Jade miner That Zaw part 2(Original story by That Ko Zaw)
https://steemit.com/myanmar/@thatkozaw/jade-miner-that-zaw-original-story-by-that-ko-zaw
ယခုlink မှအဆက်ပါ
ဘက်ဖိုး မရလို့ ခေါင်းပေါင်းမကျင်းနိုင်ရင်ကျင်းသိမ်းမည်ဟု ဆိုကတည်းက သက်ဇော် နေမထိ ထိုင်မသာ ဖြစ်နေရသည်။
လက်ဗလာနှင့် အိမ်မပြန်ချင်သော ရောဂါသည် ထိုဒေသတွင် အလုပ်လာလုပ်သော သူတိုင်းခံစားရလေ့ရှိသော ရောဂါဖြစ်သည်။
ထိုရောဂါ ဖြစ်ပေါ်လာပါက လူမထိခိုက်သော်လည်း အခြားသော ရောဂါတစ်ခုဖြစ်ရန် ရင်းမြစ်တခုအနေဖြင့်ထောက်ပံပေးသည်။ မျှော်လင့်မှုတွေ ဖြစ်မလာလေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အားလျော့မှုတွေ ဖြစ်လာတတ်သည်။
စိတ်ဓာတ်ကျခြင်းတွေ ထပ်မံဖြစ်ပေါ်လာပေသည်။
အိမ်မပြန်ချင် ခြင်းမဟုတ် လက်ဗလာဖြင့် မပြန်ချင်ခြင်းဖြစ်ရာမှ ရက်မှလ၊ လမှနှစ်သို့၊ တဖြည်းဖြည်းကူးပြောင်းလာကာ အားလျော့မှုတွေအား
အတုအယောင် အငှါးပျော်ရွင်မှုတွေ၊
အငှါး အလုပ်လုပ်နိုင်စွမ်းအင်အားတွေ အသုံးပြုရာမှတဆင့် မှုးယစ်နယ်ပယ်ထဲ တွင် ရုံးမထွက်နိုင်ကြတော့ပေ။
တကယ့်ရောဂါ အစစ်ကြီးကို ခံစားကြရပေတော့သည်။
ထိုအရာမှာ မိမိအိမ်သို့ မပြန်နိုင်အောင် ပို၍ ဆွဲခေါ်ထားနိုင်သော ဂုဏ်သတ္တိထူးရှိချေသည်။
အကျိုးနဲ့အကြောင်းဆပ်စပ်ပါက
အိမ်မပြန်နိုင်သောကြောင့် သုံးသည်၊ သုံးတော့အိမ်မပြန်နိုင် အိမ်မပြန်နိုင်သောကြောင့် သုံးသည် ဆိုတာနဲ့ သံသရာလည်ပြီး မှော်ကြာ ဟုဆိုသော တံဆိပ်ယူကာ မှုးယစ်နွံနစ်ပြီး ခြုံထဲတွင် ဘဝဆုံးလေသည်ကို သက်ဇော် မကြာခဏ မြင်ရတွေ့ရပေသည်။
သက်ဇော် ဂေါက်ကွင်းတွင်နေစဉ်က သက်ဇော် အခန်းသို့ ပြန်ရာလမ်းဘေးတွင် ခြုံအမြောက်အများရှိပေရာ မကြာခဏ မြင်တွေ့နေရသောဖြစ်စဉ်တစ်ခုဖြစ်ပေသည်။
![injecting(
သို့သော် သက်ဇော် အိမ်မပြန်သေးပေသော်လည်း ထိုအငှါးပျော်ရွင်မှုများကို အမေ့မျက်နှာမြင်ယောင်ကာ
အနည်းငယ်မျှလောက်ကိုတောင် စူးစမ်းဖို့ မကြိုးစားခဲ့ပေ။
