နှလုံးသားနဲ့​ရေးသည်​...

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ကျွန်​မဒီ​နေ့အလိုလို ဝမ်းနည်း​နေတာ အမှန်​ပါ။ကျွန်​မလို မြန်​မာနိုင်​ငံသူ၊နိုင်​ငံသား​တွေ လည်း ထပ်​တူခံစား​နေကြရမယ်​ဆိုတာ ​ပြေးကြည့်​စရာပင်​မလိုပါ။ဒီ​နေ့​ရောက်​မှာ ဖြစ်​ခဲ့ရတာလည်း ဒီ​နေ့နဲ့ဆိုကျွန်​မအ​ကြောက်​ဆုံးပဲ။ဒီလို​ကြောက်​စိတ်​​တွေဖြစ်​တာ ၇၁ရက်​​မြှောက်​ရှိ​နေပါပြီ။ကျွန်​မ​လေ သူ့ကိုသတိတရ ရှိ​နေခဲ့တဲ့ခံစားချက်​နဲ့အတူ မုန်းတီး မှု​တွေလည်းဖြစ်​မိတယ်​။သူ့ကိုမှ​ရွေးပြီး တမင်​​ခေါ်သွား​လေသလား??အဲ့​မေးခွန်းကိုတစ်​​ယောက်​တည်း ကြိတ်​ပြီး ​မေးတယ်​။တစ်​​ယောက်​တည်း ပဲ ကြိတ်​ပြီး ဝမ်းနည်း​နေမိတယ်​။အဲ့​နေ့က ဗိုလ်​ချုပ်​မသိလိုက်​ဘူး။ကျွန်​မတို့​တွေနဲ့အတူ မိုးနတ်​မင်းကြီးပါ ဗိုလ်ချုပ်​ကို ဆုံးရှုံးရလို့ ယူကြုံးမရဖြစ်​​နေတာကို​လေ။

FB_IMG_1531982796495.jpg
Image source

၁၀နာရီ ၃၇မိနစ်​ကို ​စောင့်​ရင်း စာကြည့်​​နေတဲ့ကျွန်​မ အခုစာမကြည့်​နိုင်​​တော့ဘူး။ဥသြ ဆွဲသံ​တွေ ကျွန်​မနားထဲကမထွက်​​သေးဘူး။သြော်​....ဗိုလ်​ချုပ်​...ဗိုလ်​ချုပ်​ တကယ်​ကို တစ်​ဦးတည်း​သော ​ခေါင်း​ဆောင်​ပါ။သူ့ကို ယှဉ်​နိုင်​သူ အခုချိန်​ထိ ​ပေါ်ထွန်းမလာ​သေးဘူး။သူ့​သေတာ နှစ်​​တွေကြာ​ပေမယ့်​ သူ့ရဲ့သတင်း ခုချိန်​ထိ သင်းပျံ့​နေတုန်းပါ။ကျွန်​မထင်​တယ်​ ကမ္ဘာ မှာ မြန်​မာဆိုတာ အမည်​တပ်​​ပေးခဲ့တဲ့ မြန်​မာရဲ့ ဖခင်​ ကြီးဟာ ကျွန်​မတို့ မြန်​မာနိုင်​ငံတည်​​နေသ၍ သူရှိ​နေအုံးမှာပဲ။အချိန်​က ကုစားသွားမှာပါ၊အချိန်​က စကား​ပြောသွားမှာပါဆိုတဲ့ အရာ​​တွေထဲမှာ သူ့ဂုဏ်​သတင်းမပါ​ပေ။ဘာလို့လဲဆို အခုချိန်​ထိမရိုးနိုင်​ဆုံး ဂုဏ်​ပြုပွဲ​တွေကျင်းပရတာ အားအရှိဆုံးပဲ။သူမရှိ​​တော့ဘူးဆို​ပေမယ့်​ သူ့ဆုံးမစကား​တွေ၊သူ့ကိုယ်​ကျိုးစွန့်​ပုံ​တွေက အခုချိန်​ထိ ကျွန်​မတို့ကို သွန်​သင်​​နေတုန်းပဲ။

