အီလက်ထရောနစ်ကမ္ဘာအပိုင်(၂)
လျပ်စစ်မှာ ဗို့အားကဲ့သို့အရေးကြီးသောအပိုင်းရှိပါသေးသည် ၊အဲ့ဒါကတော့အထက်ကပြောခဲ့သလို အင်ပီယာဆိုတဲ့လျှပ်စစ်အလုံးအထည်ပါဘဲ ။လျှပ်စစ်သွယ်တန်းထားသောဝါယာကြိုးကြီးလျှင်လျှပ်စစ်ထုထည်ကြီးကြီးစီးဆင်းနိုင်ပြီး သွယ်တန်းထားသောကြိုးသေးလျှင်းလျှပ်စစ်ထုထည်သေးသေးစီးဆင်းနိုင်ပါသည်။ အီလက်ထရောနစ်ပစ္စည်းများ လျှပ်စစ်မီးသီးများတွင်သူတို့အသုးံပြုသောလျှပ်စစ်ထုထည်ကို ဝပ်များဖြင့်ဖော်ပြကြပါသည် ၊ဝပ်ကြီးသောအီလက်ထရောနစ်များသည် မီးအားစား၍ ဝပ်သေးသောပစ္စည်းများသည်မီးစားသက်သာပါည်။ ဥပမာ မီးလုံးတီဗွီတလုံးသည် ဝပ်(60) ဝပ်(70)စားပါသည် လေးပေမီးချောင်းချုပ်သည် ဝပ်(40)စားပါသည် ။ပျမ်းမျှအားဖြင့်ပြောပြခြင်းဖြစ်ပါသည်။ တခုနှင်တခုမတူညီကြပါ
တဖြေးဖြေးနှင့်လျှပ်စစ်စားသက်သာအောင်တီထွင်လာကြပါသည်။
ယခုဆိုလျှင် ကက်သုပ်Led မီးလုံးသေးသေးလေးတွေတွင်ကြယ်စွာသုံးလာခြင်းမှာ မီအားစားအလွန်သက်သာသောကြောင့်ဖြစ်ပါသည်။ထမင်းပေါင်းအိုး မီးကြွေအိုး လျပ်စစ်မီးဖိုတို့မှာလျှပ်စားအားအလွန်စားပါသည် ဝပ် တထောင်ဝန်းကျင်စားပါသည်။ တခုနှင့်တခုတော့မတူခြေ အီလထရောနစ်ပစ္စည်းများဝယ်ယူလျှင် နောက်မှာရေးထားသောဝပ်အားကိုကြည့်ခြင်းအားဖြင့်မီးအားဘယ်လောက်စားသည်ကိုခန့်မှန်းလို့ရပါသည်။ထိုကြောင့်မီးအားအင်ပီယာများများစားသောပစ္စည်းများကိုကြိုးကြီးကြီးဖြင့်သွယ်တန်းရပြီး မီစားသက်သာသောအီလက်ထရောနစ်ပစ္စည်းများကိုမီးကြိုးသေးသေးနှင်သွယ်တန်းရပါသည်။
လျှပ်စစ်မီးမရလို့ အင်ဗာတာဘယ်ထရီအိုးဖြင့်သုံးလျှင်ဝပ်အားတွက်ချက်၍သုံးသင့်ပါသည်။ ဥပမာဝပ်တထောင်အင်ဗာတာသည် သူ့ရဲအထွက်မှမီးအားသည် ဝပ်နှစ်ရာ့ငါးဆယ် သုံးရာလောက်သာသုံးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဝပ်တထောင်အင်ဗာတာမှာ ခုခေတ်တွင် ဝပ်တထောင်အပြည့်ထုပ်ပေးသောအင်ဗာတာမှာမရှိသလောက်ဖြစ်သည် ဝပ်တထောင်အပြည့်သုံးလို့မရခြေ ။တရုပ်အင်ဗာတာဆိုလျှင်ပို၍တောင်ဆိုးပါသည် ပါဝါများဖြင့်မထိုင်ကြတော့ဘဲ fedတရန်စစ္စတာများဖြင့်ထိုင်ထားသဖြင့်အမှားအပြုသိပ်မခံခြေ ။ကျွန်တော်ကတော့ဝပ်တထောင်အင်ဗာတာကို ဝပ်ငါးရာသာခန့်မှန်းပါသည်။လူများတွင်ပိသ်သာချိန်အစိတ်ထမ်းနိုင်သောသူကိုရေရှည်ပိသ်သာချိန်အစိတ်ထမ်းခိုင်ပါက အဲဒီလူကြာရှေမထမ်းနိုင်ခြေ ပိသ်သာချိန်တဆယ်သာထမ်းခိုင်းပါကပေါ့ပေါ့ပါးပါးကြာရှည်ထမ်းနိုင်လိမ်ည်။ထိုကြောင့်ဝပ်ငါးရာသာထွက်သောအင်ပါတာကို ဝပ်နှစ်ရာ့ငါဆယ်လောက်သာအသုံးပြုသင့်ပါသည်။ဒီထက်များများအသုံးပြုပါက အင်ဗာတာရေရှည်မခံသလို အင်ဗာတာတွင်တည်ဆောက်ထားသော fedများတဖောင်းဖောင်းလောင်ကြွမ်းပါလိမ့်မည်။