သို့သော် မျှော်လင့်ချက်တို့ ပိုမို ဝေးကွာလာတိုင်းသက်ဇော် အရိုင်းစိတ်များ ဝင်လာမိချေသည်။
မကြာခဏ အခြားကျင်းများနှင့် ရန်ဖြစ်ကာ ယခင် ကြောက်တတ်သော သက်ဇော် နှင့် အရာရာမတူတော့ချေ။ သေမထူးစိတ်ပုံစံမျိုးဖြင့်သာ ခံစားမိလာသည်။
သို့သော် သက်ဇော် ယုံကြည်မိသည်က မိမိနှင့်အတူ အလုပ်လုပ်သော မိတ်ဆွေများအားမိသားစု လိုခံယူထားသည်။ သဌေးကို သစ္စာဖောက်ချင်ဖောက်မယ်
ကျင်းသားဘဝတူချင်း ဘယ်တော့မှထိခိုက်အောင်မလုပ်ဟုဆိုသော ခံယူချက်ကို ဂရုတစိုက်သက်ဇော် ထိန်းသိမ်းခဲ့ပေသည်။
ထိုသော အရာကို
"သက်ဇော် ဘယ်တော့မှ ဇတ်တူသားမစား" ဟူသော စကားဖြင့်အရောင်တင်ခဲ့ပေသည်။
သိုသော် ဇတ်တူသားစားသော အယောင်ပြ မိတ်ဆွေတုများကိုကားသက်ဇော် တွေ့ရှိခဲ့ရသည်ကို နောက်ပိုင်းတွင်တင်ပြပါမည်။
သက်ဇော်မျော်လင့်သည်က ယခုနောက်ဆုံးကျင်းလုပ်ဖြစ်သည် ဆိုပါက အနည်းငယ်သောရွှေ ရဖို့ အခွင့်အလမ်းဖြစ်လာလိမ့်မည် ထို လမ်းစရိတ်ဖြင့် သက်ဇော် ရက်အနည်းငယ် ချွေတာစားရင်း နေစရာ စာစရာ အတွက် ရေမဆေးကျင်းသားမွေးသော သူဌေးတစ်ယောက်လောက် တွေ့နိုင်မည်ထင်ထားသည်။
သက်ဇာ်၏ ကံကြမ္မာသည် ကျီစယ်ကလူပြုခြင်းမှ မောပန်းဟန်တူပေသည်။ အဆိုးတွေချည်းမို့ အားနာပါးနာ ဖြစ်ပေခြင်းလား။ ထိုးမည့်ဆင် ခြေတစ်လှမ်းဆုတ်ခြင်းပေပဲလား။
ကိုယ်စားလှယ်က သတင်းတစ်ခု ပြောလာသည်။
ကျင်းသိမ်းမည်မဟုတ်။ သို့သော် ခေါင်းပေါင်းကျင်းရန် (အပေါ်ရံမြေသားကို တူးရန်) သုံရက်တွင်း ပြီးအောင်တူးနိုင်ရင် ကျင်းဆက်လုပ်မယ်ဆိုသည်။
မပြီးရင် နောက်နှစ်မှဆက်လုပ်မည်။
ရွေးချယ်ရန် ပြောခြင်းဖြစ်ပေမယ့် ဒါရွေးစရာမဟုတ် အခွင့်အလမ်းပေးခြင်းဖြစ်သည်ဟုသာ သက်ဇော်မြင်မိသည်။ ရေနစ်သူအတွက် ကောက်ရိုးတမျှင်သည်လဲ တမျှင်အလိုက်ပေါ့။
ချက်ခြင်းထကာ တံစဉ်းယူပြီး တူရွင်းသွေးနေမိပြီလေ။ ကြိုးစားရမည် လောလောဆယ်အခြေအနေပြေလည်အောင်။
