ကျောင်း

in #administrator6 years ago

ကျောင်း..

ကျွန်​​တော်​တို့ သိခဲ့တာ စာသင်​​ကျောင်း..ဘုန်းကြီး​ကျောင်း အဲ့ဒါ​တွေ စာသင်​​ကျောင်းမှာ စာသင်​ခဲ့ကြတယ်​။ ဘုန်းကြီး​ကျောင်းမှာ ဘုန်းဘုန်း​ပေးတဲ့မုန့်​စားရတယ်​ ။အဲ့လို​တွေ ​နောက်​​တော့ ဘဝ​ကျောင်းဆိုတာ ကျွန်​​တော်​တို့ အရွယ်​​ရောက်​​တော့ သိလာကြတယ်​။ ပြီး​တော့ တက္ကသိုလ်​​ကျောင်း တဲ့ ​ကောလိပ်​​ကျောင်းတဲ့။ အားကာ ​ကျောင်းတဲ့..​ကျောင်း​တွေ ​ကျောင်း​တွေ များတာ​လေ..
ဒါ​ပေမဲ့ အခု ကျွန်​​နော်​​ပြောချင်​တာ အဲ့ဒါ​တွေ တစ်​ခုမှ မပါတဲ့ နွား​ကျောင်း ဆိတ်​​ကျောင်း သိုး​ကျောင်း ဘဲ​ကျောင်း ..ဟီး..ဟီး..

ကျောင်းဆိုရင်​က​တော့ ဘယ်​လိုနည်းနဲ့ပဲ​ကျောင်း​ကျောင်း အုပ်​စုလိုက်​ကြီးကို ထိန်း​ကျောင်းရတာပဲလို့ထင်​ပါရဲ့..။ဆရာကြီးတစ်​​ယောက်​ကို ဆရာ​ခေါ် ဖိုးသိုးဖတ်​သတ်​ဖား မဟားဒရားဖား အဲ့လိုဖားကြတဲ့သူ​တွေက အထိန်း​ကျောင်းခံရတဲ့ ​ကောင်​​တွေ..။ သင်​​တော့​ပေးတယ်​..ပြီး​တော့ ဆရာကြီး​ခေါ်ရ မျက်​နှာချို​သွေးရ ကပ်​ဖား​တွေ ရပ်​ဖား​တွေ စားဖား​တွေထဲက ဆရာကြီး ဆရာကြီး အ​ခေါ်ခံရ​တော့လည်း ဆရာကြီး​ပေါ့​လေ..။
ဆရာကြီး အ​ခေါ်ခံဆိုမှ ကြားဖူးတာ တစ်​ခုရှိတယ်​။
ကြက်​တူ​ရွေးတစ်​​ကောင်​က ​ဗမာစကားတတ်​တယ်​ ။အဲ့​တော့ သူ့​ဈေးနှုန်းက တစ်​​သောင်း..ဒုတိယတစ်​​ကောင်​က နှစ်​​သောင်းတဲ့ အဲ့ဒီ​တော့ သူက နှစ်​​သောင်းနဲ့တန်​​အောင်​ ​ဗမာစကားအပြင်​ အင်္ဂလိပ်​ပါ တတ်​​သေးသတဲ့..။ ​ဟော ​နောက်​ဆုံးအ​ကောင်​က သုံး​သောင်းတဲ့​ဗျာ။ သုံး​သောင်းဆို​တော့ သုံးမျိုးတတ်​မှာပဲ​နော်​ဆို​တော့.. သူက စကားဘယ်​နှမျိုးတတ်​လဲ​တော့မသိဘူး အခုထိ သူ​ပြောတာလည်း မကြားမိ​သေးဘူး..ဒါ​ပေမဲ့ ဟို စကားတတ်​တဲ့ နှစ်​​ကောင်​က​တော့ သူ့ကို ဆရာကြီး ဆရာကြီး ​ခေါ်​နေကြတာပဲ တဲ့..။
တချို့က သူများဆရာကြီး​ခေါ်လို့သာ မိန့်​မိန့်​ကြီး ထူး​နေတာ စကားက​ပြောတတ်​မ​ပြောတတ်​မသိဘူး..။ဆရာကြီး​ခေါ်လို့ ထူး​နေတာနဲ့ အားလုံးရဲ့ဆရာကြီး ဖြစ်​သွားတာ​ပေါ့​လေ..။
ဟိုဘာနဲ့တူလဲဆို​တော့ ဂျက်​လီနဲ့ဂျက်​ကီချန်း​ပေါင်းပြီးရိုက်​ထားတဲ့ ဝူခုံးကားထဲက သိကြားမင်းကြီးက ခဏအာဏာလွှဲ​ပေးလိုက်​တာကို မ​ကျေနပ်​ချက်​ ​ဗရပွနဲ့ ဝူခုံးနဲ့ပြဿနာဖြစ်​ရတဲ့ နတ်​မင်းကြီးလိုမျိုး​တွေ..။ အဟီး..​ပြောရင်း လည်​သွားကုန်​ပြီ..
ကျွန်​​တော်​​ပြောချင်​တဲ့ နွား​ကျောင်းဆိုတာ ဒီလို​ဗျ.. တကယ်​​တော့ နွားဆိုတာမျိုး​တွေက အင်​အားကြီးတယ်​ ။ဒါ​ပေမဲ့ လူဆိုတဲ့ လူ​သေး​သေး​လေး​ပေမဲ့ ငါ့သခင်​ပဲဆိုပြီး ​ကြောက်​​နေရပြီး ခိုင်းသမျှခံ​နေရတယ်​။ ​တချို့ဆိုးတဲ့အ​ကောင်​​တွေကိုဆို သားသတ်​ရုံပို့ပြီး ဒဏ်​​ပေး​တော့ လည်း ခွန်​အားသာကြီးတာ နွား​ကျောင်းသားကို မလွန်​ဆန်​နိုင်​ဘူး​လေ..နွား​ကျောင်းသားဆိုတာကလည်း ကြိမ်​​လေး တသသနဲ့ ဆို​တော့ လက်​ထဲက ကြိမ်​​လေးကိုပဲ ​ကြောက်​​နေလို့လား..သားသတ်​ရုံပဲ​ကြောက်​လို့လား ..ဒါမှမဟုတ်​ သူ​ကျွေးတဲ့ ​ကောက်​ရိုး​ခြောက်​​လေးကိုပဲ မက်​​မော​နေလို့လား​တော့ မသိဘူး နွားဆိုတာ နွား​ကျောင်းသား​တွေကို ​မလွန်​ဆန်​နိုင်​ကြ​လေဘူး..။
နွား​ကျောင်းသားဆိုတာ နွားအ​ကြောင်းသိမှ နွား​တွေကိုထိန်း​ကျောင်းနိုင်​တာ။ ဆိတ်​​ကျောင်းသူလည်း ဆိတ်​အ​ကြောင်းကိုသိမှ ၊ ဘဲ​ကျောင်းသူလည်း ဘဲအ​ကြောင်းကိုသိမှ ထိန်း​ကျောင်းနိုင်​တာ​လေ..
အင်း...​ကျောင်းတဲ့အ​ကြောင်း​တွေ​ပြောရင်း နွ၊း​ကျောင်းတာ​တွေ ဘဲ​ကျောင်းတာ​တွေ ဆိတ်​​ကျောင်းတာ​တွေဖက်​ကို ​ရောက်​သွားမိတာပါ..။ ​ဆောရီး....
အခု ကျွန်​​တော်​ အပြန်​အလှန်​ထိန်း​ကျောင်းမှုဖက်​​လေး လှည့်​လိုက်​ပါအုံးမယ်​..။ ဦး​ဆောင်​သူကိုပဲ အလုံးစုံ မှီခိုလိုက်​ခြင်းက ခုနက ​ပြောတဲ့ နွား​ကျောင်းတာ​တွေ ဆိတ်​​ကျောင်းတာ​တွေ နဲ့ သိပ်​မကွာ​တော့ဘူး​ပေါ့..။ အစစအရာရာ ဦး​ဆောင်​သူကပဲ စီမံခန့်​ခွဲပြီး ​နောက်​ကလိုက်​သူ​တွေက လိုက်​လုပ်​ရုံဆို ခဏက ​ကျောင်း​​တွေနဲ့ သိပ်​မထူး​တော့ဘူး​ပေါ့..
ခေါင်း​ဆောင်​ကလည်း ​နောက်​လူ​တွေနဲ့ အပြန်​အလှန်​​ဆွေး​နွေးမယ်​..ညှိနှိုင်းကြမယ်​.။အ​ဖြေရှာကြမယ်​ ဆိုရင်​ အပြန်​အလှန်​ထိန်း​ကျောင်းမှုစနစ်​ဟာ..​ခေါင်း​ဆောင်​အ​ပေါ်မှာချည်း မှီခိုမ​နေ​တော့​တော့သိလို ​ခေါင်း​ဆောင်​သူအတွက်​လည်း တာဝန်​သိပ်​မကြီးပဲ ​ပေါ့​ပေါ့ပါးပါး ဦး​ဆောင်​နိုင်​လာမှာ​ပေါ့။

