Jade miner That Zaw (Original story by That Ko Zaw)
"အစ်ကို တကယ်ပဲလားဗျာ။ ကျနော်အိမ်ပြန်ရပြီပေါ့။"
သက်ဇော် မယုံကြည်နိုင်စရာကြောင့်မေးမိသည်။
ဤမျှလောက် ပျော်ရွင်စရာကောင်းမည်ကို သက်ဇော်မယုံနိုင်သေး။
"ဟုတ်တယ်ညီလေး တစ်ထောင်အနည်းဆုံးပဲ။ မင်းအိမ်ကို ငွေထုတ်ပိုက်ပြန်ဖို့သာတွေးထား။"
ကျနော့နားကျနော်မယုံချင်။
ဇတ်ကားတွေထဲကလိုပေါ့။ ဆိပ်ကြည့် လေတဲ့ မဆိပ်ရဲသးပါ။ အိပ်မက်မဟုတ်တာတော့သေချာသွားပြီ။အိပ်မက်တွေက ခဏခဏမက်ခဲ့ရတာကိုး။
အများအားဖြင့် အိမ်ပြန်ရသည်ဆိုသော အိပ်မက်သည်မက်နေကျ အိပ်မက်တစ်ခု ဆိုတော့ ကျနော် သိသိကြီးနဲ့ မယုံရဲတာက ဖြစ်သင့်တဲ့အနေထားမှာကိုး။ တော်ကြာ နိုးသွားမှာစိုးသည်။ သြော်အိပ်မက်ပါလားဆိုသော
ထိုခံစားမှုသည် ကြောက်လန့်ဖွယ်ရာဆိုတာ ကြုံဘူးသူတိုင်းသိကြပေမည်။
"ကဲကဲ သက်ဇော် ရွှေသိမ်းပြီး ရေသွားချိုးတော့ကွာ
မီးဖုတ်ပြီးလုံးထား ချိန်ဖို့မမေ့နဲ့နော်။ စာရေးပြီး ငါ့သေတ္တာထဲထည့်ထား လုံးခင်းသွားလိုက်ဦးမယ် သော့သေချာသိမ်းထားနော်။"
ကိုယ်စားလှယ်ကပြောရင်းထွက်သွားသည်။
"ဟုတ်ကဲ့။အစ်ကို။"
ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်ရင် နောက်လိုက်ကောင်း တစ်ယောက်ဖြစ်ဖို့က သက်ဇော်ရဲ့ စည်းကမ်းပဲ။ သက်ဇော် နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားခဲ့၍ အချိန်တိုအတွင်း နေရာရလာခဲ့သည်။ရို ကြိုှးု ဆိုသော အဓိပ္ပါယ်ကို သက်ဇော်ကောင်းကောင်းအသုံးချတတ်ပါသည်။
အခြေနေကောင်းကြောင့် အားလုံးပျော်ရွင်နေကြအချိန်တွင် သက်ဇော် ရေချိုးရန် ဥတုချောင်းသို့ တစ်ယောက်ထဲထွက်လာခဲ့်သည်။
၁၅မိနစ်ခန့် လမ်းလျောက်ရပေမယ့် ရွံရေတွေနဲ့ရေချိုးရခြင်းထက်တော့ လမ်းလျာက်ပြီး ဥတုချောင်းတွင်ချိုးရသည်က အဆပေါင်းများစွာ သာပေသည်။
Images from google
Images from google
အေးဆေးပျော်ရွင်နေသောစိတ်ဓာတ်ဖြင့် လေလေးတချွန်ချွန် ဖြင့်ထွက်လာခဲ့ပေသည်။
တကယ်တန်းလေချွန်သည်ဆိုသော်ကား မချွန်တတ်သဖြင့် ရွီးရွီးမမြည်ပဲ ရှီးရှီးဟုသာမြည်သည်။ ပြသာနာမရှိချေ အိမ်ပြန်ရတော့မည်ကော။
