နှလုံးသားနဲ့ရေးသည်...
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
ကျွန်မဒီနေ့အလိုလို ဝမ်းနည်းနေတာ အမှန်ပါ။ကျွန်မလို မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေ လည်း ထပ်တူခံစားနေကြရမယ်ဆိုတာ ပြေးကြည့်စရာပင်မလိုပါ။ဒီနေ့ရောက်မှာ ဖြစ်ခဲ့ရတာလည်း ဒီနေ့နဲ့ဆိုကျွန်မအကြောက်ဆုံးပဲ။ဒီလိုကြောက်စိတ်တွေဖြစ်တာ ၇၁ရက်မြှောက်ရှိနေပါပြီ။ကျွန်မလေ သူ့ကိုသတိတရ ရှိနေခဲ့တဲ့ခံစားချက်နဲ့အတူ မုန်းတီး မှုတွေလည်းဖြစ်မိတယ်။သူ့ကိုမှရွေးပြီး တမင်ခေါ်သွားလေသလား??အဲ့မေးခွန်းကိုတစ်ယောက်တည်း ကြိတ်ပြီး မေးတယ်။တစ်ယောက်တည်း ပဲ ကြိတ်ပြီး ဝမ်းနည်းနေမိတယ်။အဲ့နေ့က ဗိုလ်ချုပ်မသိလိုက်ဘူး။ကျွန်မတို့တွေနဲ့အတူ မိုးနတ်မင်းကြီးပါ ဗိုလ်ချုပ်ကို ဆုံးရှုံးရလို့ ယူကြုံးမရဖြစ်နေတာကိုလေ။
၁၀နာရီ ၃၇မိနစ်ကို စောင့်ရင်း စာကြည့်နေတဲ့ကျွန်မ အခုစာမကြည့်နိုင်တော့ဘူး။ဥသြ ဆွဲသံတွေ ကျွန်မနားထဲကမထွက်သေးဘူး။သြော်....ဗိုလ်ချုပ်...ဗိုလ်ချုပ် တကယ်ကို တစ်ဦးတည်းသော ခေါင်းဆောင်ပါ။သူ့ကို ယှဉ်နိုင်သူ အခုချိန်ထိ ပေါ်ထွန်းမလာသေးဘူး။သူ့သေတာ နှစ်တွေကြာပေမယ့် သူ့ရဲ့သတင်း ခုချိန်ထိ သင်းပျံ့နေတုန်းပါ။ကျွန်မထင်တယ် ကမ္ဘာ မှာ မြန်မာဆိုတာ အမည်တပ်ပေးခဲ့တဲ့ မြန်မာရဲ့ ဖခင် ကြီးဟာ ကျွန်မတို့ မြန်မာနိုင်ငံတည်နေသ၍ သူရှိနေအုံးမှာပဲ။အချိန်က ကုစားသွားမှာပါ၊အချိန်က စကားပြောသွားမှာပါဆိုတဲ့ အရာတွေထဲမှာ သူ့ဂုဏ်သတင်းမပါပေ။ဘာလို့လဲဆို အခုချိန်ထိမရိုးနိုင်ဆုံး ဂုဏ်ပြုပွဲတွေကျင်းပရတာ အားအရှိဆုံးပဲ။သူမရှိတော့ဘူးဆိုပေမယ့် သူ့ဆုံးမစကားတွေ၊သူ့ကိုယ်ကျိုးစွန့်ပုံတွေက အခုချိန်ထိ ကျွန်မတို့ကို သွန်သင်နေတုန်းပဲ။
သူ့လို လူမျိုး မရှိဟု ကျွန်မ ရဲရဲတင်းတင်းပြောရဲတယ်။သူဘယ်လိုလူမျိုးလဲ ဆိုတာ ဘယ်သူမှပြောပြစရာမလိုဘူး သမိုင်းကရေးပေးပြီးသား အချိန်မရွေးပြန်ကြည့် မပြောင်းမလဲရှိနေမယ့် သမိုင်းသစ်ကို သူစိုက်ထူခဲ့တာကို။သူ့အကြောင်းတွေ ကို မြန်မာနိုင်ငံမှာရှိတဲ့ စာရေးဆရာတွေ မဖွဲ့ဖူးတဲ့သူ မရှိလောက်ပေ။အမျိုးမျိုးအဖုံဖုံ ဖွဲ့ကြ၊နွှဲ့ကြပေမယ့် သူ့အကြောင်းဖတ်မိတိုင်း မျက်ရည်ဝဲရတယ်။ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဘယ်လာက်ပြင်းသလဲတော့မသိဘူး ကြက်သီးတွေပါထမိတယ်။ ဗိုလ်ချုပ်..ဗိုလ်ချုပ်..ဆိုပြီး တီးတိုးရေရွတ်ယုံကလွဲ၍ ဘာမှပြောင်းလဲလို့မရတော့တဲ့ အတိတ်ကို ကျွန်မ မုန်းတယ်။
