DECEPTION

in #myanmar8 years ago

ဒီနေ့ တော့ဥပါယ်တံမျဉ် ရုပ်ရှင်ကြည့်ပီးခဲ့ လေပီ။စလုံးမှာလည်းတော်တော်အောင်မြင်သောမြန်မာကားလည်းဖြစ်သည်။ပရိတ်သတ်တောင်းဆိုမှုကြောင့်နောက်ထပ်တစ်ပတ်ထံမံပြသခွင့်ရသည်။
မိမိအနေဖြင့် Review ပြောရရင် အရမ်းကောင်းသည့်ဇတ်လမ်းမျိုးမဟုတ်။သမားရိုးကျပုံစံထဲကကွဲထွက်သောဇတ်လမ်းမျိုးသာ။အချိန်ကုန် ပင်ပန်းခံပီးရိုက်ထားသည့်ကားမျိုးတစ်နည်းပြောရရင် ပရိတ်အပေါ်စေတနာထားသောဇတ်လမ်းမျိုးဖြစ်သည်။ဗန်းစကားဖြင့်ပြောရရင်ပေါကားမဟုတ်ပေ။ဒီတွင်ပေါကားဟုဆိုသည်မှာ ဟာသကားမျိုးကိုဆိုလိုခြင်းမဟုတ်။Mr.Bean ဇတ်လမ်းကိုကြည့်ဖူးသူတိုင်းသိနိုင်သည်။Mr.Bean ဇတ်လမ်းတိုင်းဟာသကားတွေချည်း။တစ်ကယ်ရယ်ရပီးအဓိပ္ပါယ်ရှိသောဟာသကားပင်။ပေါကားဆိုသည်မှာကား ဇတ်ညွန်းကိုအဓိကမထား မင်းသားမင်းသမီးအဓိကထားပီးရက်တိုတိုဖြင့်ပီးပီးရောရိုက်ကူးသည့်ကားမျိုးကိုဆိုလိုခြင်းသာ။
ဥပါယ်တံမျဉ်ကားသည်လည်း ရိုးသားကြိုးစားပီးရိုက်ကူးထားသောကြောင့်အောင်မြင်သည်ဟုမှတ်ယူရပေမည်။
IMG_5022.JPG
@tthanthansoe
ယခုအချိန်တွင် ကိုးရီးယားဇတ်လမ်းတွဲများ၊အိန္ဒိယဇတ်လမ်း၊အနောက်တိုင်းအက်ရှင် စသည့်ဇတ်လမ်းများကိုအလွယ်တစ်ကူကြည့်ရှုနိုင်သည်။ထို့ ကြောင့်ပရိတ်သတ်ကရုပ်ရှင်ပညာရပ်ကိုနားမလည်သော်လည်းစိတ်ထဲကျေနပ်လောက်သည့်ဇတ်လမ်းမျိုးဘဲအချိန်ပေးကြည့်ချင်မိသည်။ထို့ ကြောင့်မြန်မာ့ရုပ်ရှင်လောကတွင် နောက်တတ်လာသောမျိုးဆက်သစ်လူငယ်အတတ်ပညာရှင်ကို Warmly Welcome လုပ်ရန်လိုအပ်ပေသည်။နောက်လူကိုလည်းနေရာမပေးရှေ့ ကလည်းကိုယ်ကိုယ်တိုင်လည်းရှေ့ မရောက်မနာလိုစိတ်မျိုးဖြင့်သာနေမည်လျှင်ပြောင်းလဲမည်မဟုတ်။နိုင်ငံခြားသွားပီးအလုပ်လုပ်သည်ဖြစ်စေ ပညာသွားရောက်ဆည်းပူးသည်ဖြစ်စေ တစ်ချိန်မိမိနိုင်ငံပြန်လာပီးကိုယ်တတ်နိုင်သလောက်ပညာရပ်ဖြင့်မျှဝေချင်သောဆန္ဒမျိုးရှိသည်။။နိုင်ငံခြားပြန်လာတဲ့ သူတိုင်းကိုနေရာမပေးချင်တာမျိုး အတွေ့ အကြုံမျှဝေခြင်းကိုမနှစ်သက်တာမျိုး နယ်ပယ်အသီးသီးတွင်တွေ့ မြင်ရသည်။လူတိုင်းကိုဆိုလိုခြင်းမဟုတ်တစ်ဦးတစ်ယောက် စိတ်ဓါတ်တွေပြောင်းလဲမှ မိမိနိုင်ငံလည်းတိုးတတ်ပြောင်းလဲလာပေမည်ဖြစ်သည်။ထို့ ကြောင့် positive thinking ဖြင့်သာရှေ့ဆက်ကြပါစို့ လို့ တိုက်တွန်းရင်း.......ပြောင်းလဲချိန်တန်ပါပီလေ။
IMG_5023.JPG
@tthanthansoe
Author:tthanthansoe(steemit)

Sort:  

Congratulations @tthanthansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

ဇာတ်လမ်းက ရိုးရိုးလေးကနေ အကွက်ပြောင်းတွေ ထည့်ထားတာပါ ... ရသအစုံအလင်ခံစားလို့ ရစေတယ် ... ရိုက်ကွက်တွေ စကားလုံးတွေမှာ သူတို့စေတနာတွေ ထည့်ထားတယ် ... review ရေးသူတိုင်းက ဇာတ်လမ်းကို အစအဆုံးပြန်ပြောရမှာ နှမျောတယ် ... အိမ်ထောင်ရေးဇာတ်လို့သာ ဒါရိုက်တာနဲ့ တစ်ထေရာတည်း ပြောပြတယ် ... အခု ဖောက်ထွက်လိုသူတွေအတွက် သူတို့က စံပြဖြစ်နေပါပြီ ... မြန်မာ့ရုပ်ရှင် တစ်ခေတ်ဆန်း မဆန်းကတော့ နောက်တစ်ခါ အကယ်ဒမီဆုပေးပွဲမှာ စောင့်ကြည့်ရတာပေါ့ဗျာ ...

ဟုတ်ပါ့ကိုစောရယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.083
BTC 61739.72
ETH 1603.71
USDT 1.00
SBD 0.45