မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့၏ အပြန်လှန် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာကေ...

in #aa6 years ago


ရသေ့တောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်လက်နက်ကိုင်များနှင့် မြန်မာစစ်တပ်တို့ လက်နက်ကြီး/ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာကျေးရွာများသို့ လက်နက်တစ်ချို့ ထိမှန်ခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့ လက်နက်များ ကျေးရွားတွင်းသို့ ထိမှန်ခဲ့ခြင်းကြောင့် ကျေးရွာနေ ရိုဟင်ဂျာများ စိုးရိမ်ထိတ်လန့် နေကြပါတယ်။

ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာ ကျေးရွာတွင်းသို့ မြန်မာစစ်သားများ တစ်ရာကျော်ခန့် ရောက်ရှိလာကာ ဗလီအနီးနားဝန်းကျင်နှင့် မွတ်စလင်သင်္ချိုင်းတွင် စခန်းချခဲ့ကြပြီး မတ်လ(၈)ရက် ညအချိန်တွင် ရခိုင်လက်နက်ကိုင်များနှင့် အပြန်လှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါတယ်။

ထိုသို့အပြန်လှန် ပစ်ခတ်မှုများကြောင့် ရိုဟင်ဂျာကျေးရွာတွင်းသို့ လက်နက်များထိမှန်ခဲ့သော်လည်း ကျွဲ၊နွား၊ တိရစ္ဆာန်များနှင့် နေအိမ်၊ သစ်ပင်တစ်ချို့ကိုသာ ထိမှန်ခဲ့တာကြောင့် ကျေးရွာနေ ရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပေ။

ရိုဟင်ဂျာများအနေနှင့် ယခုအခြေနေ ရောက်ရှိလာမည်ကို လွန်စွာစိုးရိမ် ခဲ့ကြပါတယ်။ယခုအချိန်တွင် ကျေးရွာမှ ထွက်ခွာရန်လည်း ကြောက်ရွံ့နေကြရပါတယ်။ ယခင်က မြန်မာစစ်တပ်များက ရခိုင်ကျေးရွာများတွင်သာ စခန်းချခဲ့ကြသော်လည်း ယခုချိန်တွင် ရိုဟင်ဂျာကျေးရွာများ အနီးတဝိုက်တွင်သာ စခန်းချထားသောကြောင့် ရိုဟင်ဂျာများက လူသားဒိုင်းသဖွယ် ဖြစ်လျက် ရှိနေပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9b%e1%80%81%e1%80%af%e1%80%ad%e1%80%84/

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 65777.74
ETH 2616.43
USDT 1.00
SBD 2.68