ဥတုချောင်းရောက်တော့ ရေမချိုးခင်ထိုင်၍ ဖားကန့်ရောက်ရှိလာသော သက်ဇော်ဘဝအကြောင်းကို သက်ဇော်ပြန်စဉ်းစားမိသည်။
"မောင် ဘယ်လောက်ကြာမှာလဲ "
နှင်းသက်ပြင်းရှည်ကြီးချကာမေးလိုက်သည်။
"မသိသေးဘူးနှင်းရယ် ဘာပဲဖြစ်ဖြစ်မောင်သွားရမှာပဲ။ ကျောက်တူးခွင့်ရရင် တူးတာပေါ့။ ဘာလုပ်ရမှန်းမသိသေးဘူး။ မနီးရဲသေးသ၍ ဝေးနေရတာ ပိုကောင်းပါတယ် နှင်းရယ်။ ပြန်လာရင်သာ မင်္ဂလာဆောင်ဖို့ပြင်ထား မောင်ကြိုးစားမယ်နော်။"
"ဟုတ်ပါပြီလေ မောင်မမေ့ဖို့သာ ကတိပေးပါ။ နှင်း သေချာပေါက်စောင့်နေပါ့မယ်။"
"အင်းပါနှင်းရယ် မောင်ဟိုရောက်လို့ အလုပ်အကိုင်အဆင်ပြေတာနဲ့ နှင်းလိုချင်တဲ့ ဂီတာ ဝယ်ဖို့ ပိုက်ဆံပြန်လွဲပေးလိုက်မယ်နော်။ ပြန်လာရင်သာ နှင်းမောင့်ကို ဂီတာတီးပြ မောင်ကသီချင်းဆိုမယ်။ ဟုတ်ပီလား။"
ရင်ခွင်ထဲကနှင်းကတော့မသိ သက်ဇော်တော့ ခွဲခွာရတော့မှာမို့ လွတ်ထွက်မသွားအောင် ဖတ်ထားမိသည်။
Images from google
ဘာလိုလိုနဲ့ သက်ဇော် လုံးခင်းရောက်တာ တနှစ်ပြည့်တော့မည်။
အစက ကျောက်တူးရန်လာခြင်းမဟုတ်ခဲ့။
လုံးခင်းဂေါက်ကွင်းတွင် ဦးလေးလုပ်သူမှ အလုပ်လုပ်ရန် ရည်ရွယ်ရင်းစွဲကြောင့်လာခဲ့ခြင်းဖြစ်သည်။ အားသောအချိန်တွင်မှ ရေမဆေးရှာရန်အပြင် အဖော်ဖြစ်ခေါ်လိုက်ခြင်းဖြစ်ပေသည်။
ငယ်ရွယ်သည်က တစ်ကြောင်း သံတိုင်တချက်ကြောင့် ဘဝပြောင်းခဲ့ရသော ပုံပြင်များကြားဖူးပြီး သက်ဇော်ဘုမသိဘမသိ တတ်လာခဲ့ချေသည်။
လမ်းစရိတ်ဆိုသော ငွေသည် ထိုအရောက် ကွက်တိ ။
သက်ဇော် အထင်နှင့်အမြင်လွဲချေပြီ။ သက်ဇော် လူငယ်ပီပီ လုပ်ချင်သည်က စွန့်စွန့်စားစား။
သက်ဇော်လုပ်ရသည်က
"မင်းဆရာမရှိသေးရင် ရိက္ခာထောက်အနေနဲ့ ဂေါက်သီးကောက်ရမယ်။
Beginner တွေ ရိုက်တာလိုက်ကောက်ပြီး သူတတ်လာတာနဲ့ ဆရာနားကပ်ထား။ တစ်ရက် ပေးသလောက်ယူ အနည်းဆုံးတော့ 3000ရတယ်။ "
ကွင်းမန်နေဂျာ ပြောချေပြီ။
"ဟုတ်အစ်ကို။ ကျနော် ကောက်ပါ့မယ်။"
Beginner ဆိုသည်မှာ ယခုမှ ဂေါက်စရိုက်သော သူဌေးကိုဆိုလိုခြင်းဖြစ်သည်။ ထိုသို့သော beginner များသည် ပုံစံကျစေရန် အတင်းလုပ်ယူပြီးရိုက်ရသဖြင့် ဘယ်ရိုက်ပါက ညာရောက်ပြီး ညာချိန်ရိုက်ပါက ဘယ်သို့ရောက်သော ဂေါက်သီးများအား
