တောကြားထဲကမြို့​လေးတမြို့

in #myanmar5 years ago (edited)

အားလုံးမင်္ဂလာပါခင်​ဗျာ
အရင်​တခါက က​လေးမြို့ဖက်​ကို အဲ့ဒီလမ်းကသွားခဲ့တာမဟုပ်​ပေ ၊ မြိုင်​က​နေ ပုံ​တောင်​ပုံညာ​ခြေကမင်းတိုင်​ပင်​ရွာကို သူငယ်​ချင်းတ​ယောက်​ကပိုပြီးခရီးနီးတယ်​ဆိုပြီး​ပြောသဖြင့်​ဖြတ်​သွားခဲဖူးပါသည်​၊ google map မှာလည်း ကားလမ်း​ကြောင်းကမ​ပေါ်​ပေ ၊ အ​တွေ့အကြုံအရ ယခုအစိုးရလက်​ထက်​မှာ လမ်း​တွေအလျှင်​အမြန်​တိုးတက်​ပြီး​ဖောက်​လုပ်​သဖြင့်​google map မှာ မ​ပေါ်နိုင်​သေး​ပေ၊

IMG_20180507_094955.jpg

သူငယ်​ချင်း​ပြောစကားအရ လမ်း​ကောင်းတယ်​ဆို​တော့ မြိုင်​က​နေ မင်းတိုင်​ပင်​ရွာကိုဖြတ်​သွား​လေရာ လမ်းခွဲတခုမှာလမ်းမှားပြီး​တောထဲ​ရောက်​သွား​လေသည်​၊ အစပထမ​တော့လမ်း​ကောင်းပြီး​တောထဲ​ရောက်​သွား​တော့ ဆိုးလိုက်​တဲ့လမ်း​မတပ်​နိုင်​တော့သွားလက်​စခရီးဆက်​သွားရ​လေသည်​၊ ရှားရှားပါပါ​တောထဲမှာ​ဈေး​ရောင်းတဲ့ဆိုင်​ကယ်​တစီး​တွေ့လို့ မင်းတိုင်​ပင်​အ​တော်​ဝေး​သေးလားဟု​မေးကြည့်​ရာ ဒီလမ်းက မင်းတိုင်​ပင်​မ​ရောက်​ဖူး မင်းတိုင်​ပင်​ကို​ကျော်​ပြီး​ကျော ကို​ရောက်​တယ်​တဲ့ အမှန်​က မင်းတိုင်​ပင်​ကို​ဖြတ်​သွားပြီးမှ​ကျော ကို​ရောက်​ရမှာ ခုလမ်းက​ကျောကိုတိုက်​ရိုက်​သွား​သောလမ်းဖြစ်​ပေလိမ့်​မည်​၊ မတပ်​နိုင်​ဆိုင်​ကယ်​သာမပျက်​ပါ​စေနဲ့ဆု​တောင်းပြီး ဆိုင်​ကယ်​ကို ဆက်​မောင်းလာခဲ့ပါသည်​၊

IMG_20180507_095230.jpg

မကြာမှီ​တောကြားထဲမှာ တခါမှမ​တွေ့ဘူး​သော​ရေနံလက်​ယက်​တွင်း​တွေ​တွေ့ရ​လေသည်​၊ အစပထမ​တော့ အံ့ဩသွား​လေသည်​၊​တောကြိုအုံကြားထဲမှာ ကား​တွေ​ရော ဆိုင်​ကယ်​တွေ​ရော စား​သောက်​ဆိုင်​အိမ်​ဆိုင်​တွေ​ရော နဲ့ ဆူညံစွာစည်​စည်​ကား​တွေ့လိုက်​ရ​သော​ကြောင့်​ဖြစ်​သည်​၊ အဲ့ဒီမှာ​ရေနံတွင်းစက်​ပစ္စည်းများ တရုပ်​နီစက်​အင်​ဂျင်​များ ပြုပြင်​သော ဝပ်​ရှော့ တွင်​ခုံများလည်းပြည့်​ပြည့်​စုံစုံရှိ​လေသည်​၊ ထို​နေရာတွင်​ရှိ​သော ကား ဆိုင်​ကယ်​လူများသည်​ကျောဖက်​မှလာ​ရောက်​လုပ်​ကိုင်​ကြခြင်းဖြစ်​သဖြင့်​ကျွန်​တော်​လာ​သောလမ်းဖက်​က လူ​ခေါင်​ပြီး လမ်းမ​ကောင်းခြင်းဖြစ်​လေသည်​၊ ကျွန်​တော်​လည်း သူငယ်​ချင်းတို့​လေ့လာ​စေရန်​အမှတ်​တရဓာတ်​ပုံရိုက်​လာခဲ့​လေသည်​၊​ရှေ့အပတ်​ဆက်​ရေးပါအုံးမည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

👍 👍


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61618.64
ETH 3009.45
USDT 1.00
SBD 3.78