ထတော့ဟေ့ ထတော့ သက်ဇော် ထမင်းစားပြီးရင် ဝါးပိုးဝါးသွားခုတ်ဟေ့။ အရင်ဟာတိုတယ် စက်မြုတ်လိမ့်မယ်။ ရွာတွေထဲ သွားရှာကြ အနည်းဆုံး 11တောင် လောက်ရှိမှဖြစ်မယ်။
ထမင်းစားပြီး သက်ဇော်တို့ ထွက်လာခဲ့ပြီး တရွာဝင်တစ်ရွာထွက်ရှာခဲ့ရာမှ ယခုတော့တွေချေပြီ။ အချိန်က လည်း နေ့လယ် နှစ်နာရီတိုင်ချပြီ။ လမ်းတစ်လျောက် ဝါးအများအပြားတွေ့ပေမယ့်လိုချင်သော အရှည်နှင့် လုံးပတ်မရသဖြင့် ပိုမိုကြာခြဲ့ခင်းဖြစ်သည်။
မိုးသည်လည်း သဲသဲ မဲမဲရွာ နေရာမှ တိတ်လေပြီ။
ဝါးခုတ်ပြီး လမ်းလျောက်ပြန်ဖို့သော် မလွယ်။
လူလွတ်လမ်းလျောက်တာတောင် ဒီလောက်လျောက်ခဲ့ရတာ ဒီဝါးတွေ ထမ်းပြန်မယ်ဆို ဘယ်အချိန်မှ ရောက်မယ်မသိ။
သက်ဇော် ဆုံးဖြတ်လိုက်သည်။ ဥတုချောင်းမှ မျှောချမည်။ မေးကြည့်သလောက် အားလုံးရေကူးတတ်သည်။ ဥတုချောင်းကနေဆို ပိုမြန်မည်။
ဝါးလေးလုံးကလဲ အတော်ရှည်ပြီး အတော်တုတ်သည်ကား လူခုနှစ်ယောက် ဆွဲကာ မျှောလိုက်နိုင်သည်။
မထူးတော့ ချကွာဖြစ်ကုန်ကြသော် သေချာတုပ်နှောင်၍ စုံဆင်းကြသည်။
ဥတုချောင်းသည်ကား အချို့သောနေရာတွင် အင်မတန်တိမ်၍ အချို့သောနေရာတွင်က ဗုံးဒဏ်ကြောင့် အင်မတန်နက်သည်။ အချို့နေရာတွင်က ကျင်းများတူးထားသည်လည်းရှိသည်။
အတိမ်အနက်သည် ပြဿ နာမရှိသော်လည်း ရေစီးသန်သည်က အခက်အခဲ ရှိသည်ကို ထည့်မတွက်မိလေခြင်း။
အကွေ့အကောက်တွင် ရေစီးသန်သဖြင့် ကမ်းပါး ဝင်ဆောင့်တိုင်း လွင့်ထွက်သွားပြန်၊ ပြန်ကပ်ပြန်၊ လုပ်ရင်း ကံကောင်းထောက်မစွာ အထိအခိုက်မရှိ ကျင်းနဲ့နီးသော ကမ်းပါးကိုပြန်ရောက်လာသည်။ အချိန်အားဖြင့် 2နာရီခွဲလောက်သာကြာသော်လည်း နောက်တကြိမ် တွင် မျှောမချပဲ လမ်းလျောက်ပြန်မည်ဟု တွေးလိုက်မိသည်။
ထိုဝါးရသော် မှုံကျင်းအကြောင်းအနည်းငယ်ရှင်းပြချင်သည်။
မှုံကျင်းဆိုသည်ကား
ဝါးသုံးလုံးကို ဖိုခနောက်ဆိုင်ကားထောင်ထားပြီးသော် ထိုထိပ်မှ ချိန်းဘလောက် ချိတ်ကာ အောက်တွင် စက်ခြင်းထဲ စက်တင်၍ တန်းလန်းထားထားသည်။
ထိုစက်အောက်တွင်က အဝ ဆယ်လက်မ ပတ်လည်လောက်ရှိသော မှုံအိုး။