သက်ဇော် မပျောက် စေရန် ကြိုးစား လိုက်ကောက်ရခြင်းသည် သက်ဇော် ပထမဦးဆုံးသောအလုပ်။
ထို တိမ်ဖြူဖြူများကြားမှ ဝှီးခနဲ လာသော ဂေါက်သီးသည် မရှောင်နိုင်ပါက ဘာဖြစ်မလဲ သက်ဇော် သိသော်လည်း အဓိက ထမင်းစားဖို့ အလုပ်လိုတာ သက်ဇော်ပိုသိသည်။ အဘယ်ကြောင့်ဆိုသော် မန်းလေးအိမ်ဘေးမှ အစ်မကြီးသည် ဂေါက်သီးမှန်ပြီး ကြောင်နေသောအကြောင်းကို သက်ဇော်သိသော်လည်း မပြေးသော်လည်းကံရာရှိ
သက်ဇော် ဘောင်းဘီတိုလေးဖြင့် ပြေးလွားကာ
တိမ်တိုက်နှင့် ထိုအဖြူလုံးလေး ကွဲအောင်ကြည့်ရခြင်းကို သက်ဇော် ဘဝ ဟုသက်မှတ်ကာ လုပ်ခဲ့ရသည်။
"ဟိုကောင်လေး ဖိနပ်နဲ့ ခြေအိပ်ဆေးထား ပေနေပြီ။"
ကျနော် ကြောင်တောင်တောင် ပြူးကြည့်နေသည်ကို ဘေးမှ ဦးလေးသူငယ်ချင်းမှ
"သက်ဇော် ဟုတ်ကဲ့လို့ပြောလိုက်လေကွာ။"
"ဟု ...
ဟုတ်... ကဲ့။ ဆရာ"
အဲ့လောက်တောင်ကြီးလား။ သက်ဇော်ရေ မတတ်နိုင်ဘူး။ မင်းမြင်လား ဟိုကောင်မလေးတွေဆို မြတ်သီးခွာပေးပြီးဘေးမှာ ပွတ်သီကပ်သီထိုင်နေရတာ။ သူတို့နဲ့ ရတဲ့ပမာဏချင်းမတူပေမယ့် မင်းကျရာနေရာထမ်းရမှာပဲ။ အားတင်းထား အားတင်းထား။ သက်ဇော် ကိုယ့်ကိုယ်ကို အားပေးမိတယ်။
ဒီနေ့ အဆင်မပြေတာ အရမ်းပဲ။ ထုံးစံအရ နှစ်နာရီခန့်သာ ရိုက်ကြတော့လဲ beginner ဆိုသည်က မသိတာများသဖြင့် နေ့လည် 2နာရီခန့်မှ5 နာရီထိုးချေပြီ။ အမှန်တိုင်းဝန်ခံရရင် ဒါလောက်ကြာအောင် သက်ဇော် ပတ်ပြေးနေရတာ ခြေကုန်လက်ပန်းကြနေပြီလေ။ ခြေထောက်တွေလဲ နာနေပြီကော။ ယောက်ျားပဲ ဝက်ဖြစ်မှတော့ေ-ျးစားရမှာကြောက်မနဲ့သက်ဇော် အားတင်းပြေးကောက်စမ်း။
မှောင်တော့မည်။ ညနေနဲနဲ နေစောင်းတာ နဲ့ ဂေါက်သီးသည် တိမ်ကြားတွင် ပိုပျောက်နေတတ်သည်။ အများအားဖြင့် မြင်ရဖို့ ပိုပိုခက်လာသည်။ ထိုအချိန်တွင် driver တုတ်ဖြင့် ရိုက်ပါက ကောက်ရဲဖို့မလွယ်။ driver သည် အသစ်တစ်ယောက်တောင် ကိုက် 150တော့ အနည်းဆုံးပြေးသည်ကော။ မှန်ပါက သေပြီ။ သို့သော် သူဌေးသည် သူဌေးပဲလေ။ ဘယ်သူက ဘာပြောရဲမှာလဲ။
သူရိုက်ချင်နဲ့နဲ့ရိုက်မှာပဲလေ။ ပိုက်ဆံပေးခိုင်းသည်ကိုး။