သူ့ကိုမွေးထုတ်ပေးတဲ့ ၊သူဆိုတာဖြစ်လာတဲ့ နတ်မောက်ကိုပဲကျေးဇူးတင်ရမယ်။နတ်မောက်ရေ့....ခင်ဗျားတာဝန်တွေကျေပါပြီ။ဗိုလ်ချုပ်ကို မွေးထုတ်ပေးယုံနဲ့ ခင်ဗျားပြီးပြည့်စုံပါပြီ။ခင်ဗျားဘာမှ လုပ်ဖို့မလိုတော့ဘူး...ခင်ဗျားငြိမ်းငြိမ်းချမ်းချမ်း နေပါတော့။ သူ့လိုလူမျိုး ဘယ်သူမှ မစွမ်းနိုင်တော့ဘူး။သူ့လိုစိတ်ဓာတ် ဘယ်သူမှ မမှီနိုင်တော့ပေ။သြော်...ဗိုလ်ချုပ်..ဗိုလ်ချုပ်.. .ကျွန်မသတိရနေတယ်။သူဘယ်လောက်တော်လဲ လို့ကျွန်မတွေးလိုက်ရင်...သူ့အကြောင်းတစ်ခုကိုပြေးသတိရမိတယ်။ကျွန်မတို့ဗိုလ်ချုပ်က သူ့မှာရှိတဲ့အားနည်းချက်တွေကိုရှာပြီး ...အမြဲတမ်းပြောင်းလဲအောင်ကျင့်နေတဲ့သူမျိုးတဲ့လေ။အမှန်တကယ်လည်း ပြောင်းလဲအောင်ကြိုးစားပြီး ပြုပြင်တယ်တဲ့လေ။ အဲ့အချက်ကိုပဲကြည့် သူ့ကိုဘယ်သူမှမယှဉ်နိုင်ဘူးဆိုတာ သိနိုင်တယ်။ကျွန်မတို့ တွေ အားနည်းချက်တွေရှိတယ်၊သိတယ်...တကယ်ပြောင်းလဲအောင်နေလား??မေးကြည့်ပါ....။
အာဇာနည်ဆိုတဲ့ စကားလုံးက သူ့တို့နဲ့ ပိုပြီးထိုက်တန်တယ်၊သူတို့နဲ့ပိုပြီး လိုက်ဖက်တယ်။တကယ်ကို ဇာမနည်ပွားတွေမြန်မာနိုင်ငံမှာ ရှိခဲ့တယ်လို့တွေးတိုင်း မြန်မာကွလို့ ကြွေးကြော်ဖို့မကြောက်ဘူး။ဘုရားကပေးတဲ့ အကြီးမားဆုံးလက်ဆောင် သူတို့အသက်ကိုပင် ထောက်ထားညှာတာမှုမရှိ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မရည်ရွယ်ဘဲ မြန်မာအတွက်ဆိုပြီး စတေးခဲ့ကြတာ။သြော်...အာဇာနည်ခေါင်းဆောင်ကြီးတွေ.....ဇာမနည်ပွားတွေရယ် ကျွန်မ သတိရနေတယ်။သူတို့တွေ နာမည်ကြီးပါစေဆိုပြီး လုပ်ပြခဲ့တာ မဟုတ်ဘူး၊သူတို့တွေကောင်းစားဖို့ ရည်ရွယ်ပြီး တမင်လုပ်ပြခဲ့တာ မဟုတ်ဘူး၊သူတို့တွေ မိသားစုအတွက် ကြိုးစားခဲ့တာ မဟုတ်ဘူး၊သူတို့တွေကြိုးစားခဲ့တာ မြန်မာအတွက်ပါ။မြန်မာဆိုတာ သူတို့ရဲ့အိမ်၊မြန်မာဆိုတာ သူတို့ရဲ့အရိပ်ဆိုပြီး ရုပ်လုံးပေါ်အောင် ထွင်းထုခဲ့တာ အာဇာနည် ၉ဦးပါ။
Image source