စက်၏ လည်အားနှင့် မှုံအိုးအတွင်းမှ ပန်ကာလည်လာပြီး ပန့်ကိုင်မှရေဖျော်ချလိုက်သော ခဲအသေးများနှင့် သဲများအား ရေနဲ့အတူ စုတ်ယူကာ မျောပေါ်ကိုတင်လိုက်သည်။ ထိုနေရာတွင်ခဲအကြီးမပါစေရင်နှင့် စက်လီဘာ အတိုးအလျော့ကို လူတစ်ယောက်က ပိုက်ကိုခွထားကာ မပြတ် ရှင်းထုတ်၊ လီဘာ အတိုးအလျော့ကို ကြိုးဖြင့်ဆွဲကာလုပ်နေရသည်။ ခဲအကြီးပါသော် ပိုက်တစ်သွားတတ်သည်။ ထိုသူကို မှုံကိုင်ဟုခေါ်သည်။ ဖိုခနောက်ဆိုင်တည်ထားသော ဝါးသည် အကြောင်းတစ်စုံတစ်ရာ ကြောင့် ကြိုးသော် နိမ့်သွားသော်၊ ချိန်းဘလောက်မကောင်းလျော့ကျသော် ထိုသူ စက်ပိပေလိမ့်မည်။
စက်အောက်ထိုင်ထားရသည်ကိုး။ သက်ဇော်သည် ပင်တိုင်မှုံကိုင်ရသူ။
အခြားကျင်းသားများမှာက သံတိုင်ကိုင်၍ ပန့်ကိုင်ထိုးလိုက်သောရေပိုမို ပျော်ဝင်စေရန် ခဲများခွာခြင်း မြေသားများ ဖဲ့ချပေးခြင်းလုပ်ရသည်။ အချို့ကျင်းသားများကား ရေဆင်းလာသောလမ်းတစ်လျောက် ခဲကြီးများ မှုံထဲမရောက်အောင် ကောက်ပစ်ရသည်။
.jpg)
မှုံကိုင် အန္တရယ်များသလို ပန့်ကိုင်သည်လည်းပင်ပန်းသည်။ မြေများ မြန်မြန်ပျော်ဝင်စေရန် ထိုးအားကိုတင်းထားရသဖြင့် မီးသက်ပိုက်ကိုင်သလို နင်းခြေမြဲမြဲနင်းကာ ပန့်ခေါင်းကို ပေါင်ကြားခွ၍ တင်းနေအောင်ထိန်းကာ ထိုးနေရသဖြင့် အင်မတန်အားစိုက်ရသည်။ အလှည့်ကျလုပ်ရသည်။ တစ်ယောက်တည်း ကြာကြာမထိုးနိုင်။ ပန့်ကိုင်မနိုင်လို့ လွတ်ထွက်သွားသော် ထိုပိုက်သည် ရမ်းခါကာ အနီးရှိလူများအားရိုက်မိတတ်သည်။ သက်ဇော် တစ်ခါ ဖူးယောင်ဘူးသည်။
မျောဆိုသည်ကား ကလေးကစားကွင်းမှ လျောစီးသော အရာနှင့် သဏ္ဌာန် တူသည်။ မှုံစက်မှ နေ၍ ပိုက်ဖြင့်တင်လိုက်သော ရေနှင့် အစာများအား အုန်းဆံကြိုး ခြေသုပ်ခုံပုံစံ စသည်တို့ဖြင့် ရွှေ ရေစီးဖြင့်မပါစေရန် ထိမ်းထားသည်။ လေးလံသောသဲနှင့် ရွှေမှုန်များသည်ကား ရေစီးနဲ့မျှောမပါပဲ ထိုမျှောဖက်တွင်တင်ကျန်နေသည်။