ကားတစ်စီး ဂေါက်ကွင်းထဲဝင်လာသည်။ ဘောစိ သေူငယ်ချင်းတွေ လာခေါ်သည်ထင်ပ။ ပြီးတော့မယ်ထင်သည်။
ဟဟနေပါဦး ဂေါက်တံတွေဆွဲယူကုန်ပြီ။ ဟာ သုံးယောက်တောင်ရိုက်ကြမှာ။ သေပြီဆရာ။ သက်ဇော် နည်းနည်ဝေးဝေး နောက်ဆုတ်လိုက်သည်။
အသေတော့မခံ ပျောက်ပလေ့စေ။ သို့သော် ဂေါက်သီးကုန်တိုင်း ပြန်လာပေးရသည်ဆိုတော့ကာ။ မကောက်လို့မရ။ အရုပ်လေးတစ်ရုပ်လို ခဲနဲ့ဝိုင်းပေါက်ပြီး အဟားခံ သတ္တဝါ တစ်ကောင်အဖြစ်။
နေနှင့်ဦးပေါ့ကွာ။
စိတ်ရှိလက်ရှိ ရိုက်ပြီးသော် ပစ္စည်းရှင် လူတန်းစားများ နားကာ ဘီယာသောက်ချေပြီ။ သက်ဇော် ဂေါက်သီးအလုံးရေပြည့်ရန် လိုက်ရှာနေရဆဲ။ မှောင်ချေပြီကော။ ဒေါသ မျက်ရည်သည် သူ့အလိုလိုကျလာချေပြီ။ ဝမ်းနည်းခြင်းတွေ ရောနှောနေလို့နေမည်ထင်ပါသည်။ သို့သော် သက်ဇော်လက်မခံချင်၍ သုတ်လိုက်ပါသည်။ ကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက် အဖြစ်ခံယူထားသည် မွေးဖွားလာသည်မဟုတ်ပါလော။
ခြေထောက် ထော့နဲ့နဲ့ နဲ့ ပြန်လာသော သက်ဇော်ကို
ရော့ ဟိုကောင်
ဆိုပြီး ပိုက်ဆံ သုံးထောင်ထိုးပေးပြီ။
ခေါင်းငုံ့ယူရန်မှအပ ရွေးစရာမရှိ။ မတန်ဘူး ထင်သော်ကား ပြောရန် အခွင့်မရှိ။
သို့သော်
"ကျနော် ဆရာနဲ့ နောက်မလုပ်တော့ပါဘူး"
သက်ဇော် ပြောချင်တာနဲ့ ပြောသင့်တာ လွဲချေပြီ။
ကြိုတင်ရည်ရွယ်ထားခြင်းမရှိပဲ လွတ်ခနဲ ထွတ်သွားပြီ။ ဒေါသကြောင့်ထင်။
"မင်းဘာကောင်တုန်း ဟေ့ကောင် မင်း မန်နေဂျာဘယ်မှာလဲ မင်းကများကွာ ဘယ်အဆင့်မို့ ငါ့ပြန်ပြောနေတာလဲ။"
ရင်ဘတ်မှ အင်္ကျီစကို ဆုတ်ကိုင်ရင်း သူဌေး ထိုးရန်ဟန်ပြင်လိုက်သည်။
သက်ဇော်ဘာမှ ထပ်ပြီး မပြောမိတော့။ လွတ်ကနဲ ထွက်သွားမိတဲ့ စကားကလွဲလို့ သက်ဇော်မှာ ပြောစရာမရှိ။ မှန်သည်ဟု ထင်သောကြောင့်လည်း ပြန်မရုပ်သိမ်းနိုင်။ အံကြိတ်ပြီးသာ ကြည့်နေမိသည်။
"မင်းကလဲကွာ ကလေးနဲ့ဖက်ပြီး လာလာ ဘာမှမဟုတ်တာ။ သူစိတ်ဆိုးမယ်ဆိုတော့လဲဟုတ်တာပဲ။ မင်းတို့ငါတို့ ရိုက်တာကောက်ရတာနဲ့ ဟိုမှာ ခြေထောက်တောင် ထော့နဲ့နဲ့ ဖြစ်နေပြီ။ ပေးတော့ 3000ပဲဥစ္စာ။"
နောက်ထပ် ကားဖြင့်ထပ်ရောက်လာသော သဌေးမှဝင်ဆွဲသွားသည်။
"မန်နေဂျာ လာဟေ့ သူ့အလုပ်ထုတ်ပေးကွာ။ အဲ့ဒါဆို ငါကျေနပ်တယ်။"
