အ​မေ့ကို ချစ်​တယ်​မလား.....

in #myanmar7 years ago

B612_20170608_133852.jpg
ပြီးခဲ့တဲ့နှစ်​တုန်းက...
ကိုးတန်း​အောင်​ခါစ....
..ကျ​နော်​သိပ်​ချစ်​ရတဲ့ကျ​နော့်​မိသားစု အခက်​အခဲ​တွေ အတုံးလိုက်​ အတစ်​လိုက်​ ကျ​ရောက်​လာခဲ့တယ်​...........
အာ့အချိန်​တုန်းက ကျ​နော်​ တက္ကသိုလ်​ တက်​​နေပြီ။
ငယ်​ငယ်​ကတည်းက ပြီးပြည့်​စုံ​အောင်​ မ​နေခဲ့ဖူးတဲ့ ကျ​နော့်​ရင်​ဘတ်​ထဲမှာ ညီ​လေး တစ်​​ယောက်​ ဆုံးရှူံးခဲ့ရတယ်​ ၊ ဒါတင်​မက​သေးပါဘူး ညီမ​လေးကိုလည်း အ​ဒေါ်​တွေ ​မွေးစားသွားခဲ့တယ်​။
အမြဲတမ်း အထီးကျန်​ခဲ့ရတဲ့ ကျ​နော်​ အမြဲတမ်းငိုခဲ့ရတယ်​ အမြဲတမ်း ငိုခဲ့ရတယ်​ ..​နေ့ချင်းညချင်း တစ်​​ကောင်​ကြွက်​ ဘဝ ကို ကူး​ပြောင်းခဲ့ရတယ်​ မိဘသိရင်​ စိတ်​မ​ကောင်းဖြစ်​မှာ စိုးရိမ်​လို့ ​ချောင်​မှာ ကပ်​ပြီး ငိုခဲ့ရတယ်​ ကျ​နော်​ ဆယ်​တန်းတက်​ရမယ့်​အချိန်​ အိမ်​မှာ ရှိရှိသမျှ အကုန်​ အခက်​အခဲ​တွေ ပိုဆိုးဝါးလာခဲ့တယ်​ .......အလွန်​ရက်​စက်​တဲ့ မုန်​တိုင်း ​ရောက်​လာသလား ကျ​နော်​ထင်​မှတ်​ခဲ့ရတယ်​ ......
စာအုပ်​ဖိုး​ကျောင်းက​တောင်းရင်​ အ​မေ့ကို ဘယ်​လို​ပြောရမလဲ ဆိုပြီး ကြိတ်​ငိုခဲ့ရတယ်​......
ဆရာမ​တွေက ​တောင်းမှာ​ကြောက်​လို့ အတန်းချိန်​​တွေ လစ်​ခဲ့ရတယ်​........​ပေ​တေ ဆိုးမိုက်​ ခဲ့တယ်​.............
မိဘ​တွေ ရှာတဲ့ပိုက်​ဆံ အဓိပ္ပါယ်​ ရှိ​အောင်
အိမ်​ကမိဘ​တွေ စိတ်​မဆင်းရဲ ရ​အောင်​ ကြိုးစားခဲ့တာ အရာထင်​ပြီး အ​ဖေအ​မေ ဖြစ်​​စေချင်​တဲ့ တက္ကသိုလ်​ ကို ကျ​နော်​ တက်​​ရောက်​​နေပြီ​လေ........
အ​ဖေနဲ့အ​မေတို့ရဲ့ သား ကျ​နော်​ဘွဲ့ယူရင်​ ကျ​နော်​မြင်​ချင်​တယ်​ အ​ဖေတို့ပြုံး​နေတာ​လေး....

အ​ဖေနဲ့အ​မေကို ​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ ကျ​နော်​ ကြိုးစားတယ်​ အရာအားလုံး ကျ​နော်​ဂရုမစိုက်​ဘူး ငါ့မိဘ ဆိုတဲ့အ​တွေးနဲ့ ကျ​နော်​ကြိုးစားရင်း အလုပ်​တစ်​ခုမှာ တိုးတက်​လာခဲ့တယ်​ ...

အဘက်​ဘက်​က နိမ့်​ကျစွာ တက်​​လှမ်းခဲ့ရတဲ့ကျ​နော်​ အခုချိန်​မှာ အ​မေတို့​ပေးတဲ့ခွန်​အားနဲ့ အ​ပေါ်သို့ ​ရောက်​​နေပြီ......
ကျ​နော့်​ဘဝ နိမ့်​ကျမှူ​ကြောင့်​ ကျ​နော့်​ချစ်​သူလည်း ဆုံးရှူံးခဲ့ရတယ်​ သို့​သော်​ ကျ​နော်​ ကျ​နော့်​မိဘ​တွေ ​ပျော်​​နေတာဘဲ မြင်​ချင်​တာပါ..

အ​မေ့သား ကျ​နော်​ တစ်​ခုပဲ ​ပြောချင်​မိတယ်​....
ကျ​နော်​ အရွယ်​​ရောက်​မှ အ​မေ့ကိုချစ်​တယ်​ လို့ တခါမှ မ​ပြောခဲ့ဘူး.....​ပြောဖို့လဲ သတိမရခဲ့ဘူး.....................

အ​ဖေရဲ့ အမှားကိုမြင်​​အောင်​ ပြတဲ့စိတ်​ အ​မေ့ရဲ့ သားကိုအပြစ်​မမြင်​ပဲ ကြိုးစား​အောင်​ အား​ပေးခဲ့တဲ့ စကား​တွေ အ​ဖေနဲ့အ​မေ ကျ​နော့်​ကို ​မေ့ မ​နေခဲ့ဘူး.........
အ​မေ့ကို ကျ​နော်​ဂရုစိုက်​ရင်​....အ​ဖေ့အတွက်​ ဝယ်​ထားတဲ့ ပုဆိုးတစ်​ထည်​က ကျ​နော့်​အတွက်​ ဖြစ်​ခဲ့တယ်​....

ကျ​နော်​စီးပွား​ရေးလုပ်​ငန်းရှင်​ကြီး ဖြစ်​​နေတာကို အ​ဖေနဲ့အ​မေ တို့ ရဲ့ ဝမ်းသာလို့ ကျခဲ့တဲ့ မျက်​ရည်​တစ်​စက်​က ကျ​နော့်​အတွက်​ ထပ်​ကြိုးစားဖို့ ခွန်​အား​တွေ ​ပေး​နေခဲ့တယ်​...

အ​ဖေ နဲ့ အ​မေ ကို အရမ်းချစ်​ပါတယ်​ ဗျာ......

သာမန်​သူစိမ်း​ကောင်​မ​လေးကို​တော့ ​ပြောရဲတဲ့ ကျ​နော့်​လို လူများ.....အခုပဲ အ​မေနဲ့အ​ဖေကို ​ပြော​ပေးပါဗျာ.....ချစ်​ပါတယ်​.......

yairthiha...
ငယ်​ဘဝ မှ ကိုးကားချက်

Sort:  

Thz for your support .I'm trying more ...

parents always love us and nice to meet you.
Please follow me @patricksanlin and upvote. Thanks

Yes,I followed you...

See you around.

nice post fri

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65133.17
ETH 3480.37
USDT 1.00
SBD 2.52