ညနေတွင်မှ ထိုမျှောပေါ်မှ မျောဖက်များအား သံစည်ပိုင်းပျက်အတွင်းခါချကာ အင်ဝိုင်းဖြင့်လှဲ့၍ ရွှေသိမ်းရသည်။ သို့သော် ထိုမှော်တွင်က ရွှေသည်က ရိက္ခာထောက်သက်သက်ပါ အဓိကက ခဲကျောမှ ကျောက်ပါလာစေရန်မျှော်လင့်ပြီး လုပ်ကြသည်။
ကိုယ်စားလှယ် ပြောခဲ့သလို သုံးရက်မကြာ အားသွန်ခွန်စိုက်လုပ်ကြရာတွင် နှစ်ရက်နဲ့ ခေါင်းပေါင်းကျင်းပြီးသည်။ အားရှိလို့လုပ်တာနိုင်တာမဟုတ် ကျင်းသိမ်းမည်ဆိုသော မိုးထားသည့်ဓားကြောက်ခြင်းဖြစ်ပေမည်။ လူခုနှစ်ယောက်နဲ့ ဒီလောက်လုပ်အားကို
သူဌေး အံ့သြာကာ လာကြည့်သည်။
ကံဆိုးလေစွ သက်ဇော် ထိုကျင်းရှယ်ယာဝင် သူဌေးတစ်ယောက်သည်က သက်ဇော် ဂေါက်ကွင်းတွင် ပြန်ပြောမိသော သူဌေးဖြစ်ပေသည်။ ကံကောင်းထောက်မစွာ သက်ဇော်အားမမှတ်မိ။ ထိုညက သက်ဇော် ဘုရားကန်တော့သည်မှာ ပိုကြာသွားသည်။
ကံကြမ္မာရဟက် တပတ်လည်ချေပြီ။
ဘက်ဖိုးအတွက် ပေးရန်ထားသော ကုန်ကျစရိတ်မှ တဝက်ကို သက်ဇော်တို့အားခွဲဝေပေးသည်။
အို ကောင်းသောအသင်ကံကြမ္မာ သင်အကျနုပ်အား မြင်ချေပြီလား။
တွေးထင်ထားမိသလို ကျောက်ကြောသည် မရှိခဲ့ပေ။
အောက်ရောက်သည်အထိ ခဲတစ်လုံးမှမတွေ့ရသဖြင့် အားလုံးမျက်နှာပျက်ချေပြီ။ ကျောက်မပြောနဲ့ ခဲတောင်မတွေတာ စိတိပျက်မယ်ဆိုပျက်ချင်စရာ။ စိတ်ပျက်မိသောသူ အလွန်မဟုတ်။ လုပ်စရာရှိတာ ဆက်လုပ်ပြီးတူးနေရတော့သည်။
ကိုသက်ဇော် ဟော့မှာ ခဲလုံးတစ်လုံး။
အသစ်ဝင်လာသော ရှမ်းလေး လှမ်းပြောသည်။
အေးပါကွာ ခဲလုံးတစ်လုံးဆိုလည်း တစ်လုံးပေါ့ကွာ။ ဟားဟား။
မှုံကိုင်ရင်းသက်ဇော်လှမ်းနောက်လိုက်သည်။
ကျင်းခေါင်းကိုအောင် ဘာမပြောညာမပြောနဲ့ ရှမ်းလေးစီသွားပြီး နရင်းအုပ်ကာ
"ဒါကျောက်ကွ ကျောက်"
ဟုပြောလိုက်သည်။
ထိုမှသက်ဇော်စက်ပိတ်ပြီးလာကြည့်မိသည်။
ပိရိမစ်ပုံစံထောင့်လေးထောင့်နှင် ဆယ်ပိသာခန့်ရှိသောကျောက်တစ်လုံး။ မြင်ဘူးသမျှထဲတွင်တော့ အထိုင်အတော်လှပြီး ကြီးလည်းကြီးသည်။
ကိုယ်စားလှယ်လာကြည့်ပြီး ထို့နေ့အတွက် စက်ပိတ်ခိုင်းလိုက်သည်။ ဘယ်လောက်ထိပျော်ရွင်ရမယ်မှန်းမသိပေမယ့် ကျနော်တို့ တူရွင်းမြင်းလုပ်ကာ အော်ကာ ကလေးများလို ကနေကြပြီလေ။