Images from google
သက်ဇော်ရေ ပန့်လာကိုင်ကွာ။ ငါခဏ အပေါ်တတ်လိုက်ဦးမယ်။ ရှမ်းလေး မှုံ ကိုင်ပေးလိုက်။ နောက် နာရီဝက်လောက်ဆို တတ်ခဲ့တော့ ထမင်းစားမယ်။
မှုံကျင်း ကျင်းသားဘဝက နေပူပူ မိုးရွာရွာ ရေစိုစိုနဲ့ပဲပေါ့။ မျှော်လင့်ချက်တွေ အပြည့်နဲ့ သံတိုင်ကိုင်ရတာကြောင့် ပင်ပန်းသည်ကို ပင်ပန်းသည်မမြင်။
ကျောက်ရလာရင် အိပ်ယာလိပ် ပိုက်ပြီး လာသော လုပ်အားသာစိုက်သော သက်ဇော်တို့ ကျင်းသားတွေက လေးပုံပုံ တစ်ပုံရသည်။ ဥပမာ သိန်းတစ်ထောင်ဆိုလျှင် 250ပေါ့။ ကျင်းသားဆယ်ယောက်ရှိရင် တစ်ယောက် 25သိန်း။ ဂီတာတစ်လက် မန်းလေးပြန်ရင် ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်စရိတ်။ အေးဆေးရသည်။ နောက်ဆုံးသက်ဇော် မန်းလေးတွင် စာစီစာရိုက်လုပ်ခဲ့သည်မှာတောင် 25000ခန့်သာ ရခဲ့သည်။ ဘာပဲပြောပြော မျှော်လင့်ချက်နဲ့ နေရင်း သက်ဇော် လချီ တောထဲမှာနေ နေသည်။ ဂေါက်ကွင်းမှ အလုပ်ထုတ်ခံရပြီး မနေရသဖြင့် ထိုရပ်ကွက်မှ ရပ်ကွက် လူကြီးသည် သက်ဇော်ကို မှုံကျင်းတွင် အလုပ်လုပ်ရန် ခေါ်ခဲ့ပြီး သက်ဇော် ထိုကျင်းတွင် မိသားစုလိုပဲ နေမိသည်။ လုံးခင်းမှ လမ်းလျောက်ပါက နေ့တဝက်လောက် လျောက်ရသော ကန်ဆီး အာလူးမှော်တွင်ဖြစ်သည်။ အလင်းဝင် အဖွဲ့တစ်ဖွဲ့၏ စခန်းမှတဆင့် ဝါးတံတားလေးတွင် အစစ်ဆေးခံပြီး ဥတုချောင်းကိုဖြတ်သွားရသည်။ ပြောရရင် ဟိုဘက်နယ်မြေတွင်ဖြစ်သည်။
အရင်ရောက်သူများပြောတာက ယခင်က ဒီဘက်လာရင် ရန်သူနှင့်ဆက်သွယ်မှု ပုဒ်မ ဆိုလား ရှိတယ်တဲ့မသွားရဘူးတဲ့ ခုတော့ မရှိတော့ပါဘူးတဲ့။
ဂေါက်ကွင်းမှ
အလုပ်ထုတ်ခံရခြင်းမတိုင်ခင်က ဘိန်းစားများ သက်ဇော် အခန်းဖောက်သွားသဖြင့် အိပ်ယာလိပ်တစ်ခုနှင့် ရေမဆေးရှာသောကျင်းဝတ်ကျင်းစားသာ သက်ဇော်ရှိတော့သည်။ မှတ်ပုံတင်လဲမရှိတော့။ သို့သော် အဆင်ပြေပါသည်။ သက်ဇော် မျှော်လင့်ချက် တစ်ခုရှိနေလေပြီ။ အားတင်းကာ ကြိုးစားမှု့ကြောင့် သက်ဇော် မှုံကျင်းသဘောတရားအားလုံး သိလာပြီ။ မှုံကိုင် ပန့်ကိုင် ထမင်းချက် အားလုံး သက်ဇော် တတ်ချေပြီ။ နေရာစံရသော သက်ဇော်ကို ခေါ်လာသော ကိုယ်စားလှယ်ကလဲချစ်သည်။ ခိုင်းသမျှမညိုမငြင် လုပ်ပေးသောကြောင့် သက်ဇော်ခန္ဓာကိုယ်လဲ ထွားကြိုင်းလာချေပြီ။
