ဘူးသီးတောင်တွင် မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာပိုင်နေအိမ...
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း၊ ဖိုးခေါင်ချောင်းအုပ်စုတွင် မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရွာထဲသို့ဝင်ရောက်ကာ ရိုဟင်ဂျာမွတ်စလင်တို့၏ နေအိမ်များကို ရှာဖွေစစ်ဆေးခြင်းနှင့် အပြစ်မဲ့ရိုဟင်ဂျာများကို ဖမ်းဆီး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ ထားပါတယ်။
၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၅ရက် နေ့လည် ၂နာရီခန့်က မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၁၅၀ ကျော် ရောက်ရှိလာပြီး ရွာကိုပိတ်ဆို့ကာ ဝင်ရောက်ရှာဖွေ စစ်ဆေးရာတွင် ဘာသာရေး ဆရာများ၏ နေအိမ်များလည်ပါဝင်ပြီး နေအိမ်၂၀ကျော်ခန့်ကို ဝင်ရောက် စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။
ထိုသို့ ဝင်ရောက်ရှာဖွေပြီး ဦးအဒူလ်ဟာမိတ်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကာ ညနေ ငါးနာရီ အချိန်ခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသော ဦးဇော်မိလ်ဟူဆောင်း၏ သားဖြစ်သူ ရော်ဘီအုလ်ဟူဆောင်း (၂၂)နှစ်အား ညောင်ချောင်းနယ်မြေသို့ ဖမ်းစီး ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
ပြစ်မှုတစ်စုံတရာ မရှိပဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူ ရော်ဘီအုလ်ဟူဆောင်းကို ယခုအချိန်ထိ ပြန်မလွှတ်ပေးကြောင်း ပြောဆိုထားပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင်များကို ပြစ်မှုတစ်စုံတရာ မရှိပဲ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသည့်အတွက် ကျေးရွာနေ ရိုဟင်ဂျာများ အနေနှင့် စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။
Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac-2/