သေချာသွားပြီ ကိုယ်စားလှယ်မရှိတုန်း သက်ဇော် သတ္တာဖွင့်ကာ ဟိုဘက်ကျင်းမှ ဝယ်လက်တစ်ယောက်လာတုန်း ပြကြည့်သည်။ 900ရရင်ယူမည်ဟုဆိုသည်။
ထိုမှော်တွင် ကျောက်ထွက်ပါက အလင်းဝင် အဖွဲ့တစ်ဖွဲ့၏ ကျောက်ခုံရုံးတွင် တင်ပြကာ ရာဖြတ်ဟုဆိုသူများက ဈေးဖြတ်ပေးသည်။ ထိုဖြတ်သောဈေးမှ 10% အခွန်ဆောင်ရသည်။ ထိုဖြတ်သောဈေးအား ကြိုက်လျှင်ထားခဲ့နိုင်ပြီး။ ကျင်းသားများ သဘောမတူပါက ပြန်ယူလာနိုင်သည်။ အားလုံးမျက်နာစုံညီ ရှိမှသာ ဈေးဖြတ်နိုင်သည်။
ဘာပဲပြောပြော အားလုံးစိတ်ကူးနဲ့ရှုးနေကြချေပြီ။
ကျောက်ဖြတ်မည့်နေ့ကိုတွေးကာ။
သို့သော် တစ်လပြည့်ပြီ တစ်ကျင်းပြီးတစ်ကျင်းထပ်လုပ်သော်လည်း ကျောက်ကိုဖြတ်မပေးသေး။ နောက်ကျင်းတွေသည်က ဘာမှမရ။
အားတဲ့အချိန် စကားစမြည်ပြောကြရင်း ကျင်းသားအားလုံးကျောက်ဖြတ်ချင်ကြောင်းသာပြောဖြစ်ကြသည်။
နွားတရှဥ့်လိုချင်လို့ တတ်လာတာ။ နွားမှမရှိရင် ငှါးရတာနဲ့ လုပ်ထားတာကုန်တယ်။
စင်ကာပူသွားချင်လို့ဆိုသူ။
မိန်းမ ကိုပို့ပေးချင်သူ။
အစရှိသဖြင့်ပြောကြသည်။ မဖြစ်ချေဘူး သက်ဇော် ကျောက်ဖြတ်ဖို့ပြောရမယ်။
အားလုံးလာကြဦး။
ကိုယ်စားလှယ်ခေါ်သည်။
ကဲ သက်ဇော်ကကျောက်ဖြတ်ချင်လို့ပြောနေတယ်။
ဘယ်သူဖြတ်ချင်ကြလဲ။ ရှိသေးလား။
တယောက်မှတုပ်တုပ်မလုပ်။ သက်ဇော် အံသြသွားသည်။ ဘယ်လိုဖြစ်တာတုန်း။ ဘာမှားလို့တုန်း။
ဘယ်သူမှမပြော။
အဲ့ဒါဆို မဖြတ်သေးဘူးနော်။ ကဲသက်ဇော် မင်းဘာလုပ်မှာလဲ။
ကိုယ်စားလှယ်ပြောသည်။
သက်ဇော် အံသြတာထက် ပိုပြီး မယုံကြည်နိုင်အောင်ဖြစ်ရသည်။ ဘယ်လိုဖြစ်တာလဲ။ အများသူငှါဖြတ်ချင်တယ်ဆိုလို့ သက်ဇော် ရှေ့ထွက်ပြောကာမှ သက်ဇော်တစ်ယောက်ထဲဖြစ်ရချေပြီ။ သစ္စာဖောက်တယ် ဆိုတာလား မဟုတ်သေးဘူး။
အားလုံးက သက်ဇော်ကိုသစ္စာဖောက်တာ။
သို့သော် သက်ဇော်က အားလုံးကို သစ္စာဖောက်သလိုဖြစ်နေပြီ။
အားလုံးကိုလိုက်ကြည့်လိုက်တော့ ခေါင်းငုံ့ကာသွားကြသည်။ မျက်နှာချင်းမဆိုင်ကြ။
ဟုတ်ပြီ လက်သင့်ခံပြီ။