လျှပ်စစ်ဝါရာကြိုးများသွယ်တန်းသောအခါ မိမိအသုံးပြုသောအီလက်ထရောနစ်ပစ္စည်းများရဲ့ဝပ်အားကိုပေါင်း၍ ကျွမ်းကျင်သောပညာရှင်မျာကဝါယာကြီုရဲ့ဂိတ်အကြီးအသေးခွဲခြား၍ တွက်ချက်ပြီးလျှင် သွယ်တန်းကြရ၏ အတွက်အချက်မှား၍ဂိတ်အသေး ဝါယာကြိုးအသေးကိုသွယ်တန်းမိလျှင်အလွန်အန္တရယ်များပါသည်။ထိုကြောင့်မီးကြိုးသွယ်တမ်းသောအလုပ်ကို လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရရှိသောသူများသာလုပ်ခွင့်ရှိပါသည်။ကျွန်တော်တို့မှာမည်မျှပင်ကျွမ်းကျင်စေကာမူလုပ်ပိုင်ခွင့်မရှိသဖြင့် မလုပ်ကိုင်ပါ။ ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်တော့အိမ်အနီးမှ လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရှိသောလူတယောက်သည် ရပ်ကွက်ထဲမှနေ့စားလူငယ်တွေခေါ်ယူ၍သွယ်တန်းလုပ်ကိုင်နေပါသည်။ မိမိဦးစီး၍စနှစ်တကျလုပ်ကိုင်၍မည်သည့်ပြသ်သနာမျှမဖြစ်သော်လည်း တခါတရံ နှစ်နေရာသုံးနေရာလက်ခံထားပြီး ကလေးတွေကိုဘဲလွှတ်ပြီခိုင်းနေတာလဲတွေ့မြင်နေရပါသည်။မိမိလုပ်ကိုင်ခဲ့သောအိမ်တခုခုဖြစ်လျှင်တာဝန်ယူသည်ဟုလဲတခါမျှမကြုံးဘူးသေးပါ ။မည်သူ့ကိုမျှထိခိုက်အောင်ရည်ရွယ်ခြင်းမဟုပ်ဘဲ အပြင်မှာတကယ်ဖြစ်ပျက်နေတာကိုရေးခြင်းဖြစ်ပါသည်။
ကျွန်တော် မီးအားမြှင်စက်များကိုလဲကွိုင်ပတ်ပြုပြင်ရသဖြင့် အိမ်များသို့သွားရောက်ဖြုတ်ယူတဲ့အခါ အန္တရယ်များသောတပ်ဆင်မှူများကို တပ်ဆင်ထားသည်ကို သုံးလေးအိမ်မျှတွေ့ဖူးပါသည်။ မီးအားမြှင့်စစ်ကို မီတာဘောက်မှအထွက်တွင် တိုက်ရိုက်တပ်ပြီး မီးအားမြှင်စက်အထွက်မှဒါးမိန်းခံ၍တအိမ်လုံးသို့မီးအားသွယ်တန်းထားပါသည်။ အမှန်မှာ မီတာဘောက်မှအထွက်ဒါးမိန်းခံ၍ မီးအားမြှင့်စက်ကိုဝင်ရမည်ဖြစ်သည် မီးအားမြှင်စက်မှမိန်ခလုပ်အသေးများဖြင့်တအိမ်းလုံးပေးရမည်ဖြစ်ပါသည် သို့မှသာ မီးအားမြှင်စက်လောင်ကျွမ်းလျှင် ဒါးမိန်းကိုအပြေးချလို့ရပါသည်။ ဒီလိုမဟုပ်ပါကမီတာဘောက်ကြိုးကို သစ်သားလက်ကိုင်ပါသောဒါးနှင်ခုပ်ဖြတ်ရမလိုဖြစ်နေပါသည်။ဘယ်သူတွေဆင်ပေးတာလဲမေးတော့ရပ်ကွက်ထဲက လာလုပ်နေကြကလေးတွေဆင်ပေးတာဟုပြောပါသည်။ဒီအတိုင်းဆိုအန္တရယ်များကြောင်း ကျွမ်းကျင်သောလျှပ်စစ်ဝမ်ထမ်းများကိုပြန်လည်ဆင်ခိုင်းဘို့ရှင်းပြပေးရပါသည်။