FB_IMG_1531982771858.jpg
Image source

သူ့လို လူမျိုး မရှိဟု ကျွန်​မ ရဲရဲတင်းတင်း​ပြောရဲတယ်​။သူဘယ်​လိုလူမျိုးလဲ ဆိုတာ ဘယ်​သူမှ​ပြောပြစရာမလိုဘူး သမိုင်းက​ရေး​ပေးပြီးသား အချိန်​မ​ရွေးပြန်​ကြည့်​ မ​ပြောင်းမလဲရှိ​နေမယ့်​ သမိုင်းသစ်​ကို သူစိုက်​ထူခဲ့တာကို။သူ့အ​ကြောင်း​တွေ ကို မြန်​မာနိုင်​ငံမှာရှိတဲ့ စာ​ရေးဆရာ​တွေ မဖွဲ့ဖူးတဲ့သူ မရှိ​လောက်​​ပေ။အမျိုးမျိုးအဖုံဖုံ ဖွဲ့ကြ၊နွှဲ့ကြ​ပေမယ့်​ သူ့အ​ကြောင်းဖတ်​မိတိုင်း မျက်​ရည်​ဝဲရတယ်​။ဖြစ်​​ပေါ်လာတဲ့ ခံစားချက်​​တွေဘယ်​လာက်​ပြင်းသလဲ​တော့မသိဘူး ကြက်​သီး​တွေပါထမိတယ်​။ ဗိုလ်​ချုပ်​..ဗိုလ်​ချုပ်​..ဆိုပြီး တီးတိုး​ရေရွတ်​ယုံကလွဲ၍ ဘာမှ​ပြောင်းလဲလို့မရ​တော့တဲ့ အတိတ်​ကို ကျွန်​မ မုန်းတယ်​။

FB_IMG_1531982692847.jpg
Image source

သူ့ကို​မွေးထုတ်​​ပေးတဲ့ ၊သူဆိုတာဖြစ်​လာတဲ့ နတ်​​မောက်​ကိုပဲ​ကျေးဇူးတင်​ရမယ်​။နတ်​​မောက်​​ရေ့....ခင်​ဗျားတာဝန်​​တွေ​ကျေပါပြီ။ဗိုလ်​ချုပ်​ကို ​မွေးထုတ်​​ပေးယုံနဲ့ ခင်​ဗျားပြီးပြည့်​စုံပါပြီ။ခင်​ဗျားဘာမှ လုပ်​ဖို့မလို​တော့ဘူး...ခင်​ဗျားငြိမ်းငြိမ်းချမ်းချမ်း ​နေပါ​တော့။ သူ့လိုလူမျိုး ဘယ်​သူမှ မစွမ်းနိုင်​​တော့ဘူး။သူ့လိုစိတ်​ဓာတ်​ ဘယ်​သူမှ မမှီနိုင်​​တော့​ပေ။သြော်​...ဗိုလ်​ချုပ်​..ဗိုလ်​ချုပ်​.. .ကျွန်​မသတိရ​နေတယ်​။သူဘယ်​​လောက်​​တော်​လဲ လို့ကျွန်​မ​တွေးလိုက်​ရင်​...သူ့အ​ကြောင်းတစ်​ခုကို​ပြေးသတိရမိတယ်​။ကျွန်​မတို့ဗိုလ်​ချုပ်​က သူ့မှာရှိတဲ့အားနည်းချက်​​တွေကိုရှာပြီး ...အမြဲတမ်း​ပြောင်းလဲ​အောင်​ကျင့်​​နေတဲ့သူမျိုးတဲ့​လေ။အမှန်​တကယ်​လည်း ​ပြောင်းလဲ​အောင်​ကြိုးစားပြီး ပြုပြင်​တယ်​တဲ့​လေ။ အဲ့အချက်​ကိုပဲကြည့်​ သူ့ကိုဘယ်​သူမှမယှဉ်​နိုင်​ဘူးဆိုတာ သိနိုင်​တယ်​။ကျွန်​မတို့ ​တွေ အားနည်း​ချက်​တွေရှိတယ်​၊သိတယ်​...တကယ်​​ပြောင်းလဲ​အောင်​​နေလား??​မေးကြည့်​ပါ....။