ဒါ ကို နားလည်သွားပြီ။
မိတ်ဆွေဟူသောဝေါဟာရ၏ နက်ရှိုင်းပုံကို တခုပိုသိလာရပြီ။
ကျနော်ပြန်မည်။ လုံးခင်းမှာရရာအလုပ်တစ်ခုလုပ်ပြီးစောင့်မည်။ လောလောဆယ်သုံးဖို့ အသုံးတစ်သိန်းပေးသည်။ သက်ဇော် အိပ်ယာလိပ်ကို ပီနံအိပ်ထဲထည့် များများစားစားယူစရာမရှိ true အင်္ကျီလေးတော့မပျက်မကွက်ထည့်၊ တစ်ယောက်ထဲ အထုပ်လေးထမ်းလာခဲ့သည်။ အာလူးမှော် တစ်ခုလုံးစီးမြင်ရတဲ့တောင်ပေါ်ကိုအရင်တတ်
နုတ်ဆက်ခဲ့ပါတယ်အာလူးမှော်ရေ။
မင်းပေးတဲ့ စိတ်ချမ်းသာမှုတွေ
မင်းသင်ပေးခဲ့တဲ့ ရိုးသားမှု၊
မင်းသင်ပေးခဲ့တဲ့ ယုတ်မာမှု၊
မင်းသင်ပေးခဲ့တဲ့အတွေ့အကြုံ ၊
မင်းသင်ပေးခဲ့တဲ့ မိတ်ဆွေအတု၊
မင်းသင်ပေးခဲ့တဲ့ ကြံခိုင်မှုတွေ အတွက်ကျေးဇူးတင်ပါတယ်။
ဝမ်းနည်းစွာဖြင့် ငါမင်းဆီ နောက်တကြိမ်ပြန်မလာတော့ဘူးဆိုတာ ထပ်ပြောပါရစေ။
နှုတ်ဆက်ခဲ့ပါတယ် အာလူးမှော်။
သက်ဇော်ငိုမိပြန်ပြီ။ သက်ဇော် အငိုလွယ်သူလေလား။
ဟုတ်ပါသည် သက်ဇော်မျက်ရည်လွယ်သူတစ်ယောက်ပါ။
တခါတလေမွန်းကျပ်လွန်းသောစိတ်တွေ ဒေါသတွေအတွက် ငိုခြင်းက အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်မည်။
ဆက်ရန်
ဇတ်သိမ်းချင်ပါသော်လည်း စာရှည်မည်စိုးသောကြောင့် ခွဲထားပါသည်။
စာရှည်သောကြောင့်
ပုံသိပ်မသုံးတော့ပါ
လေးစားစွာဖြင့်
That Ko Zaw
Image from google
good
ကျေးဇူးညီမငယ်
How rough your life!
I really respect you for your never give up and always forward mind. I'm now exactly known why you are strong man. Your life made you strong.
You writing skill is really cool.
Fighting bro.
Wana read next post.
ကျေးဇူးပါအစ်ကို
ကြိုးစားပါဦးမယ်
အစ်ကို့အားပေးစကားတွေကတစ်ခွန်းဆိုတစ်ခွန်း အားတတ်စရာအရမ်းကောင်းတယ် အစ်ကို
ကျွှန်တော်နားမလည်ဘူး, ကျင်းသား အားလုံး ခွဲဝေယူကြရတာ မဟုတ်ဘူးလား..?ကိုယ်စာလှယ်ကကော ဘာဖြစ်လို့ မဖြတ်ချင်ရတာလည်း, ကျန်တဲ့ ကျင်းသားတွေကော... ?
