လူတိုင်း...တန်​ဖိုးထားတတ်​ပါ​စေ......

in #myanmar7 years ago

mind-767584_960_720.jpg


သင့်​စိတ်​တွင်​ ဖြစ်​​လေ့ရှိ​သောအရာများ...


ကျ​နော်​တို့လူ​အများစုတွင်​ ဖြစ်​တတ်​​သော ဖြစ်​​လေ့ရှိ​သော စိတ်​​နေစိတ်​သ​ဘောထား ​လေး​တခု ​​ပေါ့..
ကျ​နော်​တို့ပတ်​ဝန်းကျင်​တွင်​ လူဦး​ရေ တိုးပွားလာသည်​နှင့်​အမျှ မိသားစုတိုင်းတွင်​ လူသစ်​များ များပြားလာသည်​။..
ထိုလူသစ်​များ​ရောက်​ရှိ​လာချိန်​တွင်​ လူဦး​ရေတိုးလာ​သော်​လည်း...ကျ​နော်​တို့သတိမမူမိ​ပေ....သို့​သော်​ မိသားစုအတွင်းမှ တစ်​ဦးတစ်​​ယောက်​မျှ ​ပျောက်​ဆုံးသည်​ ဖြစ်​​စေ ၊ခရီးသွားသည်​ဖြစ်​​စေ၊ ​သေဆုံးသည်​ဖြစ်​​စေ မရှိ​တော့လျှင်​ ကျန်​ခဲ့​သော မိသားစုလူထဲတွင်​ ​လျော့သွားသည်​ကို သတိပြုမိ​ပေသည်​၊...


ထိုအကျင့်​သည်​ လူတိုင်းခံစားရ​သော စိတ်​ခံစားမှူ ဖြစ်​ပါတယ်​၊ အ​ကြောင်းမှာ တိုးပွားသည့်​အ​ခြေအ​နေ ထက်​ ​လျော့နည်း သွားမှ သတိပြုမိ ၊ သတိထားမိခြင်း သည်​ လူတိုင်းတွင်​ အမူအကျင့်​ တစ်​ခုလို ဖြစ်​​နေ​ပေသည်​။....
ထိုသို့ကိစ္စကိုလည်း...
နေရာ ကဏ္ဍအသီးသီးတွင်​ ​တွေ့နိုင်​တယ်
အလုပ်​တွင်​လည်း​ကောင်း၊ ​ကျောင်းတွင်​လည်း​ကောင်း၊ မိသားစုတွင်​လည်း​ကောင်း ​တွေ့နိုင်​သည်​။....
လူဦး​ရေတိုးလာ​ပေမယ့်​ ထိုတိုးလာသည့်​လူ ပြုလုပ်​သည့်​ အရာမှန်​သမျှ သည်​ ထိုသူ ​ပျောက်​ဆုံး၊ မရှိမှ သာ တန်​ဖိုးရှိလာ​ပေတယ်​...
ကျ​နော်​တို့လူ​တွေသည်​ ရှိတုန်းက မ​လေးမထား...မရှိမှ တန်​ဖိုးသိကြသည်​။...


အမှန်​ဆိုရလျှင်​ ​ကောင်း​သော အကျင့်​ မဟုတ်​​ပေ၊ သို့​သော်​ ယ​နေ့ထိတိုင်​ ဖြစ်​​နေ​သော အမူအကျင့်​ ဖြစ်​​နေ​ပေတယ်​။...
အလုပ်​တွင်​လည်း...လူတစ်​​ယောက်​​၏ လုပ်​​ဆောင်​ချက်​၊အားထုတ်​မှူ​တွေဟာ ထိုသူမရှိမှ အလုပ်​ရှင်​၊လုပ်​​ဖော်​ကိုင်​ဖက်​​တွေ နားလည်​လာသည်​။.....


