ကျွန်တော်၏အတွေ့ကြုံ

in #esteem6 years ago (edited)

image
မနေ့က နေ့လည်ခင်းလောက်၌ အချိမှန်စွာ စာရေးpostရေးတင်ကာ ကိုယ်ပိုင်အတွေ့အကြုံများနှင့်တကွ ကိုယ်ပိုင်ခံယူချက် အတွေးအမြင်များကို ရေးနေကျပုံစံအတိုင်း postတစ်ပုဒ်ဖြစ်အောင် ရေးသားတင်ပြနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ကျွန်တော်အမြဲသုံးစွဲနေတက်သော စကားလုံးအတိုင်း အပြင်အလုပ်သည် ဟိုအရင်နေ့တွေကထက်ကို မအားလပ်၍ steemit၌ စာရေးpostတင်ပြခြင်းအလုပ်အတွက် အချိန်မျှဝေကာ ပေးစွမ်းနိုင်ခဲ့ခြင်းမရှိနိုင်လောက်အောင်ပင် များပြားစွာလုပ်ကိုင်နေရ ထိုအလုပ်တွင်
နေ့လည်ခင်းပိုင်းလောက်၌ စာရေးသားကာ postတင်နိုင်ခြင်းမရှိသော် ညဆိုသည့် လူခြေတိတ် အိပ်စက်သောအချိန်တွင် esteem tagဖြင့် စာရေးpostတင်ပြမည်ဟု ရည်ရွယ်ချိန်တွက်ထားပါသော်လည်း ထိုစိတ်ကူးသည် ဖြစ်မြောက်အောင်မြင်ခြင်းမရှိခဲ့
tabletကိုဖွင့်ကာ ဟိုကြည့်ဒီကြည့်နှင့် အချိန်ကုန်လွန်၍ အိပ်ပျော်သွားခဲ့သည်မှာ ဒီနေ့မနက် နာရီနှိုးစက်အသံကြားမှ လန့်နိုး၍လာခဲ့လေသည်။
ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ပါသော်လည်း မည်မျှပင် အပြင်အလုပ်၌ မအားလပ်သော်လည်း တစ်ရက်တစ်ကြိမ်လောက်တော့ ကျွန်တော်၏blogလေးထဲ အချိနမရရှိသည်နှင့် ဝင်ရောက်ကြည့်ရှုတက်သော အလေးအကျင့်လေးသည်လည်း ရောဂါတစ်ခုလိုပင် ထိုအကျင့်သည် စွဲမြဲစွာနဲ့ ရှိနေခဲ့သည်မှာ ရက်နဲ့လ အတော်ကြာအောင် ရှိနေခဲ့ပြီ။
ကျွန်တော်သည် steemitကိုမည်မျှ ရူးသွပ်မှုရှိသည်ကို အနည်းငယ် ရေးသားဖော်ပြရသော် မည်မျှလောက် ရူးသွပ်မှုဖြစ်ခဲ့သည် စသည့် အချက်များစွာထဲက အချက်တစ်ချက်ကိုရင်ဖွင့်ရသော် ကျွန်တော်၏ တပ်ဘလက် batteryအားကုန်သွားခဲ့လျှင်တောင်မှ မိတ်ဆွေအပေါင်းအသင်း တချို့၏ ဖုန်းကို ခေတ္တငှားရမ်းကာ ကျွန်တော်၏ blogလေးကို ဝင်ရောက်ကြည့်ရှုတက်လေသည်။

