5g

in #ananda6 years ago

5G network ကို mobile device တွေမှာအသုံးပြုနိုင်စေဖို့ အတွ
က် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေများပြားတဲ့အထဲမှာမှ စံနှုန်း
အသစ်ကို သဘောတူရမယ်၊ modem အသစ်ကို ဖန်တီးရမယ်။
တာဝါတွေအတွက် networking hardware ကို ထုတ်လုပ်ရမှာ
တွေလည်း အပါအ၀င်ပါပဲ။ Qualcomm ကတော့ QTM052
mmWave antenna module အသစ်လေးကိုကြေညာလိုက်ပါ
ပီ။ ဒါဟာ မိုဘိုင်းလ်ဖုန်းတွေအတွက် networking spectrum ပို
င်းမှာ အမြန်ဆန်ဆုံးဖြစ်အောင်လုပ်ဆောင်ပေးနိုင်တော့မယ်ဆို
တာ အသိပေးလိုက်ခြင်းဖြစ်ပါတယ်။

5G ဆိုတာ အားလုံးအတွက် သာတူညီမျှဖြစ်အောင် လုပ်ထား
တာမဟုတ်ပါဘူး။ MWC မှာလည်း ပြောခဲ့ပြီးပါပြီ။ 5G အတွက်
ပ်ဆောင်ချက်တွေအတော်များများ ကြိုးစားနေကြချိန်မှာ
mmWave network အတွက် အတော်လေးကို ခုန်တက်လာတ
ယ်လို့ ပြောရမှာပါ။

ပထမဆုံးလိုအပ်တာကတော့ ဖုန်းအတွက် mmWave
hardware လိုအပ်ပါတယ်။ ဒါကလည်း မလွယ်ကူပါဘူး။
mmWave ကတော့ ပိုမိုမြန်ဆန်တဲ့နှုန်းထားအတွက် ထောက်ပံ့
ပေးမှာဖြစ်ပြီးတော့ range တိုမယ်ဆိုရင် ကူးပြောင်းနှုန်းပိုမိုမြန်ဆန်
ပီးတော့ သုံးစွဲသူတွေကြားမှာ နံရံခြားနေရင်တောင် ကူးပြောင်း
ပေးနိုင်မှာပါ။

Qualcomm ကတော့ QTM052 antenna က အဖြေတစ်ခုဖြစ်
လာမယ်ဆိုပြီးတော့ ပြောကြားထားပါတယ်။ သေးငယ်တဲ့
antenna array လေးရှိတဲ့အတွက်ကြောင့် အနီးဆုံး 5G tower
ကို ညွှန်ပြပေးနိုင်မယ့် အင်တာနာလေးခုကို ထည့်သွင်းနိုင်စေမှာ
ပါ။ Qualcomm's X50 5G modem က အင်တာနာလေးခုအတွ
က် ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီးတော့ ဖုန်းရဲ့ တစ်ဖက်တစ်ချက်စီ
တိုင်းမှာ ထည့်သွင်းထားမှာပါ။ ဒါကြောင့် စုစုပေါင်း အင်တာ
နာ၁၆ခုဖြစ်သွားမှာပါ။ ဒီတော့ ဖုန်းကိုဘယ်လိုပဲကိုင်ထားပါစေ
signal တွေကို ပိတ်ထားသလိုမဖြစ်တော့ဘူး။

အတော်လေးမြန်ဆန်တဲ့ mmWave-capable 5G device တွေ
ထုတ်လုပ်မယ့်သူတွေအတွက်တော့ ၀မ်းသာစရာပါပဲ။
Qualcomm ကတော့ QTM052 antenna ဟာ ၂၀၁၉ အစပို
င်းလောက်မှာ စတင်ပြီးတော့ ထုတ်ပြမယ်လို့ ပြောထားပါတယ်။
5G network တွေကိုလည်း မကြာခင်မှာ အသုံးပြုနိုင်တော့မယ်
ဆိုတဲ့သဘောပါပဲ။ ၂၀၁၉ခုနှစ်ကလည်း နည်းပညာပိုင်းအတွက်
ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်ဖြစ်လာဦးမှာပါပဲ။
[IMG_20180725_062845.jpg
SOURCE

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61682.60
ETH 2986.38
USDT 1.00
SBD 2.51