ကျွန်မတို့တွေ ဗုဒ္ဓဘာသာ တွေက ဘုရားကို ဦးခိုက်တယ်။ကိုးကွယ်တယ်။ဘုရားလမ်းစဉ်ကျင့်ကြံတယ်။ဘုရားမကြိုက်တာ မလုပ်ဘူး။ဒါဗုဒ္ဓရဲ့ အဆုံးအမပါ။ဗုဒ္ဓရဲ့သားသမီးတွေဆို ရင် ကျင့်ကြံလိုက်နာကြရတယ်။ကွေန်မတို့တွေ မြန်မာလူမျိုးတွေ ဗိုလ်ချုပ်ကို အလေးပြုရတယ်။ဗိုလ်ချုပ်ကို အတုယူပြီး ဗိုလ်ချုပ်လမ်းစဉ် ကျင့်ကြံကြပါ။ဗိုလ်ချုပ်လို မြန်မာကိုချစ်ပါ။ဗိုလ်ချုပ်လို မြန်မာပြည်ကို အလှဆင်ပါ။ဗိုလ်ချုပ်ကပေးတဲ့အသက်နဲ့ ဗိုလ်ချုပ်မြေပေါ်မှာ ခြေချပြီး ဗိုလ်ချုပ်ရဲ့မိခင်မြန်မာပြည်ကို အလုပ်အကျွေးပြုပါ။ ကျွန်မတို့တွေ ဗိုလ်ချုပ်ပေါ်မှာ အကြွေးတင်နေကြတယ်။အဲ့ဒီအကြွေးကို ဆပ်ချင်တယ် ဆိုရင်တော့ သူအရမ်းမြတ်နိုးပြီး တန်ဖိုးတွေ မြှင့်တင်ပေးခဲ့တဲ့ သူအချစ်ဆုံး အမိမြေ မြန်မာပြည်ကိုပဲ ဆပ်ဖို့ရှိတော့တယ်။မြန်မာပြည်ကိုပဲ လုပ်ကျွေးပြုပါ။မြန်မာပြည်ကို ဆွဲတင်ပါ။
သူဒေါသနဲ့ပြောခဲ့တဲ့ စကားတစ်ခွန်း သူ့အမူအရာနဲ့ပြေးမြင်မိတယ်။အဲ့ဒါက မြန်မာကို ချစ်လွန်းလို့ပြောခဲ့တဲ့ စကားဆိုတာ ဘယ်သူမှ ဘာသာပြန်ပေးစရာမလိုပေ။ဒါကြောင့်လည်း အခုချိန်ထိ ဗိုလ်ချုပ်ဆိုတာနဲ့ အဲ့စကားလုံးလေးသိကြတာနေမယ်။ဘာတဲ့...ဖာနိုင်ငံကြီး ဖြစ်လိမ့်မယ်တဲ့။ ဒီစကားမျိုးက ဗိုလ်ချုပ်ပါးစပ်က ထွက်ခဲ့လို့လားမသိဘူး ...တွန်းအားတွေဖြစ်စေတယ်၊အားမာန်တွေတိုးစေတယ်။မြန်မာပြည် ကိုပြန်ဆယ်ယူဖို့ အားတွေတိုးစေတယ်။ဗိုလ်ချုပ်ရေ့.....အခုလို ဗိုလ်ချုပ်ချစ်တဲ့ မြန်မာပြည်အိမ်ကြီးမှာ နေရတာ ကျွန်မပျော်တယ်။ကျွန်မကိုးကွယ်ရမယ့် အဆုံးအမစကားတွေထဲမှာ ဘုရားပြီးရင် ဗိုလ်ချုပ်ပါပဲ။
ကျွန်မတွေးမိတယ်....ဗိုလ်ချုပ်တာ အသက်ရှည်ရှည်နေခဲ့ရလျှင် ကမ္ဘာမှာ မြန်မာက ထိပ်ကရပ်တည်နေမယ်ဆိုတာကိုပေါ့။ကျွန်မတို့တွေ ဒီထက်လှတဲ့ ဘဝတွေ နဲ့ရှင်သန်ခွင့်ရကြမယ်ဆိုတာကိုပေါ့။ ကျွန်မတို့တွေ သူ့တစ်ပါးတိုင်းပြည်ကို စွန့်စားပြီး သွားရောက်လုပ်ကိုင်စရာမလိုတော့ဘူးဆိုတာကိုပေါ့။ ကျွန်မတို့မြန်မာပြည်ကို အခြားနိုင်ငံတွေက ငေးကြည့်ပြီး သြော်.....မြန်မာဆိုတာ ဒီလိုနိုင်ငံကြီးပါ့လား ဆိုပြီး အဟောင်းသားနဲ့ ကောင်းကောင်းကြီး ချီးကျူး နေမယ်ဆိုတာကိုတွေးပြီး ဗိုလ်ချုပ်ကို ပိုလွမ်းတယ်။ကျွန်မပြောနိုင်တယ် နတ်မောက်ထက် ကျွန်မက ပိုပြီး ဗိုလ်ချုပ်ကို လွမ်းတယ်ဆိုတာကိုပေါ့။
