Are you afraid?(ကြောက်​​နေလား.......?)

in #afraid6 years ago

လွမ်း​ဆွေးရမှာ​ကြောက်​​နေလား.....

အစကတည်းက သံ​ယောဇဉ်​မထားမိ​အောင်

ကြိုးစား​လေ။



ရှုံးနိမ့်​သွားမှာ ​ကြောက်​​နေလား......

အဲ့တာဆိုရင်​​တော့ ​အောင်​မြင်​မှုဆိုတာ

ကိုယ့်​ရဲ့ မိတ်​​ဆွေ ဖြစ်​မလာနိုင်​​တော့ဘူး​လေ။



ဆုံးရှုံးသွားမှာ ​ကြောက်​​နေလား......

အစကတည်းက ပိုင်​ဆိုင်​ဖို့ မကြိုးစားခဲ့နဲ့​လေ။



အထီးကျန်​​နေရမှာ ​တွေး​ကြောက်​​နေလား......

နဂိုကတည်းက အ​ဖော်​မရှာခဲ့နဲ့​လေ။



စိတ်​ညစ်​ရမှာ ​ကြောက်​​နေလား......

အဲ့တာဆိုရင်​​တော့ ​ပျော်​ရွှင်​မှုဆိုတာ

ကိုယ့်​ဆီ မျက်​စိလည်​ပြီး​တောင်​ လမ်းမှား​ရောက်​လာမှာ

မဟုတ်​ဘူး​လေ။



အောက်​ပြုတ်​ကျမှာ​တွေးပြီး ​ကြောက်​​နေလား......

အောက်​ပြုတ်​ကျမှာ​ကြောက်​​နေရင်​​တော့

မြင့်​မား​နေတဲ့ဘဝ​တွေကို အားမကျခဲ့နဲ့​လေ။



ဘယ်​အရာပဲဖြစ်​ဖြစ်

အဆိုးနဲ့အ​ကောင်း အကျိုးနဲ့အ​ကြောင်းဆိုတာ

ဒွန်​တွဲ​နေတာ သဘာဝပါ

တစ်​ခုလိုချင်​ရင်​ တစ်​ခုပြန်​​ပေးရတတ်​သလို

နေရိပ်​လိုချင်​ရင်​​တော့ အရင်​​နေပူခံရတာပါပဲ။



တစ်​ခုခုကို မလုပ်​ခင်​ မစခင်​ကတည်းက

တွေးပြီး​ကြောက်​​နေရင်

ပန်းတိုင်​ဆိုတဲ့အရာက ကိုယ့်​ကို

အမြင်​ကပ်​ပြီး လမ်းလွဲထားခံ​နေရမှာပဲ။



ဘာပဲလုပ်​လုပ်​ မလုပ်​ခင်​စဉ်းစား

လုပ်​​တော့မယ်​ဆိုရင်​လည်း ဖြစ်​လာနိုင်​သမျှ

အဆိုးနဲ့အ​ကောင်းကို ကြံ့ကြံ့ခံနိုင်​မှ

ပျော်​ရွှင်​မှုအစစ်​အမှန်​ကို ပိုင်​ဆိုင်​နိုင်​မှာ ဖြစ်​ပါတယ်​။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59218.43
ETH 2534.91
USDT 1.00
SBD 2.44