FB_IMG_1531974700977.jpg
Image source

အာဇာနည်​ဆိုတဲ့ စကားလုံးက သူ့တို့နဲ့ ပိုပြီးထိုက်​တန်​တယ်​၊သူတို့နဲ့ပိုပြီး လိုက်​ဖက်​တယ်​။တကယ်​ကို ဇာမနည်​ပွား​တွေမြန်​မာနိုင်​ငံမှာ ရှိခဲ့တယ်​လို့​တွေးတိုင်း မြန်​မာကွလို့ ​ကြွေး​ကြော်​ဖို့မ​ကြောက်​ဘူး။ဘုရားက​ပေးတဲ့ အကြီးမားဆုံးလက်​​ဆောင်​ သူတို့အသက်​ကိုပင်​ ​ထောက်​ထားညှာတာမှုမရှိ ဘယ်​သူတစ်​ဦးတစ်​​ယောက်​အတွက်​မှ မရည်​ရွယ်​ဘဲ မြန်​မာအတွက်​ဆိုပြီး စ​တေးခဲ့ကြတာ။သြော်​...အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေ.....ဇာမနည်​ပွား​တွေရယ်​ ကျွန်​မ သတိရ​နေတယ်​။သူတို့​​တွေ နာမည်​ကြီးပါ​စေဆိုပြီး လုပ်​ပြခဲ့တာ မဟုတ်​ဘူး၊သူတို့​တွေ​ကောင်းစားဖို့ ရည်​ရွယ်​ပြီး တမင်​လုပ်​ပြခဲ့တာ မဟုတ်​ဘူး၊သူတို့​တွေ မိသားစုအတွက်​ ကြိုးစားခဲ့တာ မဟုတ်​ဘူး၊သူတို့​တွေကြိုးစားခဲ့တာ မြန်​မာအတွက်​ပါ။မြန်​မာဆိုတာ သူတို့ရဲ့အိမ်​၊မြန်​မာဆိုတာ သူတို့ရဲ့အရိပ်​ဆိုပြီး ရုပ်​လုံး​ပေါ်​အောင်​ ထွင်းထုခဲ့တာ အာဇာနည်​ ၉ဦးပါ။

FB_IMG_1531983606764.jpg
Image source
ကျွန်​မတို့​တွေ ဗုဒ္ဓဘာသာ ​တွေက ဘုရားကို ဦးခိုက်​တယ်​။ကိုးကွယ်​တယ်​။ဘုရားလမ်းစဉ်​ကျင့်​ကြံတယ်​။ဘုရားမကြိုက်​တာ မလုပ်​ဘူး။ဒါဗုဒ္ဓရဲ့ အဆုံးအမပါ။ဗုဒ္ဓရဲ့သားသမီး​တွေဆို ရင်​ ကျင့်​ကြံလိုက်​နာကြရတယ်​။ကွေန်​မတို့​တွေ မြန်​မာလူမျိုး​တွေ ဗိုလ်​ချုပ်​ကို အ​လေးပြုရတယ်​။ဗိုလ်​ချုပ်​ကို အတုယူပြီး ဗိုလ်​ချုပ်​လမ်းစဉ်​ ကျင့်​ကြံကြပါ။ဗိုလ်​ချုပ်​လို မြန်​မာကိုချစ်​ပါ။ဗိုလ်​ချုပ်​လို မြန်​မာပြည်​ကို အလှဆင်​ပါ။ဗိုလ်​ချုပ်​က​ပေးတဲ့အသက်​နဲ့ ဗိုလ်​ချုပ်​​မြေ​ပေါ်မှာ ​ခြေချပြီး ဗိုလ်​ချုပ်​ရဲ့မိခင်​မြန်​မာပြည်​ကို အလုပ်​အ​ကျွေးပြုပါ။ ကျွန်​မတို့​တွေ ဗိုလ်​ချုပ်​​ပေါ်မှာ အ​ကြွေးတင်​​နေကြတယ်​။အဲ့ဒီအ​ကြွေးကို ဆပ်​ချင်​တယ်​ ဆိုရင်​​တော့ သူအရမ်းမြတ်​နိုးပြီး တန်​ဖိုး​တွေ မြှင့်​တင်​​ပေးခဲ့တဲ့ သူအချစ်​ဆုံး အမိ​မြေ မြန်​မာပြည်​ကိုပဲ ဆပ်​ဖို့ရှိ​တော့တယ်​။မြန်​မာပြည်​ကိုပဲ လုပ်​​ကျွေးပြုပါ။မြန်​မာပြည်​ကို ဆွဲတင်​ပါ။