download (5).jpg
##################################
တစ်​ဦးနှင့်​တစ်​ဦး တစ်​​ယောက်​နဲ့တစ်​​ယောက်​ ချစ်​ချစ်​ခင်​ခင်​ ​နေထိုင်​ကြနိုင်​သည်​မှာ လက်​ရှိအချိန်​ပဲ ဖြစ်​ပါတယ်​။....
လက်​ရှိအချိန်​တွင်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​မ​နေထိုင်​ပဲ ​ဝေးကွာမှ လွမ်းမိတတ်​ကြတယ်​၊....
လက်​ရှိအသိမိတ်​​ဆွေတိုင်း​၊မိသားစုတိုင်းကို အ​လေးထားပါ၊ ဂရုစိုက်​ပါ၊ ၎င်းတို့ပြုလုပ်​သမျှကို အတတ်​နိုင်​ဆုံး အ​ကောင်းမြင်​ပြီး အသိအမှတ်​ပြု​ပေးပါ၊..ထိုသို့ပြုလုပ်​လိုက်​ခြင်းသည်​ ကမ္ဘာကြီး ​ပေါ်တွင်​ ချစ်​ခင်​သူများသာ ရှိ​နေ​ပေမည်​.....
တစ်​​လောကလုံးတွင်​ ​နေထိုင်​​သောသူများသည်​ ချစ်​ချစ်​ခင်​ခင်​ ​နေထိုင်​သွားလျှင်​ ကျ​နော်​တို့ ယခုလက်​ရှိ​နေ​သော ပြသာနာ အရပ်​ရပ်​ကို ​ကျော်​လွှားနိုင်​မည်​ ဖြစ်​ပြီး ရန်​ပွဲ ပြသာနာဆိုတာ နည်းသထက်​နည်းသွား​ပေမည်​။.....


download (6).jpg


အသိအမှတ်​ပြု​ပေးရမည့်​ မိမိပတ်​ဝန်းကျင်​ကလူများတွင်​ အဓိက အ​ရေးအပါဆုံးမှာ မိဘ ဖြစ်​​ပေသည်​၊..မည်​သို့ပင်​ အ​လေးထားသည်​ဖြစ်​​စေ မိမိဖုန်းထဲတွင်​ or Laptop ထဲတွင်​ မိမိ မိဘ ပုံများထည့်​ထားကြသည်​မှာ အလွန်​ပင်​ နည်းပါး​နေပါတယ်​၊....မိမိကို အရာရာ​ကောင်းစွာနားလည်​သိမြင်​​အောင်​ ကြိုးစား​ပေးခဲ့ကြသည်​မှာ မိဘ ဖြစ်​​ပေသည်​၊...
ကျ​နော်​တို့အများစုသည်​ မိသားစုနှင့်​ အသိုင်းအဝိုင်းကို ​မေ့ထားကြပါသည်​၊...
အ​ရေးတကြီးကိစ္စ ဥပမာ မီး​လောင်​သည့်​အခါ
ဝိုင်းဝန်း​ဖြေရှင်း​ပေး၊ကူညီ​ပေးသည်​မှာ မိမိပတ်​ဝန်းကျင်​ ဖြစ်​​ပေသည်​၊...
မိမိပတ်​ဝန်းကျင်​ ကိုလည်း အ​လေးထားသင့်​ပါတယ်​၊......
လူတစ်​ဦး၏တန်​ဖိုး ​ဝေးမှ သိပါတယ်​...
ကျ​နော်​ကိုယ်​တိုင်​လည်း ခံစားဖူးပါတယ်​..
ဒါ​ကြောင့်​ ကျ​နော့်​အ​တွေ့အကြုံများကို ပြန်​လည်​​ဝေမျှ ခြင်း ပင်​ ဖြစ်​ပါတယ်​.....
အမှားများပါလျှင်​ ...ဖြည့်​စွက်​​ပေး၍ ဖတ်​​စေလိုပါသည်​။...
ကျ​နော်​​ဝေမျှလို​သော ရည်​ရွယ်​ချက်​ကိုလည်း နားလည်​မယ်​လို့ ​မျှော်​လင့်​ထားပါတယ်​...


Crd; google images
Written by yairthiha
@yairthiha
Myanmar Steemit
B612_20170807_071710.jpg

Sort:  

Man cannot live by incompetence alone.

စာ​တော့မသိဘူး
ပုံ​လေးက​တော့ 
ချစ်​ဆာ​လေး ဟယ်

ငင့်​...မကြံ​ကောင်းဘူး...

ကျေးဇူး အကိုDon

Good post

လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိကြပါတယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58333.83
ETH 2280.23
USDT 1.00
SBD 2.50