အစွန်းထွက်​ ဟင်းလင်းပြင်

in #actnearn6 years ago

*** အစွန်းထွက်​ ဟင်းလင်းပြင်​ ***

အ​မှောင်​​တွေ ငါ့ အ​ပေါ်​လောင်းချပစ်​လိုက်
ထာဝရ မိုးချုပ်​သွားပါ​စေ..
ပွက်​ပွက်​ဆူ​နေတဲ့ ​နေခြည်​ထဲ
လက်​ကုန်​နှိုက်​ပြီး ​ဆေးချပစ်​လိုက်​မယ်​...
ကျွမ်း​လောင်​ နွမ်း​ကြွေသွားခဲ့ပါ​စေ...
ကမ္ဘာ​မြေ ထမ်းပိုးထားတဲ့
အတ္တအတုံးအခဲကြီးကို
ကြယ်​​ကြွေ​တွေရဲ့ ဥပမာအတိုင်း
ပျံ့ကြဲ မှုန်​မွှားသွားကြပါ​စေ...
ရှူး....တိုးတိုး...
ငါ့အတွက်​ ဝမ်းနည်းပြီးရင်
အသက်​မရှူကြနဲ့
လေထုထဲမှာ ငါ ရှိ​နေတယ်​....

I'm ATM.
Msu 021.
Photo credit. image

Sort:  

ခေါင်းစဉ်လေးနဲ့ စာသားတွေက လိုက်ဖက်တယ်လို့ ခံစားရတယ် ဗျာ စိန်ခေါ်နေသလိုလို ခွန်အားပေးနေသလိုလို ကြီး ကျန်တာတော့ လိုက်မမီပါ 😀

Posted using Partiko Android

အတ္တ​တွေကြီးစိုးလွန်းသူဟာ အ​မှောင်​ထဲက လူသားအဖြစ်​ပဲရှိ​နေ​တော့တယ်​..
သူ့အတ္တကို သူဖက်​တွယ်​ရင်း သူ့မိုက်​ပစ်​အတတ်​က်​ သူ့ကိုယ်​သူနစ်​မြှုပ်​​စေတယ်​.
ကမ္ဘာ​မြေ​ပေါ်မှာ ကိုယ့်​လိုလူတစ်​​ယောက်​ကို ထမ်းပိုးထားရတာကို နားလည်​လာတဲ့အခါ ကြယ်​​ကြွေသလို ကမ္ဘာ​မြေအ​ပေါ် ဝန်​ထုပ်​ဝန်​ပိုးမဖြစ်​​စေပဲ ပြာမှုန်​​တွေလို့ လွှင့်​​စေချင်​​ပေမယ့်​ ​လေထုထဲမှာ​တော့ ပြာ​တွေရှိ​နေတုန်းပဲ..​လေထုက​တော့ ထမ်းပိုး​ပေးရဆဲပဲ..
အဲ့ဒီ​လေထုကို ရှူရှိုက်​မိပြီး ကိုယ့်​လို အတ္တသမား​တွေ ​နောက်​ထပ်​ဖြစ်​လာမှာ ​ကြောက်​မိတဲ့ လူတစ်​​ယောက်​ရဲ့ ​နောက်​ဆုံးလက်​ကျန်​အတ္တ ဟင်းလင်းပြင်​ထဲက အစွန်းထွက်​​နေတဲ့ လူတစ်​​ယောက်​ရဲ့ အတ္တကြီးမှုသ​ဘောတရား​လေးကို ​ရည်​ညွှန်းချင်​တာပါ..

ကိုယ့်​ဘာသာပဲ​ရေးလိုက်​တာမို့ လိုအပ်​ချက်​​တွေရှိရင်​ ​တောင်းပန်​ပါတယ်​​နော်​..အား​ပေးတာ​ကျေးဇူးပါ..လွတ်​လပ်​စွာ သ​ဘောထား ကွဲလွှဲနိုင်​ပါတယ်​​နော်​...

အခုလို ရှင်းပြတော့လည်း ပို ခံစားနားလည်သွားတယ် ပို နှစ်သက်သွားတယ် ကျနော် အင်္ဂလိပ်လို ဘာသာပြန်ကြည့်ပြီး အမှတ်တရ post လေး ဖန်တီးချင်တယ် ရေးခွင့်ပြုရင်ပေါ့ 😊

လိုအပ်ချက်ရှိလို့ တောင်းပန်ကြေး ဆိုရင်တော့ ကျွန်တော်လည်း လိုအပ်တာရှိ တောင်းပန်ပါတယ် နော် :)

အိုး...ရတာ​ပေါ့....
ကြိုးစားကြည့်​​ပေးပါ..ကျွန်​မက အင်္ဂလိပ်​မတတ်​လို့ ...အင်္ဂလိပ်​လို ​ရေးတတ်​ရင်​ ​ရေးတယ်​..လုပ်​ပါ..မှားယ်​ မှန်​တယ်​ဆိုတာထက်​ ကြိုးစားမှုနဲ့ချီတက်​ကြတာ​ပေါ့

ဟုတ်ကဲ့ ကျွန်တော်လည်း E ကျွမ်းလို့ မဟုတ်ပါဘူး ကြိုးစားကြည့်တဲ့ သဘောပါ နားလည်ပေးတာ ကျေးဇူး ကျွန်တော် ရေးပြီး ရင် လည်း အကြံဉာဏ် လာယူပါဦးမယ်ဗျာ နော်

Posted using Partiko Android

အားပေးသွားတယ် ညီမ😁

ကျေးဇူးပါ အစ်​မ​ရေ...သတိရတယ်​..

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57971.70
ETH 2448.51
USDT 1.00
SBD 2.34