***သိမှတ်ဖွယ်ရာ ရိုးရာစကားလိမ်များ(၃၅)***
သိမှတ်ဖွယ်ရာ ရိုးရာစကားလိမ်များ(၃၅)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားလိမ်လေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာစကာလိမ်များလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာစကားလိမ်များကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာစကားလိမ်များလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာစကားလိမ်တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။
ဟိုရှေ့ကလာ ပိုးပဝါ ကျပ်စင်မှာထား ပိုးဟပ်စား

ဟိုရှေ့ကလာ ပိုးပဝါ ကျပ်စင်မှာထား ပိုးဟပ်စားဆိုတဲ့ ဒီစကားလိမ်လေးရယ် အဖြေကတော့မောင့်ကြီးလာတော့ လိမ်းစရာ ကျောက်ပြင်မှာထား သနပ်ခါးတို့ဖြစ်ပါသည်။ချစ်သူမိန်းကလေးက သူချစ်တဲ့မောင်းကြီးလာရင် သနပ်ခါးပါးကွက်ကျားနဲ့ လိမ်းပြီး အလှပြင်မည်ပုံကိုရေးထားပါသည်။ခုခေတ်လည်း မိန်းကလေးအများစုဟာ မိမိတို့ချစ်သူနဲ့တွေ့ဖို့ချိန်းရင် မိမိတို့ကိုယ်ကို လှအောင်ပြင်ဆင်ကြပါသည်။သို့သော် အရင်က သနပ်ခါးနဲ့အလှပြင်ထားသောလည်း ခုခေတ်က မိတ်ကပ်တွေနဲ့ပြင်ဆင်မှုများလုပ်ပြီး အလှပြင်ကြပါသည်။ဘယ်လိုပင်ပြင်ပြင် ဒီစကားလိမ်လေးနဲ့ ပြောထားခြင်းဖြစ်ပါသည်။
မန်ကျည်းပင် ကောက်ကွေး၊လောက်လေးနဲ့ဆော်

မန်ကျည်းပင် ကောက်ကွေး၊လောက်လေးနဲ့ဆော်ဆိုတဲ့စကားလိမ်ရဲ့အဖြေကတော့နင်အမဆံတောက်လေးနဲ့ နောက်ဖေးကမျော်လို့  ဆိုလိုပါသည်။ဒါဟာ ခုခေတ်မှာလည်း အသုံးများသောစကားဖြစ်ပါသည်။ချစ်သူလာမည်ဆို မျော်တတ်တာ ရည်းစာသဘာဝပါ။ဘယ်သူဖြစ်ဖြစ် မိမိတို့ချစ်သူကို မျော်တတ်ကြသည်။စာဖတ်သူတွေလည်း မျော်ကြမည်လို့ထင်ပါသည်။
သစ်ပင်ခွကြား မြက်ထုံးထား တို့နွား ဘယ်နှယ်စားပါ့မယ်

သစ်ပင်ခွကြား မြက်ထုံးထား တို့နွား ဘယ်နှယ်စားပါ့မယ်ဆိုတဲ့ စကားလိမ်အဖြေကတော့ချစ်သူရည်းစာနောက်မှထား စကားဘယ်နှယ်ပြောပါမယ်လို့ အဓိပ္ပာယ်ရပါသည်။ကဲချစ်သူထားမည်ဆို စကားပြောကောင်းဖို့လိုပါသည်။မိမိချစ်သူကို ဘယ်လိုစကားပြောအြီး သူအချစ်ကိုရယူရမလဲ။နောက် သူအချစ်မလျော့အောင် အမြဲတမ်းသစ်လွင်သောအချစ်တွေ နုပျိုလန်းဆန်းအောင် လုပ်ဖို့နဲ့သူပျော်ရွှင်ဖို့ စကားလေးတွေ ပြောတတ်ဖို့လိုကြောင်း မှတ်ထားရပါမည်။ထိုသို့မလုပ်နိင်ရင် အချစ်စိတ်တွေကုန်ကာ လမ်းခွဲသောအဆင့်ရောက်နိင်ကြောင်းပြောပါရစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww
eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.
Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store
Download eSteem Surfer for your PC💻
Available for all OS Github
Join eSteem Discord https://discord.gg/UrTnddT
Join eSteem Telegram http://t.me/esteemapp
Proud to be a member of The Steemians Directory
Join eSteem Community
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thank u
Posted using Partiko Android
ဟုတ်ကဲ့ ကျေးဇူးပါ အခုလိုသိရတဲ့ အတွက်
ဟုဟု
Posted using Partiko Android
မန်ကျည်းပင်ကောက်ကွေး လောက်လေးနဲ့ဆော်
ကြိုက်တယ်မဟုတ်လား
Posted using Partiko Android
အဖြေမပြောရင်သိမှာမဟုပ်ဖူး
ဟုဟုအကိုရေ
Posted using Partiko Android
ဒုတိယဟာက အနက်ဖွင့်တာ မှားနေသလားလို့ ဆံတောက်ထားတဲ့အရွယ်လေးနဲ့ ရည်းစားထားတာကို ပြောတာများလား
Posted using Partiko Android
ဟုတ်မယ်ထင်တယ်ကိုစော
Posted using Partiko Android
စကားလိမ်များကပျော်စရာကောင်းသလိုအသိတိုးပါတယ်....
Posted using Partiko Android
ဟုတ်ကဲ့@aster
Posted using Partiko Android
အစ်ကိုတင်တော့မှဘဲ သိတော့တယ်။
ကြိုးစားပြီးရေးသားလျက်ပါ
Posted using Partiko Android
ဝေါလက်ကစတင်း ကြွက်ချီလို့သွားသလား တဖြည်းဖြည်းနဲ့ပါး ပရုပ်လုံးများလား☺
ဟုတ်ပအကိုရေ
Posted using Partiko Android