ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေအတွက် အမြန်ဆုံး ခုံရုံးတင် စစ်ဆေး အရေး...


မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တရားမျှတမှုကိုရရှိဖို့ ရာဇ၀တ်မှုခုံရုံးကိုတည်ထောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အရေးယူနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှုကိုရရှိထားတဲ့ ဥပဒေအဖွဲ့က ပြီးခဲ့တဲ့တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် လူသားမျိုးနွယ်စုကိုဆန့်ကျင်တဲ့ပြစ်မှု လူမျိုးတုန်းသတ်ဖြတ်မှုနဲ့စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယုံကြည်နိုင်လောက်အောင် ခိုင်လုံတဲ့သက်သေအထောက်ထားတွေ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော်ကို မေးမြန်းရရှိခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး သိရှိခဲ့ရတယ်လို့ ၀ါရှင်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် မူဝါဒအဖွဲ့ (PILPG) က အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

မိမိအစိုးရလက်ချက်ဖြင့် ပြည်သူများ အကြောင်းမဲ့သတ်ဖြတ်ခံရမှုကိုကာကွယ်ဖို့နဲ့ အဲ့ဒီအစိုးရရဲ့ ယုတ်မာတဲ့ပြစ်မှုလုပ်ရပ်တွေအတွက် တရားမျှတမှုနဲ့တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာအသိုင်းဝိုင်းမှာ တာဝန်ရှိကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအရ ခိုင်မာတဲ့ ရွေးချယ်မှုတစ်ခုကိုပြုလုပ်ဖို့၊ တာဝန်ခံမှုနည်းလမ်းတစ်ရပ်ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ ဒါမှမဟုတ် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေကို နိုင်ငံတကာရာဇ၀တ်မှုခုံရုံးကို အမြန်ဆုံးလွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်နဲ့ လူနည်းစုရိုဟင်ဂျာလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ြခင်းနဲ့ အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းတွေကို ကျူးလွန်ခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီးနှင့်တကွ ဗိုလ်ချုပ်ကြီးငါးဦးကို နိုင်ငံတကာ ဥပဒေအရ တရားစွဲသင့်ကြောင်း သြဂုတ်လထုတ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လက်နက်ရောင်းချမှုကို ပိတ်ဆို့စည်းကြပ်ဖို့၊ စီးပွားရေးအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့နဲ့ သက်ဆိုင်ရာ သံသယရှိသူတွေကို နိုင်ငံတကာခုံရုံးမှာ စစ်ဆေးဖို့ ၄င်းအစီရင်ခံစာက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဘင်္ဂလားဒေ့ရှနိုင်ငံမှာခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ရိုဟင်ဂျာလူနည်းစု တစ်သန်းနီးပါးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလလယ်မှာ ပြန်လည်ပို့ဆောင်ဖို့ နှစ်နိုင်ငံကြားသဘောတူညီမှု ရှိခဲ့သော်လည်း ဒုက္ခသည်များက မိမိတို့ရဲ့ တောင်းဆိုချက်များကို မရမချင်း ပြန်မည်မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

Source: REUTERS

ဘာသာပြန်ဆိုသူ- ရိုရတီ


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%b1%e1%80%95%e1%81%9a-%e1%80%80%e1%80%ba%e1%80%b4%e1%80%b8%e1%80%9c-2/

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63439.39
ETH 2545.40
USDT 1.00
SBD 2.66