ထမ်းမလားဟေ့ ထမ်းမယ်ဟေ့။ သက်ဇော် ပေါ့။
Images from google
တစ်ကျင်းပြီးပြီ အထက်မှော် သဘောတရားကြောင့် အသားမရတာတွေချည်းသာရသည်။ ကျောက်ကြောမြင့်သောကြောင့် ရွှေပါသည်။ သုံးရက်တစ်ခါဆေး တစ်သောင်းခန့်တော့ရသည်။ ရွာသို့မသွားဖြစ်။ အင်္ကျီ မရှိချေ။ ခဏခဏ ငှါးဝတ်ရတာ သက်ဇော် အားနာလာပြီ။ ရှိသော အင်္ကျီ များမှာ ပုခုံးတွေ ပေါက်နေပြီ။ ဝတ်စရာလဲမလို တဲနဲ့ ကျင်းသာလျှင်။ လက်သည်လဲ ဘယ်လောက်ဆေးဆေးမပြောင်သောကြောင့် ဇွန်းနဲ့သာစားရသည်။
ဖိနပ်သည်လည်း ပွိုင့် ဖိနပ်သာ စီးသည်။ တကျင်းပြီးသွားသော်လည်း သက်ဇော်ဘယ်လောက်မှမစုမိ။
ဟိုရက်က အမေ လုံးခင်းအမေရောက်လာတုန်း သွားမတွေ့နိုင်ပေသည့် လူကြုံနဲ့ 160000 ထည့်ပေးလိုက်ရတော့ တွေးမိတိုင်း ကြည်နူးဖြစ်သည်။ ကျနော်မပြန်နိုင်သေးဘူး အမေ။ သွားတော့မတွေ့ဖြစ် လုံးခင်းကိုစိတ်နာသည်။ ထိုလူကြုံပြန်လာတော့ မန်းလေးမှသူငယ်ချင်း လုံးခင်းစရောက်ရောက်ခြင်း ပြန်ဆုံသော၊ ဆေးတွေလုံးဝ မလုပ်နဲ့နော် စိတ်ဓာတ်ဘယ်လောက်ကျကျ သွားမစမ်းနဲ့ပြောသောသူငယ်ချင်း ခြုံထဲတွင် သေပြီဟုကြားရသည်။ စိတ်မကောင်း။
ဆွဲဆောင်မှုကောင်းလှသော မှုးယစ်ဆေးပါလား။
နှစ်ယောက်ရှိပြီ အာလူးမှော်တွင် တွေ့သော မန်းလေးသား ဟူသည့် သူငယ်ချင်းမှာ ငှက်ဖျားကြောင့်သေလေသည်။ နေ့မြင်ညပျောက်ပါပဲ။
သူ့ကျင်းမှ ကျင်းသားများက သူ့အင်္ကျီတွေ တုတ်နဲ့ထိုးပြီး ပစ်ထားသဖြင့် သက်ဇော် အမှတ်တရ နှစ်ထည် ယူဝတ်ခဲ့သည်။ မှတ်မှတ်ရရ True တံဆိပ်။ သူလဲပေးချင်မှာပါ သက်ဇော်ကို။ ကိုယ့်ဖာသာတွေးလိုက်သည် မန်းလေးသားချင်းကိုး။
Images from google
နှစ်ကျင်းပြီးသွားပြီ။ အခြေနေက အရင်လိုမဟုတ်တော့။ ကျောက်ကြောသည် ထူးဆန်းလေစွ ကပ်လျက်တွင်းတွင် လက်တဖောင်ထိအောင် ကျောက်ကြောရှိ၍ ကျောက်မရသေးပေမယ့် ရွှေလေးခွဲစားရသေးသည်။ ယခုနောက်တစ်ကျင်းသည်က ဒူးလောက်တောင် မရှိ။ ကျောက်ကြောနဲ့ညီစွာ သက်ဇော်တို့ မျှော်လင့်ချက်သည်က ဖြေးဖြေးချင်း လျော့လာလေချေပြီ။