ကြောက်ရလို့ပါအစ်ကို
သူတို့မဖြတ်ချငိလို့ တစ်ခုခုလုပ်ရင် ခံရမှာကြောက်လို့။
ကြောက်ခိုးပါတယ်ဆိုပြီး သွားတိုင်ရင် အသေနိပ်စက်ခံရတာ။
ခံရင်ကျနော်ပဲခံပေါ့။ လူမိုက်ငှါးသွားတာ။
ကိုယ်စားလှယ်က ကျောက်ဖြတ်ပြီးရင်ပြန်မှာစိုးလို့ မဖြတ်တာပါ။
ပြီး သူတို့က အစီစဉ်တွေထားပြီးသား။
ဆိုလိုချင်တာက ကျောက်ကို သူဌေးတွေကပဲ သွားပြီး ဈေဖြတ်ကြတာပေါ့။ ကျင်းသမားအားလုံး လူညီ ပြီ သွား ဈေးဖြတ်ထားရင် သူဌေးကို ဘယ်လောက်တန်တယ်ဆိုတဲ့ ကျောက်ရထားတယ် .. အဲလို ပြောလို့ ရတာပဲလေ... ကျန်တဲ့ ကျင်းသမားတွေက ပါလို့ ငြိမ်နေရတာလဲ.. မှန်တာပေါ့ တယောက်တည်း ယူသွားပြီ ဈေးဖြတ်ရင် ကျောက်ခိုးတယ် ဖြစ်မှာကိုး... သိန်း ၉၀၀ တန်တဲ့ ကျောက်... နောက် ကို ဇော်ပြန်သွားတော့ကော အဲကျင်းသမား တွေ ဝေစု ဘယ်လောက်ရတယ် ကြားသေးတုန်း။
စာရှည်သွားမှာစိုးလို့ နောက်တစ် post မှာ ပြန်လှန်မ့
ကျနော်မရှိချိန်မှ သူတို့လုပ်သွားတာတွေ အများကြီး
နောက်မှသိရတာ
ဈေးက 100နဲ့ပဲဖြတ်သွားတာပါ
နှစ်ယောက်လောက်ပဲ ပိုရသွားတယ်
20 လောက်ရတယ်
ကျနော်က 5ပဲရတာပါ
ကိုယ်စားလှယ်ကော ကျင်းခေါင်းကော နောက်တစ်ယောက် ပေါင်းညစ်တာ
အားလုံးကလဲ တစ်ယောက်လျော့နည်းလားပေါ့
ကောင်းမှကောင်း ဘ၀ဆိုတာ တိုက်ပွဲလို့ဆိုကြတာပဲ တိုက်ရပေမပေါ့ဗျာ ငိုတခါ ရီတလှည့်ပေါ့ဗျာ
ဒါပဲလေ bro
Very good bro!
ရေးတတ်သလောက်လေး ရေးရတာပါ
ဒီတကျင်းမရရင်နောက်တကျင်း
နောက်တကျင်းမရရင်နောက်ထပ်တကျင်း
ဇွဲမလျော့ပါလေ
good
ကျေးဇူး
Great story with awesome writing skill...
ကျေးဇူးပါ
ကြိုက်တယ်ဗျာ ရေရေလည်လည်ကိုကြိုက်တာ
ကောင်းသမှ အလွန်ကောင်းဗျာ ဘယ်လိုပြောရမှန်ကိုမသိဘူး ကွီးသက်သာ စာရေးဆရာလုပ်ရင် အရန်းအောင်မြင်မှာ
သူ့စကားငှါးသုံးရရင်
ခေါင်းပေါက်ရင် ရှင်ပဲနော် ကိုဒို
ကြောက်ပီဗျာ