တချို့ဆိုလျှင်အတွင်းမှာရှော့တခုခုဖြစ်လျှင်တောင်တပ်ဆင်ထားသောဖြူးမှာအင်ပီယာကြီးသဖြင့် ဖြူးမပြတ်ဘဲ သွယ်တန်းထားသောကြိုးများအရည်ပျော်နေတာလဲကြုံဖူး၏။ မည်သူကိုထိခိုက်စေရန်ရည်ရွယ်ရေးခြင်းမဟုပ်ဘဲ ဝါယာရှော့ကြောင့်မီးအန္တရယ်အဖြစ်များသဖြင့်ရေးပြရချင်းဖြစ်ပါသည်။မိမိအသုံးပြုသောလျှပ်စစ်များတခုခုဖြစ်လျှင် ကျွမ်းကျင်သောပညာရှင်များကိုသာပြုလုပ်ခိုင်းခြင်းသည်အကောင်းဆုံးဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။
Post writer=@yuzana(shineshine)
Photo=google
MSC=146
လျှပ်စစ်ကတော့ ထိကိုမထိဘူး ကြောက်လို့လေ တစ်ခုခုဆို Main ပြေးချမယ် အာ့ဒါပဲ အသေမှတ်ထားတယ်😊
ဆန်တစ်အိတ်နိုင်တဲ့သူကို နှစ်အိတ်သွားထမ်းခိုင်းရင်တော့ ခဏတော့နိုင်ကောင်းနိုင်လိမ့်မယ် နောက်ကျ လဲကျသွားမှာပေါ့..နော့။
မှန်ပါတယ်ဆရာ
လျှပ်စစ်ကတော့ ကြောက်တယ်အစ်ကိုရေ ခုလိုပြောပြပေးလို့ကျေးဇူးပါ
အခုလိုခေတ်ကြီးထဲမှာ သိထားသင့်တဲ့ပိုစ့်တစ်ခုပါ
အကြမ်းဖြင်းလောက်ရေးနိုင်တာပါ ဝပ်တွေ တွက်တာ
ဂိပ်အရွယ်အစားတွေတွက်တာ ရေးမပြနိုင်တော့ဘူး
စာမေးပွဲဖြေမှာမဟုပ်တဲ့အတွက် ဗုဟုသုတလောက်ပါ့
ခုလိုပြောပြတော့လျှပ်စစ်အန္တရာယ်ကာကွယ်နိုင်ပါတယ်...၀ါယာရှော့ဖြစ်ပြီးမီးလောင်တာတွေကမကြာခဏကြားရလို့ပါ....
ကျွမ်းကျင်တဲ့သူတွေနဲ့လုပ်သင့်ပါတယ်
ျမ်းကျင်တဲ့သူတွေကို ခေါ်ခိုင်းတာ အကောင်းဆုံးပဲနော့ 😊😊
ဟုတယ် ဖြစ်လိုက်ရင် ဖြေဆေးရှိဘူးနော့
အကိုညေးလာပီဟိုတလောကမလာဖြစ်တာသည်းခံပေးပါအကို
ရပါတယ်ဗျာ ကျွန်တော်တို့ကအရေး မကြီးပါဘူး
ပညာရတဲ့စာပေလေးဖြစ်သောကြောင့်အရမ်းကြိုက်ပါတယ်
ကျေးဇူးပါဗျာ
အကိုပြောပြလို့ လျှပ်စစ်ကို ပိုပြီးသုံးတတ်လာပါတယ်ဗျ
အီလက်ထရောနစ်အကြောင်းရေးမှာဆိုတော့ လျှပ်စစ်အ ကြောင်းနဲနဲပါးပါးရေးပေးရတာပါ့
ဝါယာရှော့ကလဲ အန္တရယ်များတယ် မလုပ်တက်ရင် မလုပ်တာအကောင်းဆုံးဘဲ သိတဲ့လူတွေနဲ့လုပ်ရင်တော့အန္တရာယ်ကင်းတာပေါ့
ဟုပ်တယ်သုံးတပ်ရင်အကျိုးအမြတ် ကအတိုင်းအဆမရှိဘူး
မသုံတပ်ရင်တော့ဆိုးကျိုးတွေဖြစ်တယ်