အခုချိန်မှာ ဗိုလ်ချုပ်ကောင်းသောနေရာမှာ စံစားနေရလောက်ပါပြီ။တစ်ခုတောင်းဆိုချင်တယ် ဗိုလ်ချုပ်ရေ့.....အခုချိန် ဗိုလ်ချုပ်ဘယ်ဘုံရောက်ရောက်နေနေ မြန်မာပြည်ကို မမြင်ချင်ပါနဲ့။မြန်မာပြည်ကို တွေ့ချင်တဲ့ စိတ်တွေ မဖြစ်ပါနဲ့။ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ချစ်ပြီး တန်ဖိုးအထားရဆုံးသော မြန်မာပြည်ကို မြင်ပြီး စိတ်မကောင်းဖြစ်မှာ ကျွန်မစိုးတယ်။ကျွန်မတို့တွေကို ကြည့်ပြီး အားမလိုအားမရဖြစ်ပြီး ဒေါသထွက်နေမှာ ကျွန်မမလိုလားဘူး။ဒါကြောင့် ဗိုလ်ချုပ်ရေ့...အားနာမိတယ်ဆိုတာကလွဲပြီး ကျွန်မမှာ ကြွားစရာမရှိပါဘူး။မြန်မာပြည်ကို ပြန်လာချင်တဲ့ စိတ်တွေဖြစ်ပေါ်မိရင်လည်း မလာပါနဲ့လို့ပဲတားပါရစေ။ကျွန်မ အခုလိုအိမ်ပျက်ကြီးထဲမှာ ဗိုလ်ချုပ်ကို ဧည့်ခံရမှာ ကျွန်မရှက်တယ်။လောဘသားတွေနေထိုင်တဲ့ဒီအိမ်ကြီးကို ဗိုလ်ချုပ်မြင်မှာ ကျွန်မစိုးတယ်။
ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်း ကောင်းရာဘုံရာ မှာ စံစားနေရပါစေ......
@thithisann
Author Thi Thi San
Msc 262
နှစ်လနာရီ....ရာသီရယ်ရွေ့ .....အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသလေ ...၊
မမေ့သင့်ပါလေ
နှလုံးသားနှင့်ရေးသည် ဆိုတဲ့အတိုင်း နှလုံးသားထဲအထိ နာကျင်
ကြေကွဲရပါတယ် သမီး
သိပ်တော်ပါတယ်လို့ချီးကျူးပါရစေနော်
ကျေးဇူးပါပဲရှင့်
ဖတ်ရင်းစိတ်မကောင်းဖြစ်ရပါတယ်...
19Julyမမေ့နိုင်ပါ....
မြန်မာအတွက် ကမ္ဗည်းထိုးထားသလို
ရင်မှာ ခံစားရပါတယ် ညီမရေ
ထပ်တူပါပဲရှင်
လူသေသောလည်း အမည်မသေသော်သူဖြစ်ပါတယ်
အဲ့ဒါ ဗိုလ်ချုပ်ပါ
တို့လက်ထက်မှာ ဗိုလ်ချုပ်အတွက် ရာဇဝင်မရိုင်းရအောင်ကြိုးစားကြတာပေါ့။
ကြိုးစားကြမယ်
Let kotow to General Aung San
စိတ်မကောင်းမှုတွေကိုယ်စီပါပဲ
ဇူလိုင် ၁၉ မျက်ရည်မိုး
အသည်းကွဲသောနေ့
အစ်မရေးတာ ပိုပြီးခံစား ဝမ်းနည်းရပါတယ်။ဗိုလ်ချုပ်ကြည့်တဲ့အခါ စိတ်ချမ်းသာအောင် ကျွန်တော်တို့တွေ ကြိုးစားလုပ်ဆောင်ကြတာပေါ့ခင်ဗျာ။
ကြိုးစားလုပ်ဆောင်ကြရမှာပေါ့
ကြေကွဲရပါတယ်လေ...အဲ့ဒီ့ ဒို့ပြည်သူတွေရဲ့ လွမ်းဆွတ် ကြေကွဲတဲ့ လှိုင်းအား ဘယ်လောက်တောင်ကြီးသလဲဆိုတာ ဘာကိုမှ သိပ်နားမလည်တတ်သေးတဲ့ အစ်မရဲ့ ၂ နှစ်ခွဲအရွယ် သားလေးတောင် ဥသြဆွဲသံကြားတော့ မျက်နှာလေး ညှိုးပြီး မေမေ အဲ့ဒါဘာသံကြီးလဲဆိုပြီး မေးရှာတယ်။
ဟုတ်တယ် အမရေ့လွမ်းဆွတ်ကြေကွဲရတဲ့နေ့ပါပဲ