ဘူးသီးတောင်တွင် မြန်မာစစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာပိုင်နေအိမ...

in #steempress5 years ago

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့​တောင်​ပိုင်း၊ ဖိုး​ခေါင်​​ချောင်းအုပ်​စုတွင် မြန်မာစစ်သားများ​နှင့်​ နယ်​ခြား​စောင့်​ရဲများ  ရွာထဲသို့ဝင်ရောက်ကာ ရိုဟင်ဂျာမွတ်စလင်တို့၏ နေအိမ်များကို ရှာဖွေစစ်ဆေးခြင်းနှင့် အပြစ်မဲ့ရိုဟင်ဂျာများကို ဖမ်းဆီး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ ထားပါတယ်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၅ရက် နေ့လည် ၂နာရီခန့်က​ မြန်မာစစ်သားများ​နှင့်​ နယ်​ခြား​စောင့်​ရဲများ ၁၅၀ ​ကျော်​ ​ရောက်​ရှိလာပြီး ရွာကိုပိတ်​ဆို့ကာ ဝင်ရောက်ရှာဖွေ စစ်ဆေးရာတွင် ဘာသာရေး ဆရာများ၏ နေအိမ်များလည်ပါဝင်ပြီး နေအိမ်၂၀ကျော်ခန့်ကို ဝင်ရောက် စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

ထိုသို့ ဝင်ရောက်ရှာဖွေပြီး ဦးအဒူလ်ဟာမိတ်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကာ ညနေ ငါးနာရီ အချိန်ခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ လက်​ရှိ အုပ်​ချုပ်​​ရေးမှူးတာဝန် ထမ်းဆောင်နေသော ​ ဦးဇော်​မိလ်​ဟူ​ဆောင်း၏ သားဖြစ်​သူ ​ရော်​ဘီအုလ်​ဟူ​ဆောင်း (၂၂)နှစ်​အား​  ​ညောင်​​ချောင်းနယ်​​မြေသို့ ဖမ်းစီး ခေါ်ဆောင်သွား​ကြောင်း သိရှိရပါတယ်​။

ပြစ်မှုတစ်စုံတရာ မရှိပဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူ ရော်ဘီအုလ်ဟူဆောင်းကို ယခုအချိန်ထိ ပြန်မလွှတ်ပေးကြောင်း ပြောဆိုထားပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင်များကို ပြစ်မှုတစ်စုံတရာ မရှိပဲ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသည့်အတွက် ကျေးရွာနေ ရိုဟင်ဂျာများ အနေနှင့် စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac-2/

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75