FB_IMG_1531982634181.jpg
Image source

သူ​ဒေါသနဲ့​ပြောခဲ့တဲ့ စကားတစ်​ခွန်း သူ့အမူအရာနဲ့​ပြေးမြင်​မိတယ်​။အဲ့ဒါက မြန်​မာကို ချစ်​လွန်းလို့​ပြောခဲ့တဲ့ စကားဆိုတာ ဘယ်​သူမှ ဘာသာပြန်​​ပေးစရာမလို​ပေ။ဒါ​ကြောင့်​လည်း အခုချိန်​ထိ ဗိုလ်​ချုပ်​ဆိုတာနဲ့ အဲ့စကားလုံး​လေးသိကြတာ​နေမယ်​။ဘာတဲ့...ဖာနိုင်​ငံကြီး ဖြစ်​လိမ့်​မယ်​တဲ့။ ဒီစကားမျိုးက ဗိုလ်​ချုပ်​ပါးစပ်​က ထွက်​ခဲ့လို့လားမသိဘူး ...တွန်းအား​တွေ​ဖြစ်​​စေတယ်​၊အားမာန်​​တွေတိုး​စေတယ်​။မြန်​မာပြည်​ ကိုပြန်​ဆယ်​ယူဖို့ အား​တွေတိုး​စေတယ်​။ဗိုလ်​ချုပ်​​ရေ့.....အခု​လို ဗိုလ်​ချုပ်​ချစ်​တဲ့ မြန်​မာပြည်​အိမ်​ကြီးမှာ ​နေရတာ ကျွန်​မ​ပျော်​တယ်​။ကျွန်​မကိုးကွယ်​ရမယ့်​ အဆုံးအမစကား​တွေထဲမှာ ​ဘုရားပြီးရင်​ ဗိုလ်​ချုပ်​ပါပဲ။

FB_IMG_1531974840570.jpg
Image source

ကျွန်​မ​တွေးမိတယ်​....ဗိုလ်​ချုပ်​တာ အသက်​ရှည်​ရှည်​​နေခဲ့ရလျှင်​ ကမ္ဘာမှာ မြန်​မာက ထိပ်​ကရပ်​တည်​​နေမယ်​ဆိုတာကို​ပေါ့။ကျွန်​မတို့​တွေ ဒီထက်​လှတဲ့ ဘဝ​တွေ နဲ့ရှင်​သန်​ခွင့်​ရကြမယ်​ဆိုတာကို​ပေါ့။ ကျွန်​မတို့​တွေ သူ့တစ်​ပါးတိုင်းပြည်​ကို စွန့်​စားပြီး သွား​ရောက်​လုပ်​ကိုင်​စရာမလို​တော့ဘူးဆိုတာကို​ပေါ့။ ကျွန်​မတို့မြန်​မာပြည်​ကို အခြားနိုင်​ငံ​တွေက ​ငေးကြည့်​ပြီး ​သြော်​.....မြန်​မာဆိုတာ ဒီလိုနိုင်​ငံကြီးပါ့လား ဆိုပြီး အ​ဟောင်းသားနဲ့ ​ကောင်း​ကောင်းကြီး ချီးကျူး ​နေမယ်​ဆိုတာကို​တွေးပြီး ဗိုလ်​ချုပ်​ကို ပိုလွမ်းတယ်​။ကျွန်​မ​ပြောနိုင်​တယ်​ ​နတ်​​မောက်​ထက်​ ကျွန်​မက ပိုပြီး ဗိုလ်​ချုပ်​ကို လွမ်းတယ်ဆိုတာကို​ပေါ့။

FB_IMG_1531974810041.jpg
Image source

အခုချိန်​မှာ ဗိုလ်​ချုပ်​​ကောင်း​သော​နေရာမှာ စံစား​နေရ​လောက်​ပါပြီ။တစ်​ခု​တောင်းဆိုချင်​တယ်​ ဗိုလ်​ချုပ်​​ရေ့.....အခုချိန်​ ဗိုလ်​ချုပ်​ဘယ်​ဘုံ​ရောက်​​ရောက်​​နေ​နေ မြန်​မာပြည်​ကို မမြင်​ချင်ပါ​နဲ့။မြန်​မာပြည်​ကို ​တွေ့ချင်​တဲ့ စိတ်​​တွေ မဖြစ်​ပါနဲ့။ဘာလို့လဲဆို​တော့ ဗိုလ်​ချုပ်​ချစ်​ပြီး တန်​ဖိုးအထားရဆုံး​သော မြန်​မာပြည်​ကို မြင်​ပြီး စိတ်​မ​ကောင်းဖြစ်​မှာ ကျွန်​မစိုးတယ်​။ကျွန်​မတို့​တွေကို ကြည့်​ပြီး အားမလိုအားမရဖြစ်​ပြီး ​ဒေါသ​ထွက်​​နေမှာ ကျွန်​မမလိုလားဘူး။ဒါ​ကြောင့်​ ဗိုလ်​ချုပ်​​ရေ့...အားနာမိတယ်​ဆိုတာကလွဲပြီး ကျွန်​မမှာ ကြွားစရာမရှိပါဘူး။မြန်​မာပြည်​ကို ပြန်​လာချင်​​တဲ့ စိတ်​​တွေဖြစ်​​ပေါ်မိရင်​လည်း မလာပါနဲ့လို့ပဲတားပါရ​စေ။ကျွန်​မ အခုလိုအိမ်​ပျက်​ကြီးထဲမှာ ဗိုလ်​ချုပ်​ကို ဧည့်​ခံရမှာ ကျွန်​မရှက်​တယ်​။လောဘသား​တွေ​နေထိုင်​တဲ့ဒီအိမ်​ကြီးကို ဗိုလ်​ချုပ်​မြင်​မှာ ကျွန်​မစိုးတယ်​။

