ညီမဆလးရဲ့မမ
မမရေ ညီမလေးတို့ ခရစ်၊စ၊မတ်လုပ်ရအောင်နော်မမ…လို့ ကောင်မလေးကပြောပါသည်။ မမတို့မှာ ပိုက်ဆံမှမရှိတာ ညီမလေးရယ်လို့ အမဖြစ်သူက ဆို့နင့်စွာပြန်ပြောလိုက်သည်။ အမဖြစ်သူမှာ ညီမလေးကို ခရစ်၊စ၊မတ်ကာလရောက်တိုင်း မဖြစ်စလောက်သော ငွေအကြွေစလေးသာ ပေးနိုင်သည့်မိမိအဖြစ်ကြောင့် သိမ်ငယ်သလိုခံစားမိသည်။ အပြစ်ရှိသလိုလည်း ခံစာရမိ၏။ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်မိသည်။ ရွယ်တူကလေးတွေ လမ်းပေါ်မှာ ပြေးလွှားစော့ကစား ပျော်ရွှင်စွာ အော်ဟစ်နေချိန်မှာ ညီမလေးကတော့ မိမိနှင့်အတူ အိမ်လေးထဲတွင်သာ ကုန်ဆုံးရလေသည်ကျမမှာ မမကို လက်ဆောင်ပေးစရာရှိပါတယ်။ မမ….လာ။ မျက်နှာကိုအုပ်ထား။ ဖွင့်မကြည့်ရဘူးလေနော်.တဲ့။ မျက်နှာအုပ်ထားသော အမဖြစ်သူမှာ နောက်ပြန်လှည့်သွားသော ညီမလေး၏ ခြေသံကိုကြားနေရသည်။ ခဏအကြာတွင် ပြန်လှည့်လာသော ခြေသံကိုကြားရသည်။ မိမိရှေ့ မှာ ရပ်သံကိုကြားလိုက်ရပြီး မမရေဖွင့်ကြည့်တော့ဆိုသည့်အသံကို တစ်ပါတည်းကြားလိုက်ရပါတော့သည်
This post has received a 10.92 % upvote from @boomerang thanks to: @yadanar
@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.