ကက်စက်တလုံ့းဇာတ်လမ်း
အားလုံးမင်္ဂလာပါ ခင်ဗျာ့
မနေ့ကကျွန်တော်စက်ပြင်ဆိုင်ပြဿ်နာလေးဆက်ရေးပါအုံးမယ်
သူကစ္စည်းသူပြန်ယူမယ်လို့ပြောတော့။ဟာ...ဒါတော့မဖြစ်နိုင်ဘူး လာအပ်တဲ့သူကိုဘောင်ချာပေးလိုက်တယ် ပိုင်ရှင်အစစ်ဆိုတောင်ဘောင်ခြာမပါဘဲနဲ့စက်ပြင်ဆိုင်တွေကပေးလေ့ပေးထမရှိဘူးလို့ပြောလိုက်ပါတယ်၊ ဒါကိုသူကလက်မခံပါဘူး၊ ဒီလိုတော့မဖြစ်ဖူးဗျာ့ လာအပ်တဲ့သူ့ ပိုင်ရှင်ကြတော့ကျွန်တော်တို့ဘယ်လိုသွားရှင်းမလဲ၊ခင်ဗျားကက်စက်ဆိုတာခင်ဗျားအပြောဘဲ အဲ..တခုတော့ရှိတယ် ခင်ဗျားပိုင်တဲ့ကက်စက်အမှန်ဆိုရင် လူမူရေးအရ ကျွန်တော်ပေးလိုက်တဲ့ဘောင်ချာမပါခြင်နေစက်ပြင်ခပေးရင်ပေးလိုက်မယ်၊ စက်ပြင်ခမပေးရင်တော့မပေးနိုင်ဘူးပိုင်ရှင်လာရင် ခင်ဗျားဆီပို့မယ်လို့ပြောလိုက်ပါတယ်၊ ဒီကလဲဘယ်ရမလဲ ကိုယ်ဝယ်လိုက်တဲ့ပိုက်ဆံစက်ပြင်ခအနေနဲ့ပြန်တောင်းရမယ်လေ၊ သူကမပေးနိုင်ဘူးတဲ့ ရယကရုံးမှာရှင်းမယ်တဲ့ ရှင်းဗျာ ကျုပ်ထည့်တားတဲ့အိုင်စီနဲ့ မော်တာတော့အလကားမပေးနိုင်ဘူး တဖက်လှည့်နဲ့ကလေးတယောက်အပ်ခိုင်း ခင်ဗျားက ငါ့ပစ္စည်းဆိုပြီးပြင်ခမပေးဘူးသိမ်းမယ်ဆိုတဲ့သဘောမျိုးကျုပ်တို့လဲတွေးလို့ရတာဘဲလို့အော်လွှတ်လိုက်တယ်၊ဝတရုပ် ရှူးရူး..ရှူးရှူး ..နဲ့စိတ်ဆိုးပြီးထွက်သွာပါလေတယ်၊
နောက်ရက်ရုံးကခေါ်လို့သွားလိုက်တယ် ဖြစ်ကြောင်းကုန်စင်ပြောပြတယ် ရပ်ကွက်ဥက္ကဌကလဲကိုယ့်အသိ ၊ နောက်ဆုံးတော့ဥက္ကဌက သူကအပျက်ကိုလာပြင်လို့ပြင်တာ ဘောင်ချာမပါဘဲနဲ့အရွေးခံတယ်ဆိုတာတောင်ခင်ဗျားကစက်ပြင်ခမပေးနိုင်ဘူးဆိုတော့စဉ်းစားကြည့်အုံးလေ သူ့ဘက်ကမနစ်နာနေဘူးလားတဲ့ ၊သူကလဲပျောက်သွားတုန်ကအကောင်းတဲ့ ၊အကောင်းဆိုစက်ပြင်ဆိုင်ဘယ်လိုရောက်မလဲလို့ပြောတော့ ခင်ဗျားကဘာတွေထည့်ထားလဲတဲ့ အသံIC နဲ့ မော်တာထည့်ထားတယ်လို့ပြောလိုက်တော့ အဲ့ဒီနှစ်ခုပြန်ဖြုပ်ယူလိုက်တဲ့ ၊ ကျွန်တော်လဲ OK ခင်ဗျားတပည့်တခါထဲထည့်လိုက်တခါထဲယူသွား လို့ပြောလိုက်ပါတယ်၊ ဒီသီတင်းက ဆိုင်းတောင်မှာစက်ပြင်ဆိုင်လေးသုံးဆိုင်ရှိတာ စက်ပြင်သမားအချင်းချင်းအားလုံးသိသွားပြီလေ ၊
နောက်ရက် ဝတရုပ်ရဲ့တပည့်လေး ကက်စက်ကြီးဆွဲပြီးပြန်ယူလာတယ်လေ၊ လောပန်းကပြန်ပြင်ပေးပါတဲ့ ပြင်ခပေးမယ်တဲ့၊ သိနေတယ်လေ ဘယ်ဆိုင်မှပြင်မပေးဘူးဆိုတာ၊ အားလုံးက ကျွန်တော်တိုပြဿ်နာသိနေတော့ နောက်ပစ္စည်းကလည်းရှာတယ်မဟုပ်လား၊ ကျွန်တော်ကအဲ့ဒီအခါမှအော်လွှတ်လိုက်ပါတယ်၊ တော်ပြီဒီလောက်ဇယားရှူပ်တဲ့စက်ICလဲမရှိတော့ဘူး ပြင်ခလဲမရခြင်နေ ပြင်လဲပြင်မပေးနိုင်ဘူးလို့အော်လွှတ်လိုက်ပါတယ်၊ ခုခေတ်ဆိုရင်အဲ့ဒီကက်စက်ရိုက်ခွဲမိမှာ၊အဲ့ဒီခေတ်က ကက်စက်တန်ကြေးက နှစ်သောင်းခွဲလောက်တန်တယ်၊ ရွှေတကျပ်သားတသိန်းကျော်ကျော်လေးဘဲရှိတာဆိုတော့ ခုခေတ်အနေနဲ့တွက်ရင်ဈေးမနည်းဘူးလေ၊ ကျွန်တော်တို့စက်ပြင်သမားတွေမှာ ဒီလိုလေးတွေလဲကြုံရပါတယ်လို့တင်ပြရင်း....စာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Post writer=@yuzana(shineshine)
MSC=146
ကက်ဆက်တွေ ဘယ်ပျောက်ကုန်လဲ
Posted using Partiko Android
ခု ဘယ်ရောက်ကုန်လဲမသိ 😄😄
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
တီဗွီ ဖုန်းတွေပေါ်လာတော့ သူတို့လည်းချောင်ရောက်ရော
တော်တော်ဆိုးတဲ့ တရုပ်