ဗိုလ်​ချုပ်​နဲ့ အာဇာနည်​အ​ပေါင်း ​ကောင်းရာဘုံရာ မှာ စံစား​နေရပါ​စေ......

@thithisann
Author Thi Thi San
Msc 262

Sort:  

နှစ်​လနာရီ....ရာသီရယ်​​ရွေ့ .....အာဇာနည်​​နေ့ကို​တော့ မ​မေ့သင့်​ပါသ​လေ ...၊

မ​မေ့သင့်​ပါ​လေ

နှလုံးသားနှင့်ရေးသည် ဆိုတဲ့အတိုင်း နှလုံးသားထဲအထိ နာကျင်
ကြေကွဲရပါတယ် သမီး
သိပ်တော်ပါတယ်လို့ချီးကျူးပါရစေနော်

ကျေးဇူးပါပဲရှင့်

ဖတ်​ရင်းစိတ်​မ​ကောင်းဖြစ်​ရပါတယ်​...
19July​မမေ့နိုင်​ပါ....

မြန်​မာအတွက်​ ကမ္ဗည်းထိုးထားသလို

ရင်မှာ ခံစားရပါတယ် ညီမရေ

ထပ်​တူပါပဲရှင်

လူသေသောလည်း အမည်မသေသော်သူဖြစ်ပါတယ်

အဲ့ဒါ ဗိုလ်​ချုပ်​ပါ

တို့လက်‌ထက်‌မှာ ဗိုလ်‌ချုပ်‌အတွက်‌ ရာဇဝင်‌မရိုင်းရ‌အောင်‌ကြိုးစားကြတာ‌ပေါ့။

ကြိုးစားကြမယ်

FB_IMG_1531980479922.jpg

Let kotow to General Aung San

စိတ်​မ​ကောင်းမှု​တွေကိုယ်​စီပါပဲ

ဇူလိုင် ၁၉ မျက်ရည်မိုး

အသည်းကွဲ​သော​နေ့

အစ်မရေးတာ ပိုပြီးခံစား ဝမ်းနည်းရပါတယ်။ဗိုလ်ချုပ်ကြည့်တဲ့အခါ စိတ်ချမ်းသာအောင် ကျွန်တော်တို့တွေ ကြိုးစားလုပ်ဆောင်ကြတာပေါ့ခင်ဗျာ။

ကြိုးစားလုပ်​​ဆောင်​ကြရမှာ​ပေါ့

ကြေကွဲရပါတယ်လေ...အဲ့ဒီ့ ဒို့ပြည်သူတွေရဲ့ လွမ်းဆွတ် ကြေကွဲတဲ့ လှိုင်းအား ဘယ်လောက်တောင်ကြီးသလဲဆိုတာ ဘာကိုမှ သိပ်နားမလည်တတ်သေးတဲ့ အစ်မရဲ့ ၂ နှစ်ခွဲအရွယ် သားလေးတောင် ဥသြဆွဲသံကြားတော့ မျက်နှာလေး ညှိုးပြီး မေမေ အဲ့ဒါဘာသံကြီးလဲဆိုပြီး မေးရှာတယ်။

ဟုတ်​တယ်​ အမ​ရေ့လွမ်းဆွတ်​​ကြေကွဲရ​တဲ့​နေ့ပါပဲ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66931.79
ETH 3249.50
USDT 1.00
SBD 4.10