မိုးကျတော့မယ် မြေသားချည်းဖြစ်သောကြောင့် အားတင်းထိုးသဖြင့် သုံးရက်နှင့်တကျင်းပြီးချေပြီ ဘာမှမရ။ မိုးရာသီဆို ကျင်းသိမ်းတော့မည်။ ကြားထဲ ဘယ်သွားနေပြီး ဘယ်သွားစားကြမလဲ။ ရှိသမျှလေးလဲ ကုန်ချေပြီ ကြွေးတွေသာရှိသည်။ နောက်တကျင်းအမြန်တူးချင်သော်လည်း အပေါ်ရံ မြေသားကို လူအားနဲ့မလုပ်ပဲ ဘက်ဖိုးဖြင့် တူးမည်ပြောသည်။ စောင့်ရင်း ရေမနူးတော့သဖြင့် လက်မှ ခဲရှသော ဒဏ်ရာတို့ပြောက်ပြီ။ ခြေထောက်မှဆူး ဒဏ်ရာတို့ပြောက်ချေပြီ။
"လောပန်းကပြောတယ်ဟေ့။ ဘက်ဖိုးငှါးမရရင် ကျင်းသိမ်းမယ်တဲ့။ မိုးကုန်မှပြန်စမယ်ပြောတယ်။"
ခက်ပြီကော။ ကြားထဲ ဘယ်လိုလုပ်ရမလဲမသိ။ အားလုံး မျက်နှာမကောင်းကျ။ သက်ဇော်အဆိုးဆုံးပေါ့ သွားစရာမြေမရှိ။ ရည်ရွယ်ထားသည်က ဘယ်သူမှကျင်းသားမမွေးရင် လဘ္ကရည်ဆိုင်တစ်ခုလောက် သွားနေမည်။ အိမ်တော့မပြန်ချင်။ ဂီတာတလက်တောင်မဝယ်နိုင်။ ဘယ်ဆီများရောက်နေပြီနှင်းရယ်။
တာရာမင်းဝေကဗျာထဲကလို
သူငယ်ချင်းတွေနဲ့ ပန်းတွေခူးရင်း
စကားတွေပြောရင်း ငါ့ကို မေ့သွားပါစေ။
ငါက ကတိမတည်နေကျကောင်ပါကွာ။
ဆက်ရန်တွေများသလို
ကျနော်လဲ ဆက်ရန်လုပ်ဦးမယ်ဗျာ ရေးစရာတွေက အများကြီးကျန်သေးတယ်
အမြန်မကျော်ချင်ဘူး။
That Ko Zaw
Images from google
ဥရုချောင်းဆိုတော့ အဝတ်ဖြူအောင် ကျောက်တုံးနဲ့ နာနာရိုက်လျှော်ရမှာပဲ၊
ဝတ္ထု ပုံစံရေး မယ်ဆိုရင် စာပုံစံနဲ့ရေးပါ၊ တိုက်ရိုက်စားနဲ့ ဇာတ်ကြောင်း ပြောပြသူစကား ရောထွေးသွားမှာစိုးလို့ပါ။ အခု သားရေးတဲ့ပုံစံမျိုးကိုနှစ်သက်ရင် ဆရာဆွေလှိုင်ဦး ရဲ့ စာအုပ်မဟောင်းတွေရှာဖတ်ပါ။ စိတ်ကူးကောင်းတွေရှိနေပြီ၊ ကုန်ကြမ်းပေါတယ်၊ ကော်ပတ်၊ အရောင်တင်ဆီ လိုတယ်၊ နောက်တစ်ချက်က ပရုအရင်ထုတ်ပြီးမှ Post တင်ပါ၊ စာအုပ်ရိုက်တာမဟုတ်တော့ ပရု ဆိုတာနားလည်မှာမဟုတ်ဘူး၊ စာကြမ်း ကိုအရင်ဆက်တင်ချခိုင်းတာပါ။ နောက်ထပ်ဆက်ရန်ရှိရင် အဆုံးသပ်မှာ အတွေးစတွေထားခဲ့ပါ။ ဆရာကြီးတွေမို့ အပြစ်ရှာရတာခက်တယ်။ ဒါပေမယ့် ကိုယ့်လူရင်းတွေကို နောက်ပိုင်းမှာ ပယ်ပယ်နယ်နယ် အချက်အလက်နဲ့ ဝေဖန်ပေးမယ်။ခုတော့ဒါလောက်ပဲပေါ့နော။
ရှယ်ပဲဆြာရေ...