အဲ့ဒီအခါ ​ခေါင်း​ဆောင်​သူဟာ စီမံခန့်​ခွဲရုံနဲ့ လမ်း​ကြောင်းချ​ပေးရုံ​လောက်​နဲ့ ​နောက်​လူ​တွေကို လက်​တွဲ​ခေါ်နိုင်​ပြီး ခဏက​ပြောသလို နွား​ကျောင်းသလို ဘဲ​ကျောင်းသလို​တွေ ဖြစ်​မ​နေ​တော့ပဲ လူသားပိုဆန်​လာမှာ​ပေါ့..။
အဲ့ဒီအပြန်​အလှန်​ ထိန်း​ကျောင်းမှုက တစ်​ဦးနဲ့တစ်​ဦး ပိုပြီးရင်းနှီးပွင့်​လင်း​စေပြီး လူတိုင်းရဲ့အ​တွေးအမြင်​​တွေကို ဖွင့်​ချနိုင်​တယ်​..။ လူတိုင်းဆီက အ​တွေးတစ်​ခုစီကို ​ပေါင်းစုပြီး အ​ကောင်းဆုံးအ​ဖြေကို ရှာနိုင်​ကြမယ်​..။ တစ်​ဦးတစ်​​ယောက်​ချင်းရဲ့ အရည်​အ​သွေး​တွေ တိုးတက်​လာကြမယ်​..ပြီး​တော့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဖား တမ်း ကစားဖို့မလို​တော့ဘူး​ပေါ့..။
ဦး​ဆောင်​သူကိုပဲ အလုံးစုံမှီခိုလိုက်​တဲ့ နွား​ကျောင်း ဘဲ​ကျောင်း ဆိတ်​​ကျောင်း စနစ်​အစား ကျွန်​​တော့်​ အမြင်​မှာ​တော့ အားလုံးစု​ပေါင်းပါဝင်​ကြတဲ့ အပြန်​အလှန်​ ထိန်း​ကျောင်းတဲ့စနစ်​က ပို​ကောင်းတယ်​လို့ ယူဆမိပါတယ်​ ခင်​​ဗျား..

အားလုံးကို ​ကျေးဇူးတင်​ပါတယ်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01