့အတွက် တကယ်လို့ MacBook တွေကို အသုံးပြုနေတယ်ဆိုရင်လည်း Dongle တွေအသုံးပြုနေစရာမလိုပဲ အသုံးပြုနိုင်တော့မှာပါ။
IMG_20180721_063346.jpg
SOURCE

Sort:  

This is gonna spark plenty of ideas. Thank you

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54336.36
ETH 2283.81
USDT 1.00
SBD 2.34