မနေ့က မြန်မာစံတော်ချိန် ညနေ5နာရီ28မိနစ်လောက်က esteemဖြင့်good-karmaကြီးထံ စာရေးpostတင်ထားသဘ်ကို သတိတရနှင့် အမှတ်ရမိသောကြောင့် တပ်ဘလပ်ကို ဖွင့်ကြည့်မည်ဟု ကြံရွယ်ကာ ဘေးလွယ်အိပ်ကိုဖွင့် ထိုတပ်ဘလက်၏ powerခလုတ်ကို ဖွင့်ကြည့်တော့ powerက ပွင့်၍မလာပဲ batteryအားကုန်ခန်းလို့နေခဲ့လေပြီ။
ထို့ကြောင့် မိတ်ဆွေအပေါင်းသင်းတစ်ဦး၏ဖုန်းကို ငှားရမ်း၍ ကျွ်တော်၏my blogကို ဖွင့်ကြည့်လိုက်သောအချိန်၌ အံ့သြခြင်းနှင့်အတူ ကျေနပ်ပီတိဖြစ်၍ စိတ်နှလုံးရွှင်ပြုံးခဲ့ရပါသည်။
အဘယ်အတွက်ကြောင့်ဆိုသော် $ကိန်းဂဏန်းတွေသည် ပြောင်းလဲတိုးတက်စွာနဲ့ ရှိလို့နေသည်ကို မြင်တွေ့ခဲ့ရလေသည်။
နှလုံးခုန်ကာ ရင်တုန်ရှိုက်မောစွာဖြင့် မိမိရေးသားပြုစု၍ တင်ပြခဲ့သော postအား လက်ညိုးလေးဖြင့်ထောက်ကြည့်လိုက်သောအချိန်မှာတော့ esteem၏ မန့်ချက်သည် မင်္ဂလာတစ်ပါးအနေဖြင့် ချီးမြောက်ကာ ကောင်းချီးများ ပေးဆောင်သွားခဲ့လေသည်။

စာဖတ်ကြသော steemitမိတ်ဆွေများအနေဖြင့် အံ့သြစရာ ဖြစ်ပေါ်ချင်မှ ဖြစ်ပေါ်ပါလိမ့်မည်။
ကျွန်တော်မောင်သူရအတွက်ကတော့ esteemနှင့် စာရေးpostတင်လာခြင်၏ အတွေ့အကြုံများအနက် ထူးဆန်းအံ့သြဖွယ်ရာအနေဖြင့် ရင်တုန်လှိုက်မောခဲ့ရပသည်။
အံ့သြခြင်း၏ အကြောင်းကို အနည်းငယ်တင်ပြရသော် esteemဖြင့် စာရေးpostတင်လိုက်တိုင်း၌ မကြာမီ လာမည်ဆိုသည့်အတိုင်း 1နာရီနဲ့ 2နာရီထက် နောက်ကျခြင်းမရှိ သူ၏စပေါ့ကို ရရှိစမြဲ
postရေးတက်သောအချိန်မှစ၍ 24နာရီအတွင်း သူ၏စပေါ့ကို မရရှိပါက ထိုတစ်ရက်အတွင် ထိုမျှလောက်ပင် ပြီးဆုံးခဲ့လေသည်။
ယခုအတွေ့အကြုံသည် 1dayကို ကျော်လွန်သွားပြီးနောက် မနေ့ကညနေခင်း 5:10မိနစ်လောက်က လာရောက်ကာ ချီးမြောက်ခဲ့သည့် ကျွန်တော်၏ အဖြစ်အပျက်က esteemနှင့် ပတ်သက်ပြီး မအံ့သြပဲ မနေနိုင် ကခုန်ခြင်းဖြင့် သူရူးတစ်ယောက်လိုပင် ဖြစ်ခဲ့ရလေသတည်း။
author:@thura

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကြိုးစားရေးတင်ပြသွားပါမယ်ခင်ဗျာ

Esteem သုံးပြီး​ရေးလို့ ​ကျေးဇူးပါ ဘရို

Posted using Partiko Android

စာပြန်နောက်ကျခဲ့လို့လည်းတောင်းပန်ပါတယ်ခင်ဗျာ
ရေးနိုင်သေးသရွေ့တော့esteemနဲ့အရင်ဆုံး ရေးသားတင်ပြသွားမှာပါဗျာ

ဟုတ်​ကဲ့ပါ ကိုသူရ 😊

Posted using Partiko Android

Esteem သုံးပြီး​ရေးလို့ ​ကျေးဇူးပါ ဘရို

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63592.23
ETH 2551.58
USDT 1.00
SBD 2.75