ကျွန်တော်နှင့် တက္ကသိုလ် အပိုင်း(၄)
အတန်းရှေ့ရောက်တော့ဆရာမကကိုယ့်နာမည်နှင့်နေရပ်လိပ်စာကို အင်္ဂလိပ်လို မိတ်ဆက်ခိုင်းပါသည်။ဆရာမကနမူနာပုံစံအရင်ပြောပြသည်။ပြီးတော့ကျွန်တော်ကိုပြောခိုင်းသည်။စပြောတော့အသံကတုန်နေသည်။အဆင်ပြေပြေပြောနိုင်လို့တော်ပါသေးသည်။မိတ်ဆက်ခိုင်ပြီးပြီဖြစ်၍နောက်ထပ်စာမမေးတော့ပူးဟုထင်ကာမျက်နှာထပ်ပြောင်ပါသည်။ကံဆိုးစွာပင်နောက်တစ်ကြိမ်စာမေးခံရသည်။ဘေးကသဟ်ချင်းကအဖြေဝိုင်းပြထားလို့အဆင်ပြေသွားပါသည်။
အတန်းချိန်ပြီးတော့ဆရာမနှင့်လည်းအတော်ရင်းနှီးသွားပါသည်။နောက်တစ်ချိန်ကAmချိန်ဖြစ်သည်။ဆရာမနာမည်ကဒေါက်တာစုမွန်မြင့်ဖြစ်သည်။ဆရာမကသမိုင်းပါမောက္ခဖြစ်သည်။သဘောအလွန်ကောင်းပြီးမျက်နှာကအမြဲတမ်းပြုံးပြုံးလေးနှင့်ဖြစ်သည်။ဆရာမကစာကိုမနက်ဖန်မှစသင်မည်ဟုပြောပြီးသမိုင်းကြောင်းများကိုရှင်းပြပေးပြီးသမိုင်းသင်ရခြင်း၏ရည်ရွယ်ချက်ကိုပြောပြပေးပါသည်။
သမိုင်းသင်ရခြင်း၏အဓိကရည်ရွယ်ချက်မှာမအအောင်ဟုပြောတော့ကျွန်တော်တို့အားလုံးဝိုင်းရီကြပါသည်။ကျွန်တော်တို့ရီသံတေတိတ်သွားတော့ဆရာမကရှင်းပြပေးပါသည်။လူတိုင်းလူတိုင်းမိမိတို့၏လူမျိုးနှင်းမိမိတို့နိုင်ငံတော်၏သမိုင်းကြောင်းကိုသိဖို့လိုကြောင်း သမိုင်းကြောင်းအဖြစ်ပြက်များထဲမှကောင်းသောအရာများကိုလေးစားအတုယူရမည့်အပြင် သမိုင်းထဲကအဆိုးများကိုလဲသင်းခန်းစားယူကာမျက်မှောက်ခေတ်တွင်သမိုင်းထဲကအမှားမျိုးကိုထပ်မံမကြူးလွန်အောင်အသိတရာနှင့်ဆင်ခြင့်သင့်ကြောင်းပြေားပါသည်။
ကိုယ်လူမျိုးကိုယ့်နိုင်ငံ၏သမိုင်းကြောင်းကိုမသိသူသည်လူအနှင့်တူသည်။ကိုယ်နိုငိငံ၏ ပထဝီကိုမသိသောသူသည်မျက်ကန်းနှင့်တူသည်ဟုဆရာမပြောပြပါသည်။ဆရာမရှင်းပြသည်မှာစိတ်ဝင်စားဖွယ်ကောင်းသောကြောင့်ကျွန်တော်တို့အားလုံး တိတ်ဆိတ်ငြိမ်သက်စွာနားထောင်နေကြသည်။ခနနေတော့ဆရာမအတန်းချိန်းပြီးသွားပါသည်။
နောက်တစ်ချိန်မှာမေဂျာဆရာမတစ် ဦး၏အချိန်ဖြစ်သည်ဆရာမလာသေးသဖြင့်အတန်းထဲတွင်တစ်ဦးနှင့်တစ်ဦးစကားပြောခြင်းစနောက်ခြင်းများဖြင့်လက်ပံပင်ဇရက်ကျသလိုဆူညံနေသည်။၁၅မိနစ်ကျော်တဲ့အထိဆရာမရောမလာသေးပါ။ခနနေတော့ကျူတာဆရာမလေးရောက်လာပြီးဆရာမကြီးအစည်းဝေးသွားရလို့အတန်းချိန်မဝင်နိုင်ကြောင်းပြောတော့ကျနော်တိုအားလုံးဟန်မဆောင်နိုင်ဘဲဟေးဟူပြိုင်တူထအော်မိကြသည်။
ဆက်ပါဦးမည်..........
MSC 249
@zawhtat
ကျောင်းသားဘ၀ကိုတောင်ပြန်သတိရသွားတယ်။အရေးသားလေးတွေကောင်းတယ်။အကြံတစ်ခုပေးမယ် စာတစ်ပိုဒ်ပုံတစ်ပုံထည့်ပါညီလေး။hr1 ကလာဘုတ်လိမ့်မယ်အနည်းဆုံးပုံ5ပုံတော့ထည့်ပါ။စာငါးပိုးပုံငါးပုံပေါ့။တတ်နိုင်ရင်အဲ့လိုလုပ်စေချင်တယ် RP SP မြန်မြန်တတ်စေချင်လို့စေတနာနဲ့ပါ။
ဟုတ်အကိုခုလိုလမ်းပြပေးတာကျေးဇူးပါ။
နောက်postတေကျရင်လုပ်လိုက်ပါ့မယ်။
အားပေးတာကျေးဇူးပါ။
ပျော်သလားဟေ့ မောင်တို့ရေ
ပျော်တယ်ဟေ့ ပျော်တယ်ဟေ့🙂🙂
ဆရာမ မလာတော့ပျော်ပီလေ😂
ဟုပါတယ်ဆို
ကျနော်ကတော့ ဆရာမလာလျင်ပျော်တယ်လေ😂
ကျနော်လဲအတူတူဘဲ
အဲ့ အချိန်မှာ .. အဲ့ အသံလောက် ပျော်စရာကောင်းတာ မရှိဘူးရယ် .. နှစ်ရက်လောက် မီးပျက်နေပြီးမှ ပြန်လာတဲ့ ခံစားချက်မျိုး ..😂
ဟုပါ့ဗျာ😂😂
အဲ့လိုဘာဘဲ တက္ကသိုလ်တွေ မှာ ကိုယ့်မေဂျာ ကိုယ် အမွှန်းတင်ပြော
ကြတာ ပါမောက္ခတေကစ
အဲတာကတော့သဘာဝပါဘဲ။
အစွဲလေးတေပေါ့🙂🙂🙂
ဟေး အော်သံ ဒီကနေတောင်ကြားရသလိုပ😁
ကျနော်တို့အသံကအဲ့လောက်တောင်
ကျယ်တာလား😂😂
Vote exchange site https://mysteemup.club
အမလည်း ကျောင်းတက်တုန်းက ဆရာ အတန်း မဝင်ရင် အရမ်းပျော်တယ်
ဆရာမလာရင်freeဆိုတော့ပျော်တာပေါ့
ဇာတ်လမ်းအစတွေကို အားသလိုဖတ်ပါအုံးမယ်ဗျ
ဟုတ်ကဲ့ကျေးဇူးပါ
သတိရသွားဆရာ