ကျေးဇူးဆရာ
ဆရာဆွေလှိုင်ဦး မဖတ်ဖူးသေး
ဆရာ.... ကိုယ့်ဆရာအရေးအသားက printed media အရေးအသား နော်... ပါပဲဖြစ်ဖြစ် တိုက် တ ခုခုကိုတော့ ပို့ကြည့်သင့်တယ်
ဟုတ်တယ် အစ်ကို ဟင်နရီပြောသလိုလုပ်လိုက်တော့ ကိုသက်
အားရှိလိုက်တာ အဲ့လောက်တော့ မဝံသေးပါဘူးအစ်ကိုရယ်
ဟုတ်တယ် ကိုသက်ရေ ဘယ်လောက်အခန်းဆက်တွေများများ ဆက်ဖက်ချင်နေတုန်းပဲ အားကျတယ်
နို့... နေပါအုန်းဆြာ။
တခုလောက်မေ်းချင်းလို့ တခုတည်းတခုည်း။
"ကျော် တီးပေးရင်ရော် ဆိုမှာလားဟင်"😂
ဆိုမယ်ဗျာ
Love react နှင့် Woo react ရှာသည် မတွေ့  ။ သတိထာကြည့်မိမှ ကျတော် fb ပေါ်မှာ ဖတ်နေခြင်း မဟုတ် ကြောင်း သိတော့သည်။ ကိုသက် ဇာတ် လမ်းသည် ကျတော့်ကို ဆွဲခေါ်သွား၏။ကြမ်းလိုက်တဲ့ ဘဝဗျ။ ရုန်းကန် ရမယ် ဆိုတဲ့ စိတ်ဓာတ် ကတော့ အလွန် လေးစားဖို့ ကောင်းသည်။
မဝင့်မရဲ အကြံပေးလိုသည်။ အမှန်ဆို ဂေါက်သီးကွင်းပတ် ဘဝကို တခု၊ကျောက်သမား ဘဝကို တခု လုပ်သင့်သည်။
နောက် တခေါက် ထပ် ဖတ် ပါဦးမည်။
ကျေးဇူးပါဆရာ ကျနော်လည်း အရမ်းသိပ်မချဲ့ချင်လို့ ကံကောင်းလို့ပြန်ရောက်လာနေရာ ရောက်ချင်ပြီလေ
good bro
Thank bro
အမလိန်းကွီးသက် ကွီးသက် အဲ့လောက်ကြီးကြိုးစား လုပ်ခဲ့တာလားဗျာ ဖတ်လို့လဲ တစ်ကယ်ကောင်း အရန်းကောင်း ကွီးသက် ဘဝကိုလည်း အရန်းပေါ်လွင်တယ် ကြွေပြီဗျာ
အဟဲ မျက်ရည်ချူတာပါ
အချိန်မရလို့ တော်တော့တယ်ကိုသက် ရေ။ အရေးကောင်းပါ့။
ရတဲ့အချိန်လေး ကောက်ရေးရတာပါဗျာ လိုအပ်ချက်တွေများသေးတယ်
good
ကြေကွဲမိပါတယ် နှင်းရေ
နောက်ဆုံးမှပြောမလို့ ပြန်လာ တော့ လေ
အဲ့နှင်းက. ....
စာရေးဆရာလားအောက်မေ့ရတယ်
အလဲ့ ဆာကအဲ့လိုထင်တော့ ပျော်ပီလေ
This post has been ranked within the top 80 most undervalued posts in the first half of Aug 16. We estimate that this post is undervalued by $12.16 as compared to a scenario in which every voter had an equal say.
See the full rankings and details in The Daily Tribune: Aug 16 - Part I. You can also read about some of our methodology, data analysis and technical details in our initial post.
If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.